Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 12 June 2012

ရယ်စရာဟာသများ


“ ရှေ့နေများနှင့် အင်ဂျင်နီယာများ ”

ရှေ့နေ သုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်တို့ အစည်းအဝေးတစ်ခုအတွက် ရထားဖြင့်
ခရီးထွက်ကြသည်။ ဘူတာသို့ရောက်သောအခါ ရှေ့နေ ၃ ယောက်က လက်မှတ် ၃စောင်
ဝယ်နေသည့်အချိန်တွင် အင်ဂျင်နီယာများကလက်မှတ်တစ်စောင်ပဲ ဝယ်ကြသည်။

“ လူ ၃ ယောက်ကို လက်မှတ်တစ်စောင်တည်းနဲ့ ခရီးဘယ်လိုလုပ်သွားမလဲ ”
ဟု ရှေ့နေတစ်ယောက်ကမေးလိုက်သည်။

“ စောင့်ကြည့်လိုက်စမ်းပါဗျာ ”

ဟု အင်ဂျင်နီယာတစ်ယောက်က ပြန်ပြောသည်။

ရထားပေါ်တက်ကြသည့်အခါ ရှေ့နေသုံးယောက်ကကိုယ့်သက်ဆိုင်ရာခုံနံပါတ်မှာထိုင်နေ
ကြသည့်အချိန်တွင်အင်ဂျင်နီယာသုံးယောက်ကအိမ်သာခန်းထဲသို့သုံးယောက်စလုံးတိုး
ကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

လက်မှတ်များ လှည့်လည်သိမ်းဆည်သောအချိန်တွင် လက်မှတ်စစ်သောသူက
အိမ်သာတံခါးကိုခေါက်၍ပြောလိုက်သည်။

“ ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ ”

တံခါးနည်းနည်းလေးဟသွားပြီး လက်မှတ်ကိုင်ထားသော လက်တစ်ချောင်းထွက်လာသည်။

လက်မှတ်စစ်သူလည်း လက်မှတ်ကိုယူပြီးအဝေးသို့ထွက်သွားတော့သည်။

ထိုအဖြစ်အပျက်ကိုမြင်လိုက်သော ရှေ့နေတို့က အင်ဂျင်နီယာတို့၏ ပါးနပ်လိမ္မာမှုကို
သဘောကျကြသည်။

အစည်းအဝေးပွဲမှ အိမ်အပြန်လမ်းမှာ ဒီနည်းကို သုံးဖို့သူတို့ဆုံးဖြတ်ခဲ့ကြသည်။

ဘူတာသို့ရောက်သောအခါ ရှေ့နေသုံးယောက်က လက်မှတ်တစ်စောင်ပဲဝယ်ကြသည်။
အင်ဂျင်နီယာ များက လက်မှတ်တစ်စောင်မှမဝယ်ကြပေ။ ဤသည်ကို ရှေ့နေတစ်ဦးက
အံ့သြ၍

“ မင်းတို့လက်မှတ်တစ်စောင်မှမဝယ်ဘဲ ဘယ်လိုလုပ်ပြန်မလဲ ” ဟုမေးရာ

“ စောင်ကြည့်လိုက်စမ်းပါ ”

ဟုအင်ဂျင်နီယာတစ်ယောက်က ပြောပြန်သည်။

ရထားပေါ်ရောက်ကြသောအခါရှေ့နေသုံးယောက်က အိမ်သာခန်းထဲသို့
သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

အင်ဂျင်နီယာသုံးယောက်က တစ်ခြား အိမ်သာခန်းတစ်ခုထဲသို့ဝင်သွားကြသည်။

ရထားစထွက်ကာစမှာ အင်ဂျင်နီယာတွေထဲက တစ်ယောက်ကသူ့အခန်းထဲမှထွက်လာပြီး
တစ်ခြားအိမ်သာတံခါးကိုသွားခေါက်၍ပြောလိုက်သည်။

“ ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ! ”



“ လွယ်ပါတယ်သားရယ် Facebook မှာ ဖွပေးမယ် ”

ပန်းခြံထဲကခုံလေးမှာ သားအဖနှစ်ယောက်ထိုင်နေကြသည်။

ထိုအချိန် ရေခဲမုန့်ရောင်းသူ ဖြတ်သွားလေရာ အလွန်ပူဆာတတ်သောကလေးက

“ ဖေဖေ သားရေခဲမုန့်စားချင်တယ် ”

