Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 12 June 2012

သင်ဘယ်လောက် သဘောကောင်းနေသလဲ

မိတ်ဆွေအပေါင်းအသင်းတွေကြား၊ ဆွေမျိုးတွေကြားမှာ
သင်ဘယ်လောက် သဘောကောင်းနေသလဲ လေ့လာကြည့်ရအောင်။



သင့်သူငယ်ချင်းရဲ့မွေးနေ့မှာ မွေးနေ့ လက်ဆောင်အဖြစ်
ဘာကိုဝယ်ပေးမလဲ။
(က)
သူကြိုက်တတ်တဲ့ ပစ္စည်းလေးတွေပေးဖို့ ၀ယ်ထားပြီးပြီ။

(ခ)
ဘာဝယ်ရမလဲ မသိသေးဘူး။
ဈေးဝယ်ထွက်ရင်း သူကြိုက်နိုင်လောက်တဲ့ ပစ္စည်းရှာ ကြည့်လိုက်ဦးမယ်။

(ဂ)
အိမ်မှာ လက်ဆောင်ရထားတဲ့အထဲက သင့်တော်ရာရှာပြီး ပြန်ပေးလိုက်မယ်။
ဘာမှ မပေးရင်လည်း ကိစ္စမရှိလောက်ဘူး ထင်ပါ ရဲ့။

*************


သင့်အမေရဲ့အကြိုက် ဖိနပ်တစ်ရံ ပျောက်နေတယ်ဆိုပါစို့ . . .
(က)
သူရဲ့ပျောက်ဆုံးမှုအပေါ် ၀မ်းနည်းကြောင်းပြောကာ ကိုယ့်ကြောင့်ပျောက်ရတာ
မဟုတ်တာတောင် တောင်းပန်မိပါလိမ့်မယ်။

(ခ)
ဖိနပ်ကို ခဏငှားစီးသွားပြီး လမ်းမှာပျက်သွားကြောင်း ၀န်ခံမိပါမယ်။
နောက်ဆက်တွဲတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။

(ဂ)
အခန်းထဲမှာ ပုန်းနေမိပါမယ်။
ဖိနပ်စီးပြီး ပျက်လို့ဝှက်ထားတာသိရင် မလွယ်ဘူး မဟုတ်လား။

***************

သင့်သူငယ်ချင်းတစ်ယောက်က သူရဲ့ ကျောင်းက Assignment တစ်ခုမှာ
ကူညီပေးဖို့ သင့်ကို အကူအညီတောင်းနေတယ်။
သင့်မှာကလည်း ဒီတစ်ပတ်ထဲ လုပ်စရာတွေက ပုံနေတယ်။
သင်ဘာလုပ်မလဲ။
(က)
ဘာပဲဖြစ်ဖြစ် ကူညီရမှာပေါ့။ သူ့မှာ အကူအညီ လိုနေတယ်လေ။
ဒါကြောင့် ပျော်ပျော်ကြီး ကူညီပေးလိုက်မှာပေါ့။

(ခ)
ကိုယ်အားတဲ့အချိန်ကို ပြန်ပြောမယ်လို့ သူ့ကို ပြောထားလိုက်မယ်။
ကိုယ့်အလုပ်တွေ မြန်မြန်ပြီးမှ သူ့ကို ကူညီလို့ရမှာဆိုတော့ အလုပ်တွေကို မြန်မြန်လုပ်လိုက်မယ်ေ
လ။
(ဂ)
မကူညီနိုင်ပါဘူး။ ကိုယ့်အလုပ်နဲ့တောင် ကိုယ်ပိနေတာကို။

*******************


သူငယ်ချင်းတစ်ယောက်ကို ပိုက်ဆံချေး လိုက်မယ်ဆိုပါစို့။
တစ်လကျော်တဲ့အထိ ပြန် မပေးသေးပါက သင်ဘာလုပ်မလဲ။
(က)
ပြန်မတောင်းပါဘူး။ သူမပေးဘဲ မနေပါ ဘူး။
ပိုက်ဆံပြန်ရမယ်လို့ ယုံကြည်ထားတယ်။

(ခ)
နောက်တစ်ပတ်လောက် စောင့်ကြည့်ပြီး ကောင်းကောင်းမွန်မွန် ပြောကာ ပြန်တောင်းမယ်။

(ဂ)
ခုချက်ချင်း ပြန်တောင်းမှဖြစ်မှာပေါ့။ တစ်လတောင် ရှိနေပြီပဲဟာကို။

********************


စားသောက်ဆိုင်မှာ ညစာသွားစားတဲ့အခါ သင်မှာထားတဲ့ ဟင်းလျာက
အရသာတစ် မျိုးလေးဖြစ်နေပြီး အကြိုက်မတွေ့ ဖြစ်နေပါတယ်။
သင်ဘာလုပ်မလဲ။
(က)
ဒီလိုပဲ စားရမှာပေါ့။ စားဖိုမှူးကို စော်ကားသလို မဖြစ်ချင်ပါဘူး။
ပြီးတော့ စားလို့ ရနေတာပဲလေ။

