ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏
ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-
မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေးအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။မိဘပြည်သူများခင်ဗျား-ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု များနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ် အေးချမ်း သွားအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါ ကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှု အတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက် ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့ တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။
ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက် လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ် ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။မိဘပြည်သူများခင်ဗျား-လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့် ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန0x081တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေ နိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြ စေချင်ပါတယ်။ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။
ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့ သူများ အတွက်လည်း တရားမျှတမှု ရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထား ကြီးကြီး ထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။မိဘပြည်သူများခင်ဗျား-ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်း ရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 10 June 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
June
(849)
- ချစ်သူမောင်အတွက် မေ့ရဲ့ချစ်သဝဏ်လွှာ
- ကောင်မလေးတယောက်ရွေးသင်.တဲ.ချစ်သူ...ဆိုတာ
- ဟာသကမ္ဘာ
- နှလုံးသွေး နှင့် ရေးတဲ့ဒိုင်ယာရီ
- ..မတူညီတဲ့....နင်နဲ့ငါ
- အချစ်၏ သိက္ခာပုဒ်(၁၀) ချက်
- မိန်းကလေးတစ်ယောက်ကိုချစ်မိရင်
- ♫♪♫ နွေဦး ရဲ့လွမ်းသံစဉ် ♪♫♪
- ချစ်သူအတွက်ပါ
- နှလုံးသားစေရာ....
- ဟာသလေးတွေ
- ခိုးကြည့်တော့မယ် အချစ်ရယ်
- ~~~အချစ်မေးခွန်းလွှာ~~
- မင်းနဲ့ မှချစ်တတ်ခဲ
- ငါ့ကိုထားသွားခဲ့ရင် ..
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးန...
- ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို
- ♥ ♥ ♥ ချစ်သူ♥သိပါစေ ♥ ♥ ♥
- Format Factory နှင့် ringtone ဖန်တီးခြင်း
- အနာဂတ် ကာလတွင် အသုံးပြု လာမည့် World Wide Web နည်း...
- ဗဟိုဘဏ်မှ အိန္ဒိယ နိုင်ငံ၏ ဘဏ်ကိုယ်စားလှယ် ရုံးခွဲက...
- အရွယ်မရောက်သူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ က...
- ၂၀၀ ကျပ်ဖြင့် ရောင်းချသည့် အောင်ဘာလေ သိန်းဆု ဌာနခွ...
- ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေ ဆိပ်မှာ ပြည်သူ လူထ...
- UNHCR ဝန်ထမ်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် တာဝန် ထမ...
- Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ
- တင်းကြပ်ပြီး မျှတတဲ့ နိုင်ငံသား စိစစ်ရေး ဥပဒေ တရပ်...
- အချစ်မရှိတဲ့ တစ်နေ့သောအခါ
- ပျော်ရွှင်ဖွယ်မျက်လှည့်ပြမယ်
- တိတ်တိတ်ပုန်း ဟာသလေးများ
- .... နင်ဟာငါ့ရဲ့ အချစ်ဦးပါ ....
- ဒီလိုချစ်သူတွေဝေးဝေးရှောင်ပါ
- ခံစားချက်လေးတွေပါ.......♥♥♥
- ကမ္ဘာတည်မဲ့အချစ်
- ချစ်သူကောင်မလေး
- မင်းအတွက် ကိုယ့် အချစ်က ...........
- သဲနဲ့တူတဲ့အချစ်
- ရယ်စရာနဲ့ အမောပြေစေဖို့ ဟာသလေးများ..........
- မမေ့ဆယ်ကမ္ဘာ
- ကြည့်ညိုစရာဗုဒ္ဓပုံတော်များ
- ထူးဆန်းတဲ့အဆောက်အုံများ
- ---------*****....မျတ်ရည်ဖြူဖြူများးးသို့ ....နှုတ်...
- ရယ်လေရယ်လေ အသက်ရှည် ပျော်ရွှင်ဖွယ်၇ာဟာဟများ
- ယောက်ျားလေးဆိုတာ..
- ချစ်သူအတွက် ရွေးချယ်စရာ
- အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရှိသင့်တော် နေရာသ...
- အချိုဆုံးစကား
- အမြင့်ဆုံးမှာပျံသန်းပါ
- ဟာသ
- မရမ်းကုန်း တိုက်ပြိုသည့် နေရာအနီး လူသတ်မှုဖြစ်ပွား
- အသက် ၂၂ နှစ်အောက် အာရှဖ လားခြေစစ် ပွဲများ၏ နောက်ဆံ...
- သောက်ရေကန်အဆိပ်ခတ်မှုကြောင့် မြေပုံမြို့တွင် နှစ်ဖက...
- ဒေါ်အောင်ဆန်းစုကြည် Burma ဟု သုံးစွဲနေမှုအား ရွေးကော...