“မစားပါနဲ့သားရယ် ချောင်းဆိုးတတ်တယ်”

ထို့နောက် လေပူပေါင်းရောင်းသူဖြတ်သွားရာ

“ဖေဖေ သားပူပေါင်းလိုချင်တယ်”

“မလိုချင်ပါနဲ့ကွာ”

ဒီလိုနှင့် သူငယ်ချင်းနှစ်ယောက်က စကားပြောရင်းလမ်းလျှောက်လာသည်။

“ငါဖွလိုက်လို့ကတော့ မင်းမြောင်းထဲရောက်သွားမယ်”

ထိုစကားကိုကြားလိုက်သောကလေးက

“ဖေဖေ သားမြောင်းထဲရောက်ချင်တယ်”

“သြော် လွယ်ပါတယ်သားရယ် အဖေ Facebook မှာ ဖွပေးမယ် ! ! !”



“ အားတွေလျော့ ကုန်မယ် ”

ကပ်စေးနဲသောလူကို အခြားလူတစ်ယောက်ကပြောလိုက်သည်

“ နာရီထဲက ဓါတ်ခဲတွေကို ဘာဖြစ်လို့ ဖြုတ်ဖြုတ်ပြီး အပြင်မှာသိမ်းထားတာလဲဗျ ”

“ ဓါတ်ခဲသက်တမ်းအကြာကြီးခံအောင်လို့ပါ။ အချိန်ကိုသိချင်ပြီဆိုရင်

ဓါတ်ခဲကိုပြန်ထည့်တယ်လေ။ ! ! !”



“ နာကြားရပြီ ”

ပထမလူ။ ။

နားကြပ်အသစ်ဝယ်ပြီးကတည်းကနှစ်ခန်းကျော်က ပြောတာတောင်ကြားရတယ်ဗျ

ဒုတိယလူ။ ။ ဟုတ်လား။ တယ်ကောင်းတာပဲ။ ဘယ်လောက်ပေးရလဲဗျ။

ပထမလူ။ ။ ၃ နာရီထိုးပါပြီ ! ! !။


“ လင်ပျောက်ရှာနေသော မိန်းမ ”

မိန်းမ >> ကျွန်မယောင်္ကျားပြောက်သွားလို့

Inspector >> သူ့အရပ်က ဘယ်လောက်လဲ

မိန်းမ >> တစ်ခါမှ သတိမထားမိဘူး

Inspector >> ပိန်ပိန်သွယ်သွယ်လား ကျန်းကျန်းမာမာလား

မိန်းမ >> မပိန်ပါဘူး ကျန်းကျန်းမာမာပါပဲ

Inspector >> မျက်လုံးကဘာရောင်လဲ

မိန်းမ >> မမှတ်မိဘူး

Inspector >> ဆံပင်ရောင်ကရော

မိန်းမ >> ရာသီအလိုက်ပြောင်းနေတာပဲ

Inspector >> ဘာဝတ်ထားလဲ

မိန်းမ >> ထသွားထလာ ဝတ်ထားတာပဲ သေချာမမှတ်မိဘူး

Inspector >> သူနဲ့အတူဘယ်သူပါသေးလဲ

မိန်းမ >> အိမ်မွေးခွေးလေပါသွားတယ်၊ နာမည်က ဆွီတီ။ ရွှေရောင်ချိန်းကြိုးနဲ့

ချည်ထားတယ်။

အရပ်က လက်မ ၃၀၊ ခန္ဓာကိုယ်က ထွားကြိုင်းတယ်၊ အပြာရောင်မျက်လုံး၊

မီးခိုးရောင်အမွှေးနဲ့၊ဘယ်ဘက်ခြေထောာက်ရဲ့ခြေမက ခြေသည်းလေးနည်းနည်းကျိုးနေ

တယ်။ ဘယ်တုန်းကမှ မဟောင်ဖူးဘူး။

အပြာရောင်ဘောလုံးပါတဲ့ ရွှေရောင်ပါတ်ကြိုးလေးပါတ်ထားတယ်။ သူက

အသီးအရွက်မကြိုက်ဘူး၊ ငါတို့ကအတူသွား အတူစားခဲ့ကြတာလေ


စကားပြောပြီးနောက် မိန်းမ ကစ၍ ငိုပါတော့သည်

Inspector >> ကောင်းပြီ ခွေးကို အရင်ရှာကြစို့ !!!


