ကျွန်မ မှာ သိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိပါတယ် ။
သူကို ကျွန်မက မောင်လို့ ခေါ်တယ်။
မောင်က ကျွန်မထက် ၃နှစ်တိတိ ငယ်တယ် ။
မောင်ကို ဘာကြောင့် ချစ်ခဲ့ပါသလဲ။
အရိုးရှင်းဆုံး ၀န်ခံရလျှင် အကြောင်းပြချက်မရှိအောင် တန်ဖိုးထားချစ်မိလို့ပါ မောင်။
အဲဒီချစ်ခြင်းမှာ ချစ်ခြင်းတစ်ခုထဲမကဘဲ အထင်ကြီး လေးစာခြင်း ၊
အားကိုးမြတ်နိုးခြင်း ၊ ကျွန်မကို လည်း အရမ်းချစ်မှာဘဲဆိုတဲ့
ယုံကြည်ခြင်း ဆိုတဲ့ အရာပေါင်းများစွာ ပါဝင်နေပါတယ် မောင်။
ကျွန်မ အသိုင်းဝိုင်းတစ်ခုလုံးက အတန်တန်တားမြစ်တဲ့ ကြားက
မောင်ကို ကျွန်မ အရမ်းကို ချစ်မြတ်နိုးခဲ့မိပါတယ် ။
မောင် ကျွန်မ အပေါ်အနိုင်ယူခြင်းတွေ ဘယ်လောက် များများ
အပြုံးမပျက်ချစ်မြတ်နိုးနေဆဲပါပဲ။
သူမိသားစု အတွက်မလေးရှား မှာ အလုပ်လုပ်ရအောင် ထွက်သွားချိန်က အစပြုလို့
မောင်မျက်နှာကိုကွန်ပြူလေးထဲမှာဘဲ အလွမ်းပြေ မြင်ခွင့်ရခဲ့ပါတော့တယ်။

မောင် အလုပ်ပြန်လာချိန်လေးတွေကိုမျှော်ရတာ
ကျွန်မလည်ပင်းတွေ သစ်ကုလားအုပ် ဖြစ်ရပါတော့မည်။
မောင်ဆီကို နေ့တိုင်းဖုန်းဆက်ဖို့ အတွက်လည်းကျွန်မ ပိုက်ဆံတွေကို မနှမြောခဲ့ပါဘူး ။
မလေးရှားနဲ့ မြန်မာပြည်ကိုပြည်တွင်းလို နေ့တိုင်း ဖုန်းခေါ်တတ်တဲ့ ကျွန်မကို
အိမ်ကလူတွေက အရမ်းကို အမြင်ကတ်ကြပါသည်။
သူများတွေ အမြင်ကတ်လောက်အောင်ကို မောင်ကို ကျွန်မ အရမ်းချစ်တယ်။

မောင်က တစ်နေ့မှာ ကျွန်မကို ပြောလာခဲ့တယ် ။
အဲဒီနေ့က မောင်ဖုန်းမဆက်လို့ ကျွန်မ ဂျီကျမိတဲ့နေ့လေးပေါ့။
မင်းက မောင်ကို ချစ်တာ မဟုတ်ဘူး ။ မင်းကိုယ်မင်းချစ်နေတာ….
မင်းပျော်ရွင်ဖို့ မင်းစိတ်ချမ်းသာဖို့ အတွက် ဘဲ ကြည့်တယ်တဲ့လေ
မောင်ပြောခဲ့ စကားတွေ မှားနေတယ် မောင်ရယ်လို့ ရင်ထဲမှာ
ပဲ့တင်ထပ်အောင်အော်နေပေမယ့် ကျွန်မနှုတ်ဖျားကတော့
ဘာစကားသံမှ ထွက်ကျမလာတော့ပါ။
မောင်ကို ကျွန်မအရမ်းချစ်တဲ့ အချစ်နွံ့ထဲမှာ နစ်နေခဲ့တာ ကျွန်မပါမောင် ။
မောင် ရှေ့မှောက်မှာ ကျွန်မအကြိမ်ကြိမ် ကျဆုံးခဲ့သူပါရှင် ။
ပြောထွက်လိုက်တာ မောင်ရယ် ။
အမြဲ အရှုံးပေးနေသူကို မောင်မို့ ပြောထွက်ရက်တယ်ရှင်။