- လူတစ်သန်းကြိုဆိုရေး (သီချင်း)
- ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်
- ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့
- ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်ေ...
- ရခိုင်ပြည်နယ်မှာ ပဋိပက္ခအခြေနေ တင်းမာနေဆဲ
- စစ်တွေဈေးကြီး မွတ်ဆလင် ဆိုင်များမှ ပစ္စည်းများကို ...
- မောင်တောတွင် လက်နက်လုယက်မှု ဖြစ်ပွါး
- ပြန်လည် လန်းဆန်းစေလိုသည့် ရန်ကုန်စက်မူ့  တက္ကသိုလ်
- အောင်မြင်ချင်3း3ချက်
- ရိုးသားမှု နဲ့ ချစ်ပါ
- ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါး...
- ငါအခုထိ....နင့်ကို....တမ်းတနေမိတုန်းပဲ
- ပန်ဆင်သူသို့
- ★`•☂ •´အိပ်မက်နှင့်ပတ်သက်သော နိမိတ်များ`•☂•´★
- စိတ်ပင်ပန်းသာတွေ ပြေစေဖို့  ဟာသတော်များ
- ပြည်တွင်း၊ ပုဂ္ဂလိက အမြန်ချောပို့ လုပ်ငန်းအား နှစ်အ...
- ပြည်တွင်း၌ CMP စနစ်ဖြင့် ရေထွက်ပစ္စည်း ထုတ်လုပ်မှုကိ...
- သွားလာရေး ခက်ခဲသည့် ဒေသများမှ ဆေးတက္ကသိုလ် တက်ရောက်...
- ဟိုတယ်များ အတွက် ထုတ်ပြန် ထားသည့် ညွှန်ကြားချက် မျာ...
- ဈေးကွက် ၀ယ်လိုအားကြောင့် အမေရိကန် ဒေါ်လာ ငွေလဲဈေး...
- မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်
- ဆောက်လုပ်ရေး လုပ်သားများ နှစ်ရက်စာ လုပ်ခမရ၍ ဆန္ဒပြ
- နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကို ဓားဖြင့် ထိုးသတ်
- ဒေါ်အောင်ဆန်းစုကြည် လူ့ အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ...
- နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှုတွေ နိုင်ငံရေး ပြု...
- မြန်မာ သံအမတ် နေရာအတွက် အမေရိကန် အထက် လွှတ်တော်မှာ ...
- Myeik Shopping Centre မှာ ရက်လွန် စားသောက် ကုန်မျာ...
- သမ္မတ အကြောင်း ကြားပါက ဒုတိယ သမ္မတ နေရာ ပြန်လည် ရွေး...
- ကိုယ်ဝန် ဆောင်အမျိုး သမီးများအား မိခင်နိုင်ငံ သို့...
- အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ကိုကို ရယ်
- Apple နဲ့ပတ်သတ်တဲ့ လူကြိုက်များသော Softwares ၊ Gam...
- တစ်ယောက်ထဲ
- အလွမ်းကဗျာ
- windows and Zawgyi..( ဝင်းဒို 7 မှာ မြန်မာဖောင့်မေ...
- ရိုးသားမှု နဲ့ ချစ်ပါ
- မေ့ ကိုချစ်တယ်.. မေ့ကိုလွမ်းတယ်...
- Android ဖုန်းမှ EDGE/EVDO အင်တာနက်ကို ကွန်ပျူတာမှာ...
- ရခိုင်ဒေသရှိ ဒုက္ဓသည်များသို့ ကျပ်သိန်း ၁၁၀ ကျော် လ...
- ပြည်ပ အဆက်အသွယ် ဘဏ်များ ထူထောင်ခြင်း လုပ်ငန်းများ ...
- ဇွန်လအကုန်တွင် လှော်ကား ငါးလုပ်ငန်း စခန်းမှ ငါးသား...
- ယခုလအပြီး အဆင့်မြင့် သန့်စင်ခန်းများ ဆောက်လုပ် လျက...
- တနင်္သာရီတိုင်း ဒေသကြီးတွင် ငါးမဖမ်းရ ကာလများကို သတ်...
- ဆင်မလိုက် အဝေးပြေးဈေးအား ဇူလိုင်လကုန် အပြီး တည်ဆေ...
- မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ ဆောင်ရွက်သူ အားလုံး...
- ကမ္ဘာ့ ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသောေ...
- မြန်မာ- ဘင်္ဂလာ ဒေခ်ျ့ နယ် စပ်တွင် ရေကြီး၊ မြေပြို၊ ...
- စက်ရုံ သုံးရုံမှ အလုပ် သမား ဦးရေ ၃၀၀ ကျော် လျော့ချ
-
▼
June
(849)

No comments:
Post a Comment