“ နေမကောင်းနေသောကလေးနှင့် သူ၏အမေ ”

ကလေးကသူ့အမေထံသို့ ဗိုက်နာနေကြောင်း ငိုပြီးလာပြောသည်။

အမေက 

“ ဗိုက်ထဲမှာ အစာမရှိလို့နာတာ လာဒီမှာ တစ်ခုခုလာစား ” 

ဟုပြောလိုက်ရာ ကလေးက နားထောင်သည်။

နောက်တစ်နေ့တွင် အမေဖြစ်သူက ခေါင်းတွေနာနေသည်။

ကလေးက ဖြေသိမ့်သည့်အနေနှင့် ပြောလိုက်သည်။ 

“ အဲ့ဒါ ဦးဏှောက် မရှိလို့ဖြစ်တာ ”

တစ်ကြိမ်သောအခါ၌

ကလေး >> “ အမေ့ ခေါင်းကဆံပင်တွေဘာလို့ဖြူလာတာလည်းဟင် ”

အမေ >> “ အဲ့ဒါမင်းကြောင့်ပေါ့ကွဲ့ မင်းမလိမ္မာရင်ငါ့ဆံပင်တွေဖြူကုန်ရော ”

ကလေးကရိုးသားစွားပြန်ပြောလိုက်သည်


“ အဖွားဆံပင်တွေဘာ့ကြောင့် ဖြူနေတာလည်း ကျွန်တော်အခုသိပါပြီ ! ! !”


“ ၄၅ ဘတ်စ်ကား ”

အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးသည် ပထမဆုံးအကြိမ်ရန်ကုန်သို့

အလည်အပါတ်ခရီးသွားရန် ဖိတ်ကြားခြင်းခံရသည်။ လှည်းတန်းကို သွားခဲ့ရာ

ကံဆိုးချင်တော့ လှည်းတန်းလမ်းဆုံကို သူရှာမတွေ့ခဲ့ပေ။ ဒီလိုနှင့် ယဉ်ထိန်းရဲကို

အကူအညီတောင်းရတော့သည်။

အမျိုးသမီး >> ကျေးဇူးပြုပြီး လှည်းတန်းကို ဘယ်လိုသွားရလည်း လမ်းညွှန်ပေးပါရှင်

ယဉ်ထိန်းရဲ >> ၄၅ ကားကိုဒီကားဂိတ်မှာစောင့်ပါ။


အဲ့ကားနဲ့ဆို လှည်းတန်းကိုရောက်ပါတယ်။

အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

ယဉ်ထိန်းရဲလည်း ပြန်လည်ထွက်ခွာသွားတော့သည်။

၃ နာရီလောက်ကြာသောအခါ ယဉ်ထိန်းရဲက ထိုနေရာသို့ပြန်လည်ရောက်လာသည်။

အမျိုးသမီးကထိုကားဂိတ်မှာပင်စောင့်နေဆဲဖြစ်သည်။


ယဉ်ထိန်းရဲကအမျိုးသမီးဆီသို့သွား၍ပြောသည်။ 

“ လှည်းတန်းကို ရောက်ဖို့ ၄၅ ကားကိုစောင့်စီးရမယ်လို့ကျွန်တော်မှာထားခဲ့တယ်နော်


အခု ၃ နာရီတောင်ကြာနေပြီဗျ ဘာ့ကြောင့်အခုထိစောင့်နေတာတုန်း ”

အမျိုးသမီးကပြောလိုက်သည်

“ မစိုးရိမ်ပါနဲ့ အရာရှိကြီးရယ် သိပ်မကြာတော့ပါဘူး အခုဖြတ်သွားတဲ့ကားက အစီး

၄၀ မြောက်ပါ ! ! ! ”


ပထမလူ။ ။ ငါ့သားက ငါ့ပြောစကားနားမထောင်ဘူးကွာ

ဒုတိယလူ။ ။ သူကမလိမ္မာလို့လား?

ပထမလူ။ ။ နားပင်းနေတာကွ။


…………


ပထမအမျိုးသမီး။ ။ ဒုက္ခပါပဲဟယ်။ ငါ့ချစ်သူနဲ့ အခုလမ်းလျှောက်လာနေတာ ငါ့ယောင်္ကျား

ပဲ

ဒုတိယအမျိုးသမီး။ ။ အေးဟယ် ငါလည်း နင့်လိုပါပဲ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့