အဲဒီနေ့က မောင်နဲ့ဖုန်းပြောနေရင်း အင်အားမဲ့စွာ ဖုန်းကိုချပြစ်လိုက်မိပါတယ်
မောင်ပြောနေတာ မပြီးသေးပေမယ့် ကျွန်မဆက်နားထောင်ဖို့
ခွန်အားတွေ မဲ့နေလို့ပါမောင်။
မထူးတော့ပါဘူးမောင် ကျွန်မနှလုံးသားက မောင်ကို
ဒီလောက်အရူးမူးချစ်နေတာကျွန်မ ဘယ်လိုလုပ်ရမလဲရှင် ။
တွေးတောမိနေတဲ့ အသိစိတ်ကို နှလုံးသားဆန္ဒက မလွန်ဆန်နိုင်ပါဘူး။
မထူးတော့ပါဘူး။ဘာကိုမှ မတွေးချင်တော့ ဘူးကွယ် ။
စိတ်ညစ်ညစ်နဲ့ ဆိုက်ကယ်ပေါ်တက်စိတ်ကူးတည့်ရာကို လျှောက်မောင်းနေမိပါသည်။
နွေရာသီ ပူပြင်းခြင်းကတောင် ကျွန်မရင်ထဲက သောကအပူမီးကို
မှီမယ်လို့ မထင်ပါဘူး။
အဆုံးသတ် မောင်ကို ကျွန်မ ပိုင်ဆိုင်ချင်ပါသည်။
မောင် ရဲ့ ဇနီးမယားတစ်ယောက်အဖြစ် သေဆုံးသိတိုင်အောင်
မောင်နားမှာ ကျွန်မနေချင်မိပါတယ်။

လူက ဆိုက်ကယ်မောင်းနေပေမယ့် စိတ်တွေကမောင်ဆီမှာပါ ။
နားထဲမှာ မောင်ခေါ်သံလိုလို ကြားမိတာနဲ့ နောက်ကို လှည့်ကြည့်မိလိုက်ချိန်
ဒုန်းးးးးးးးးးးးးးးးးးးးးးးးးးးဆိုတဲ့ အသံကျယ်တစ်ခုကို နောက်ဆုံးကြားလိုက်ရပြီး
လောကကြီးနဲ့ ကျွန်မအဆက်သွယ်ပျက်တောက်သွားပါတော့သည်။
အပြောင်းလဲများတဲ့ လူဘ၀ဆိုတာကို ကျွန်မ ကိုယ်တွေ့ရင်ဆိုင် သိလိုက်ရပါတော့တယ်။

မောင်ဆိုးသမျှကို ကို သည်းခံ ခွင့်လွတ်ပေးတတ်သူ မောင်ချစ်သူ ရေဘယ်ရောက်နေလဲ
စိတ်ဆိုးဆိုးနဲ့ဖုန်းထဲက ပြောလိုက်မိတဲ့ နေ့ထဲက ကျွန်တော် ဘ၀ထဲက
ကျွန်တော်ချစ်သူပျောက်သွားခဲ့ပါသည်။
ကျွန်တော်အတွက် အရာရာကို အားပေးနှစ်သိမ့်တတ်သူ ၊ ခွင့်လွတ် နားလည်တတ်သူ ၊
သိတတ်စွာ ချစ်စကားတွေ တီတီတာတာ ပြောတတ်သူ ကျွန်တော်ချစ်သူ လေးရေ ။
ကျွန်တော် အတွက်ဆိုဖြည့်စီးပေးတတ်သူ။
ဖုန်းဆက်လဲ ဒီမှာ မနေတော့ဘူးဆိုတာကိုဘဲ အပ်ကြောင်းထပ်အောင် ကြားရတတ်ပါသည်။
ဘယ်မှာနေတာလဲ ဆက်မေးရင် ခွပ်ခနဲဆို ဖုန်းကိုချသွားတတ်ပါတယ် ။
လူတစ်ယောက်တန်ဖိုးဆိုတာအဲဒီလူမရှိမှ သိတယ်ဆိုတာ အမှန်ပါလားဗျာ။
သူရှေ့ ကျွန်တော် မူးမှောက်နေလဲ ငိုနေယုံမှတပါးထိုင်ကြည့်နေတတ်သူ ပါ။
၁နာ၇ီပြည့်အောင်ကျွန်တော် အပေါ် စိတ်မကောက်တတ်သူချစ်သူလေး
ခုတော့အပြီးပျောက်ကွယ်သွားပြီးလား ချစ်သူရယ်။
မောင်နဲ့ မင်း ဘယ်လိုမှ ခွဲလို့ မဖြစ်ဘူးနော်။
မောင်နဖူးလေးကို အမြဲနမ်းတတ်သူ မောင်ချစ်သူရေ ပြန်လာပါတော့နော်။
မောင် လွမ်းလှပြီ ။

