Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

အချစ်က ........ကားနဲ့မလာပါ...........

(တစ်)
     သမီးရေ…………။
လူနဲ့လူ့အဖွဲ့အစည်းကြားထဲမှာ……..အရုပ်ဆိုးအကျည်းတန်တာတွေ…….မဖြစ်ရလေအောင်…ဘယ်လိုများ….
အသက်ရှင်နေထိုင်ရလျှင်..........ကောင်းလေမလဲလို့…........
အတွေးဝင်မိရာကစ…ဘဝကို....ကျနလှပအောင်…နေနိုင်စွမ်းသူတွေကို……တစ်စေ့တစ်စောင်းးး
အကဲခတ်မိသွားခဲ့ရပြီးး………
သမီးဖတ်ဖို့..ပေးစာတွေ…ရေးခဲ့မိတယ်…..။
အခုလဲ…………ဖေဖေ့မှာ…..ပြောစရာတစ်ခု……ရှိလာပြန်ပြီ….။အခုတစ်ခါပြောချင်တာကတော့…ငယ်ရွယ်သူတို့……
.သဘာဝ…….အချစ်ကိုဖွဲ့ဆိုတဲ့
မြင်ကွင်းလေးတစ်ခုကို….တွေ့မိရာက….ဖေဖေ့မှာ..ပြောစရာကလေးတွေ….ရှိလာခဲ့ရတာပါ…..။ဖေဖေတို့ကျောင်းရဲ့…
အရှေ့တက္ကသိုလ်လမ်းမကြီးရဲ့…
.တစ်နေရာမှာ….ဖေဖေမြင်ခဲ့ရတဲ့….မေတ္တာဖွဲ့မြင်ကွင်းလေးးတစ်ခုပါ……….

(နှစ်)

                    ဆယ်တန်းစာမေးပွဲကို အောင်ပြီးလို့ တက္ကသိုလ်တို့……. ကောလိပ်တို့………ကိုရောက်လာကြတဲ့အခါ
ငယ်ရွယ်သူတို့…….. သဘာဝ တစ်ယောက်နဲ့တစ်ယောက်မေတ္တာသက်ဝင်မိကြတာ…………… ၊
သည်မေတ္တာတရားကိုပဲ…… တစ်ယောက်နဲ့တစ်ယောက်ဖွင့်ဆိုကြတာ ။ နောင် အနာဂတ်အတွက်…….
ကြိုတင်တိုင်ပင် …ဆွေးနွေးကြတာ…. ဒါတွေဟာ ဘာမှမဆန်းကြယ်တဲ့ကိစ္စ…… ၊ ဘာမှမထူးဆန်းတဲ့ မြင်ကွင်းတွေပါ။
ခုံတန်းပြာကလေးတွေပေါ်မှာ ၊ ကျောင်းလမ်းမ အကောက်အကွေ့တွေပေါ်မှာ
…….စားသောက်ဆိုင်ကလေးတွေထဲမှာ၊ လှေကားထစ် အနိမ့်အမြင့်တစ်လျှာက်မှာ တစ်ပုံတစ်ပင်ကြီးပါ  သမီးရယ်။

          လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတော………့ ဖေဖေတို့ကျောင်းရှေ့ တက္ကသိုယ်လမ်းမကြီးပေါ်က
    လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်မှာ…… ဖေဖေ ထိုင်နေဖြစ်ခဲ့သေးတယ်။ ဈေးကိုအသွားမှာ
  ခရီးတစ်ထောက်အဖြစ်နဲ့ ……ဖေဖေ့စက်ဘီးကလေးကို ခဏထောင်ထားပြီး လက်ဖက်ရည် ၀င်သောက်နေဖြစ်ခဲ့
တာဆိုပါတော့။ ဆိုင်ထဲမှာကတော့ ကျောင်းသားတွေချည်းပဲ……..။ အရပ်သားက ရှိလှရင်
တစ်ယောက်စနှစ်ယောက်စပေါ့ ။ ဆိုင်ရှေ့မှကြတော့ စက်ဘီးတွေ ၊ ဆိုင်ကယ်တွေက ဟိုနားမတ်တတ် ၊
သည်နားမတ်တတ်။
          ဒါနဲ့ဖေဖေ လက်ဖက်ရည်သောက်  နေခဲ့တုန်းမှာပဲဆိုင်ထဲကို   ကျောင်းသားတစ်ယောက် ၀င်လာတယ်
သမီးရဲ့ ။ သူက သူ့စက်ဘီးကလေးကို ဆိုင်ရှေ့တစ်နေရာမှာရပ် ၊
  သော့တွေဘာတွေ     သေသေချာချာခတ်ပြီးတော့မှ သော့ကလေးကို လက်ထဲမှာ ဝှေ့ရမ်းကာ
     ဆိုင်ထဲကိုဝင်လာခဲ့ပြီး ဖေဖေ့ဘေးက      စားပွဲဝိုင်းမှာ      ၀င်ထိုင်ခဲ့တဲ့ ကျောင်းသား   တစ်ယောက်ပါ 
အဲသည့်ဝိုင်းမှာက သူ့အရင်ရောက်   နှင့်နေတဲ့    ကျောင်းသားတွေကလည်း  
သုံးလေးယောက်လောက်ရှိမယ်သမီးရဲ့ ။