(ခ)
ဟင်းအရသာ နည်းနည်းပြင်ခိုင်းလိုက်မယ်။
ပြင်ပြီးမှ ထူးမခြားနား ဆိုရင်လည်း စား နိုင်သလောက်သာ စားပြီး မကုန်တာကို ချန်ထားခဲ့လိုက်မယ်။
အိမ်မှာ စားစရာ တစ်ခုခုတော့ ကျန်ဦးမယ် ထင်ပါရဲ့။

(ဂ)
မစားတော့ဘဲ ပိုက်ဆံပြန်အမ်းခိုင်းမယ်။
ကိုယ်မှာတာ ဒီလိုမျိုးမှ မဟုတ်တာ။

****************


တစ်ခုခုလုပ်တော့မယ်ဆိုရင် “ဒီလိုဆို အဆင်ပြေရဲ့လားရှင့်”
တစ်ခုခု မေးတော့မယ်ဆိုရင် “တစ်ခုလောက် မေးလို့ရမလားခင်ဗျာ” စသဖြင့်
မေးတတ်လေ့ရှိသလား။

(က)
အမြဲလိုလိုမေးတယ်။

(ခ)
တစ်ခါတလေပေါ့။

(ဂ)
တစ်ခါမှ မမေးဖူးဘူး။

********************


ကျောင်းမှာ ပြဇာတ်ကဖို့ လူရွေးတဲ့အခါ သင်အရမ်းလိုချင်တဲ့
အဓိကသရုပ်ဆောင် နေရာကို သင့်သူငယ်ချင်းက ရသွားတယ် ဆိုပါစို့။
သင်ဘာဆက်လုပ်မလဲ။

(က)
သူ့ကို ပန်းစည်းတစ်စည်း လက်ဆောင်ပေးပြီး ချီးကျူးစကားဆိုလိုက်မယ်။

(ခ)
သူ့ကိုချီးကျူးပြီး ကိုယ်ကျရာနေရာမှာသာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင် လိုက်မယ်။

(ဂ)
အကဲဖြတ် ရွေးချယ်သူတွေကို ဝေဖန် စကားဆိုမိမယ်။
သူတို့ဘက်လိုက်တာ ဖြစ်နိုင်တယ်လေ။
တကယ်ဆို ကိုယ်နဲ့ ဒီနေရာက အသင့်တော်ဆုံးဆိုတာ အားလုံးလိုလို သိနေကြတာပဲဟာ။

****************


သင်ဟာ မျှဝေခံစားတတ်တဲ့ လူမျိုးလား။

(က)
ဟုတ်တယ်။ အမြဲလိုလိုပါပဲ။

(ခ)
အဲလိုလူမျိုးတော့ မဟုတ်ပေမယ့် လိုအပ်ရင်တော့ မျှဝေခံစားပေးပါတယ်။

(ဂ)
မဟုတ်တာ။

****************


တစ်ခုခုကြောင့် ဒေါသထွက်ပါက သင် ဘာလုပ်လေ့ရှိသလဲ။

(က)
သီချင်းနားထောင်ပြီး စိတ်လျှော့လိုက် တယ်။

(ခ)
ပြေးစက်နဲ့ဖြစ်ဖြစ်၊ အိမ်ပြင်ထွက်ပြီးပဲ ဖြစ်ဖြစ်ပြေးကာ ဒေါသလျော့သွားအောင်လုပ်တယ်။

(ဂ)
အော်ဟစ်သောင်းကျန်းတတ်တယ်။

*****************


ကျောင်းမှာ အတန်းထဲကျောင်းသား တစ်ယောက်ရောက်လာတယ်။
သင်က-

(က)
ပြုံးပြပြီး မိတ်ဆက်လိုက်မယ်။ မုန့်စားဆင်းချိန်မှာ သူငယ်ချင်းတွေနဲ့အတူ
မုန့်လိုက်စားဖို့ ဖိတ်ခေါ်လိုက်မယ်။

(ခ)
ပြုံးပြပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံမယ်။

(ဂ)
မေးခွန်းတွေမေးမယ်။ ဘယ်ကျောင်းက ပြောင်းလာတာလဲ။
ဘာကြောင့် ပြောင်းလာတာလဲ။ ဒီမှာ ဘယ်သူတွေနဲ့ သိလဲ ဆိုပြီးတော့ပေါ့။

******************


သင့်မိဘတွေ မွေးနေ့လက်ဆောင်ပေး ရာမှာ သင်လိုချင်တဲ့ Ipod အစား
စာအုပ် တစ်အုပ်ကိုပဲ လက်ဆောင်ပေးတယ်ဆိုရင် သင် ဘာလုပ်မလဲ။

(က)
ကျေးဇူးတင်ကြောင်းပြောကာ ကြိုက်ချင်ယောင် ဆောင်နေလိုက်မယ်။
မဟုတ်ရင် သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ။