အရမ်းကို အလှကြိုက်သူ မောင်အတွက် ကျွန်မ မျက်နှာက အကြည့်ရဆိုးလှတဲ့
အမာရွတ်ကြီးကို မောင်ကိုမတွေ့စေချင်ဘူးမောင် ။
ကျွန်မအချစ်တွေကလေ မောင်နဲ့ ဝေးဝေးနေလို့မရပါဘူး။
မောင်နဲ့ အနီးဆုံးမှာဘဲ ကျွန်မနေချင်တယ်မောင် ။
ဆိုက်ကယ်မှောက်တဲ့ အကျိုးရလဒ်က ကျွန်မမျက်နှာပျက်စီးသွားခဲ့ပါသည်။
မျက်နှာကို ပြန်လည်ပြုပြင်ဖို့ အတွက် ကျွန်မမှာ ငွေကြေးအင်အား မတတ်နိုင်သေးသာကြောင့်
မောင်ရှေ့ကိုကျွန်မ မလာရဲဘူးမောင် ။
အရမ်းအလှကြိုက်တဲ့ မောင် ချစ်သူက ဒီလိုပုံပျက်နေတာကို ကျွန်မ မဖြစ်စေချင်ဘူမောင်။
မောင် မြန်မာပြည်ပြန်လာတော့မယ်ဆိုတဲ့
သတင်းကြားတဲ့နေ့ကဆိုကျွန်မပျော်လိုက်တာ မောင်။
မောင်ကို တွေ့ချင်တဲ့ စိတ်တွေကို လည်း ကျွန်မ မနည်းကို မျိုသိပ်ရပါတယ်ရှင်။
ဒီနေ့ဆို မောင် ပြန်ရောက်နေတာ ၅ရက်တိတိ ရှိနေပါပြီ။
မောင် ကျွန်မ အကြောင်းတွေကို စုံစမ်းနေတယ်ဆိုတာကိုလည်း သိရပါတယ်။
ကျွန်မ ဆိုက်ကယ်မှောက်တာ မျက်နှာ ဒဏ်ရာပျင်းလို့ရန်ကုန်ကို ပို့ခဲ့ပါတယ်။
ကျွန်မအိမ်မှာလည်း ကျွန်မဆေးဖိုးတွေ တော်တော်လေး ကုန်သွားခဲ့တယ်။
ရန်ကုန်က ပြန်ထဲက ကျွန်မ အိမ်ထဲက အိမ်ပြင်မထွက်တော့ပါ ။
ကျွန်မ မျက်နှာကိုလည်း မည်သူကိုမှမမြင်အောင်နေခဲ့ပါတယ်။

ရင်ခုန်ခြင်းတွေကို အချစ်ပင် ပျိုး ၊ ကြင်နာခြင်းတွေကို မြေသြဇာချ ၊
သံယောဇဉ်ရေစင်တွေကို ပတ်ဖျန်း ၊သစ္စာတရား ဆိုတဲ့ ပိုးသတ်ဆေးကို သုံးစွဲကာ
အန္တာရယ်အပေါင်းက ကင်းလွတ်အောင် အလှပဆုံး
အချစ်ပန်းလေးကို ဖူးပွင့်စေခဲ့တာပါမောင် ။
ခုတော့ မောင် အချစ်ပန်းလေးကမလှပတော့ဘူးမောင်ရယ်။
မောင်အတွက် ရှုံးနိမ့်ခဲ့ရတာတွေကို လည်း ကျေနပ်သွာခံယူချင်နေမိပါတယ်မောင် ။
မောင်ဆူသံလေးတွေကို လည်းကျွန်မ အရမ်းလွမ်းတယ်မောင် ။
သတ္တိမရှိဘူးထင်ချင်လဲ ထင်ပါမောင်ရယ်။
မရဲရင့်ရဲတော့လို့မောင်နဲ့ အဝေးဆုံးမှာ ခုလိုနေပေးခဲ့တာပါရှင်။

