Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 12 June 2012

ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ ဘာလုပ်မလဲ ...

သူငယ်ချင်းတွေအားလုံးပဲချစ်သူတစ်ယောက်လောက်တော့ရှိကြမှာပေါ့နော် ......
ချစ်သူမရှိရင်တောင် ချစ်နေတဲ့သူတော့ရှိမှာပေါ့ .....ကိုယ်ချစ်တဲ့သူနဲ့ ကိုယ်နဲ့ သဘောထားချင်းမတူတဲ့ အခါ.. အမြင်ချင်း ၊ ခံယူချက်ချင်းမတူတဲ့အခါ ဘယ်လိုခံစားရလဲ ..ဘယ်လိုဖြေရှင်းဖို့စိတ်ကူးရလဲ ဆိုတာ ကိုသိချင်လို့ပါ ...
ကျနောကတော့ မကြာခဏဆိုသလို သဘောထားချင်း၊ အမြင်ချင်း ၊ ခံယူချက်ခြင်း မတူတာကို ကြုံဖူးပါတယ်။အဲ့ဒိအခါကျရင် ပြောပြလို့မရအောင်ဝမ်းနည်းမိတယ် ....
ကိုယ့်ချစ်သူဆိုတာတစ်ချိန်ကျရင် တစ်ဘ၀လုံးအတွက်လက်တွဲရမယ့်သူမဟုတ်လား .....
ဒီလိုမျိုး သဘောထား မတိုက်ဆိုင်တာတွေများနေရင် ဆက်လျှောက်ရမယ့်လမ်းအတွက်က အဆင်ပြေတော့မှာ မဟုတ်ဘူးလေ ....လမ်းခွဲဖို့စဉ်းစားမိပေမယ့် ချစ်တဲ့သူဆိုတော့လဲ တစ်ဘ၀လုံး လက်တွဲသွားချင်တာကို .....
ဖြေရှင်းဖို့နည်းလမ်းကတော့စဉ်းစားတုန်းပဲ.....
သူငယ်ချင်းတို့ရော .. အဲ့ဒီလိုမျိုး အခြေအနေနဲ့ကြုံရင် ဘယ်လိုလုပ်မှာလဲ .. ဘယ်လို ဖြေရှင်းမှာလဲ .....
အကြံပေးရင် ၀ိုင်းဆွေးနွေးပေးကြပါဦး .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့