(ခ)
ကျေးဇူးတင်ကြောင်းပြောကာ စာအုပ်ကို ဒီလိုပဲ လှန်လှောကြည့်မယ်။

(ဂ)
အလိုမကျဖြစ်ကာ ၀မ်းနည်းမိတယ်။

******************



သင်ရဲ့အဖြေတွေမှာ

-“က” များပါက
သဘောကောင်းလွန်းသူပါ သူတော်စင်အလား ထင်မှတ်မှားရလေအောင် အကူအညီလိုတိုင်း ကူညီပေးတယ်။
ဝမ်းနည်းသူတိုင်းကို နှစ်သိမ့်ပေးတယ်။ အမြဲတမ်းပြုံးနေပြီး မျက်နှာလေးက ချိုကြည်နေတယ်။ သင့်ကြောင့် လူတွေပျော်
ရွှင်ရတာကြောင့် ကုသိုလ်ရပါတယ်။ ဒီလိုစိတ်ထား လေးရှိတာ ချီးကျူးစရာကောင်းစေမယ့် တစ်ခါတစ်ရံ
ကိုယ်ကျိုးစွန့်ပြီး ကူညီတာကိုတော့ သတိထားပါ။ တချို့လူတွေက သင်သဘောကောင်းတာကို နင်းပြီး အနိုင်ကျင့်တတ်၊
အမြတ်ထုတ်တတ်ကြပါတယ်။ တချို့ကိစ္စတွေမှာ ငြင်းတတ်ဖို့လိုပါတယ်။ ငြင်းဖို့ အားမွေးပါ။ အားနာလွန်းရင်
ခါးပါသွားတတ်ကြ လွန်းလို့ပါ။


-“ခ” များပါက
သဘောကောင်းတယ် ချစ်ဖို့၊ ခင်ဖို့ကောင်းတယ်။ ပွင့်လင်းတယ်။ အမြော်အမြင်ရှိတယ်။ ကြင်နာတတ် တယ်ဆိုတာ
တွေဟာ သင့်ကို လူတွေကမြင်တဲ့ အရည်အချင်းတချို့ပါ။ ကိုယ်ကျိုးစွန့်တဲ့အထိ သဘောမကောင်းပေမယ့် တတ်နိုင်
သလောက်တော့ သဘောကောင်းသူ၊ ကူညီတတ်သူပါ။ သူငယ်ချင်းမွေးနေ့ကို မေ့တာတို့၊ အမေခိုင်းတာ မလုပ်ဖြစ်တာ
တို့လို ကိစ္စလေးတွေရှိပေမယ့် ခြုံကြည့်ရင်တော့ သင်ဟာလည်း သဘောကောင်းသူပါပဲ။ သင်ဟာ လူတွေ
ကျေနပ်အောင် ပြုလုပ်ပေးသူဖြစ်ပေမယ့် ဒီလို လုပ်ပေးခြင်းဟာ မကောင်းပြောခံရမှာ ကြောက်လို့ဆိုရင်တော့ ဒါဟာ
ပြဿနာ ရှိပါတယ်။ သူများဝေဖန်မှာ ကြောက်လို့ မပြောရဲ မဆိုရဲတော့ မဖြစ်ဘဲ မနေပါနဲ့။



-“ဂ”များပါက
သဘောမကောင်းတဲ့ဘက် ရောက်နေပါတယ် သင့်မှာ အကောင်းဆုံးသူငယ်ချင်း ဖြစ်နိုင်လောက်တဲ့ အရည်အချင်း
မရှိလောက်သေးပါဘူး။ သင်ဟာ မကောင်းတဲ့စိတ်နဲ့ တမင်သက်သက်ကြီး ညစ်တာ မဟုတ်ပေမယ့် ကိုယ်ရဲ့အပြုအမူက
တခြားသူအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာ မတွေးဘဲ ကိုယ်ရဲ့ပန်းတိုင်ရောက်ဖို့ ဘာမဆို
လုပ်မယ်ဆိုတဲ့ အပြုအမူ အတွေးအခေါ်ကြောင့် သင်ဟာ စိတ်မာသူလို့ အထင်ခံရတာပါ။ ဒါ့အပြင် ၀မ်းနည်းနေတဲ့
သူငယ်ချင်း၊ အသစ် ပြောင်းလာတဲ့ ကျောင်းသားသစ်ကို လျစ်လျူရှုထားတာဟာလည်း သဘောမကောင်းရာ
ရောက်နေပါတယ်။ ထင်မှတ်မထားတဲ့ အပြုအမူတွေ (ဥပမာ-၀မ်းနည်းနေတဲ့ သူငယ်ချင်းကို ချောကလက်ဝယ်ကျွေးခြင်း)
ပြုလုပ်ခြင်းဖြင့် သင်ရဲ့ စိတ်ထားကောင်းလေးတွေ ဖော်ထုတ်ပြပါ။ အကြံပေးချက်အနေနဲ့ အရင်ဆုံး တစ်နေ့ကိုတစ်ခါ
တစ်ယောက်ယောက်ကို ချီးကျူးစကားဆိုပါ။ ပြီးတော့ ပြုံးပြုံးလေးနေပါ။ အသေးအမွှား ကိစ္စရပ်လေးက အစ ကျေးဇူး
တင်စကားပြောဖို့ မမေ့ပါနဲ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့