သူရှိနေမယ်လို့ ကျွန်တော်ရင်ထဲက အလိုလိုကို သိနေခဲ့ပါတယ်။
ဒီညသူအိမ်ထဲကို ရအောင်ဝင်မယ်။တစ်စုံတစ်ရာ
ပြသနာဖြစ်လာခဲ့ရင်လည်း မောင် ရင်ဆိုင်မယ်။
ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ ညရောက် ချိန်ကို ကျွန်တော်စောင့်နေလိုက်ပါသည်။
အေးစက်စက်တိုက်ခတ်နေတဲ့ ညနေပြေကအေးမြနေပေမယ့်
ကျွန်တော်မှာတော့ သောကတွေနဲ့ ချွေးစေးတွေတောင် ထွက်နေပါသည်။
ပြတင်းပေါက်တံခါးပွင့်နေတာ ကျွန်တော်ချစ်သူလေးအခန်းပဲ ။
ရောက်အောင်ကို ၀င်မယ်ကွာ။
ခုဆို သူမအခန်းထဲကို ကျွန်တော်ရောက်နေပါပြီ ။
သိပ်ကို အန္တရယ်များလွန်းတယ်ဆိုတာ သိနေပေမယ့်ဒီနည်းကလွဲရင်
သူမကို တွေ့ရဖို့ ကျွန်တော်မှာ အခွင့်ရေးမရှိဘူးလေ။
အိပ်ယာပေါ်မှာ လဲလျောင်းနေသော ကျွန်တော်ချစ်သူလေး ။
ရှိနေသားနဲ့ များ မောင်ကို ဘာလို့ ခုလို အတွေ့မခံဘဲနေရတာလဲကွာ ။
ဒီလောက်တောင် နာကျည်းနေပြီလား ။
မောင်ပြောလိုက်တဲ့ စကားလေးကဒီလောကိထိ နာကျည်းစေခဲ့သလား ချစ်သူရယ် ။
တွေ့ချင်နေတဲ့ ချစ်သူမျက်နှာကို ငုံ့ကြည့်လိုက်မိစဉ်မှာတော့
ကျွန်တော် တခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားလိုက်ရပါသည်။
ကျွန်တော် တုံလှုတ်သွားတာ မဟုတ်ဘူးနော် ။ ခံစားလိုက်ရတာပါ ။
ကျွန်တော်အပေး ဒီလောက်ထိချစ်နိုင်ခဲ့တဲ့ ချစ်သူ အတွက် ရင်ကျိုးမရဖြစ်ခြင်းပါ ။
မောင်လဲ မင်းကို အရမ်းချစ်တယ် ။

အိပ်လို့မပျော်တတ်ပါ။ ပြတင်းပေါက်လေးမှ လေအေးတို့ တိုးဝင်တိုက်ခိုက်နေပါသည်။
ပြတင်းတံခါးတွေကို ဖွင့်ပြီး အိပ်ပျော်သွားခဲ့ပါသည်။
ငှက်အော်သံလေးတွေ နားဝကို တိုးဝင်လာသည်။
မိုးသောက်စအလင်းရောင် လေးပင်အခန်းထဲကို ဖြာနေပါပြီ။
ကျွန်မ ပါးပြင်လေးကို တစ်စုံတစ်ယောက် ကနမ်းရှိုက်လိုက်သည်ဟု ခံစားမိလိုက်ပါတယ်။
လူက အိပ်ချင်မူးတူး ဖြစ်နေသာနဲ့ မျက်နှာကို အရင်သစ်လိုက်ပြီးတွေးနေမိပါသည်။
အိမ်မက်များမက်နေခဲ့သလားပေါ့။
မျက်လုံးက စားပွဲပေါ်က စာရွက်ခေါက်လေးကို တစ်ခုကိုမြင်လိုက်မိပါသည်။
စာလေးကို ဖတ်လိုက်မိချိန်မှာ ရင်ခုန်နှုန်းတွေ မြန်သွားရသည်။
ချစ်ရတဲ့မ
ကျွန်တော်ကို ဒီလောက်ထိတောင် ချစ်ရလားဗျာ ။
ကျွန်တော်လည်း မကို အရမ်းချစ်တယ် ။ ဘ၀တစ်ခုကို ကျွန်တော် တို့ အတူတကွ လျှောက်လှမ်းကြရ
အောင်နော်။ အရာရာ အတွက် မကို အနူးညွတ်တောင်း တောင်းပန်တယ်
မကို အရမ်းချစ်တဲ့ *မောင်*
ပျော်လိုက်တာ မောင်ရယ် .......
မဘ၀ အားလုံးပြီးပြည့်စုံသွားသလိုကို ခံစားလိုက်ရပါတယ်ရှင်
မောင်သာ မ အနားရှိနေမယ်ဆို အရာရာကို ရင်ဆိုင်ဖို့
အားအင်တွေ အပြည့်ရှိနေသလိုဘဲရှင်။
အချစ်တွေ ထူထပ်သော ဘ၀ ဆိုတဲ့ တော ထဲကို မောင်လက်ကို တွဲပြီး
နားလည်မှုတွေနဲ့ ပျော်ရွင်စွာ လျှောက်လှမ်းကြမယ်နော်

No comments:
Post a Comment