          အဖေ အဲသည့်ဝိုင်းကို လှမ်းအကဲခတ်ကြည့်လိုက်တဲ့အခါ နောက်ဆုံးဝင်လာတဲ့ကျောင်းသားက သူ့လက်ထဲက
စက်ဘီးသော့ကို ကျောင်းသားတစ်ယောက်ကိုလှမ်းပေးနေလေရဲ့ ။ ပြီးတော့ အဲသည့်ကျောင်းသားရဲ့
ဆိုင်ကယ်သော့ကို လှမ်းတောင်းကာ ဆိုင်ကယ်ကိုလည်းခဏငှားနေပြန်ပါရဲ့ ။ လက်ဖက်ရည်ဆိုင်ထဲမှာ
ကြိုတင်ပြီးရောက်နေတဲ့ ကျောင်းသားကလေးက သူ့ဆိုင်ကယ်ကို သိပ်ပြီးငှားချင်ပုံ မရပါဘူး ။ ဒါကြောင့်ထင်ပါရဲ့
ဆိုင်ကယ်သော့ကို မပေးချင်ပေးချင်နဲ့ ။ နောက်ဆုံးတော့ “ သိပ်မကြာစေနဲ့ကွာ ၊ ခဏကလေးပါကွာ “ ဆိုတဲ့
အသံတွေရဲ့ အနောက်မှာ စက်ဘီးနဲ့ ၀င်လာခဲ့တဲ့ ကျောင်းသားက သူများဆိုင်ကယ်ကို
ခဏငှားစီးကာ ကျောင်းဘက်ကိုမသွားဘဲ ဈေးဘက်ကိုဦးတည်ထွက်ခွာသွားခဲ့ပါလေရဲ့ ။

                   (သုံး)

          ဖေဖေ အဲသည့် လက်ဖက်ရည်ဆိုင်ကလေးက ထွက်လာတာက သူနဲ့မရှေးမနှောင်းကလေးပဲ သမီးရဲ့
။ ဈေးဘက်ကိုသွားဖို့ ၊ ဟင်းချက်စရာကလေးနည်းနည်းပါးပါးဝယ်ဖို့ စိတ်ကူးတွေနဲ့ပေါ့ ။ ဖေဖေ စက်ဘီးကလေးကို
မှန်မှန်ကလေးနင်းရင်းလာခဲ့လိုက်တာ ဈေးနားကိုလည်းရောက်လုနီးရော မြင်ရတဲ့ မြင်ကွင်းကြောင့် ဖေဖေ့စိတ်ထဲမှာ
ညစ်ထေးထိုင်းမှိုင်းသွားခဲ့ရတော့တာပါပဲ ။

          ဖေဖေရဲ့ မျက်နှာချင်းဆိုင်မှာ ကျောင်းဘက်ကိုလာနေကြတဲ့နှစ်ယောက်သားပေါ့ ။
တစ်ယောက်က ကျောင်းသူမကလေး စက်ဘီးကလေးနဲ့ ။ ထီးကလေးကိုမနိုင်မနင်းဆောင်းလို့ ။
မျက်နှာပေါ်မှကြတော့ ရှက်တာရော အလိုမကျတာရော ။ စက်ဘီးကိုလမ်းရဲ့ နှုတ်ခမ်းသားနဲ့ ကပ်နိုင်သမျှကပ်အောင်
စီးလို့ ။ တစ်ယောက်ကတော့ လက်ဖက်ရည်ဆိုင်ထဲမှာ သူ့ရဲ့ စက်ဘီးကို ခဏထားခဲ့ပြီးသူများဆိုင်ကယ်ကို
ငှားကာထွက်သွားခဲ့တဲ့ ကျောင်းသားပါပဲ ။ ဆိုင်ကယ်ကို အနှေးစီးရင်း သူ့မေတ္တာကိုလိုက်ပြီး ဖွင့်ဆိုနေပုံရပါရဲ့ ။
ကာယကံရှင်ကျောင်းသူမကလေးရဲ့ ရင်ထဲမှာ ဘယ်လိုရှိနေမလဲဆိုတာကိုဖေဖေ မပြောတတ်ပါဘူး။
ဒါပေမဲ့ဖေဖေ့ရင်ထဲမှာမလှပနိုင်တာကတော့ အမှန်ပါပဲ။        
          ကိုယ်ပိုင်ပဲဖြစ်ဖြစ် ၊ တခြားသူရဲ့ ပစ္စည်းကို ငှားထားတာပဲဖြစ်ဖြစ် ၊ စက်ဘီးနဲ့လူကို
ဆိုင်ကယ်ပေါ်ကနေ မေတ္တာစကားကို လိုက်ပြောနေတဲ့ ဇာတ်ကွက်ကို ဘယ်လိုမှ လှပတယ်လို့ ဖေဖေက မမြင်တာပါ
။ ဖေဖေသာ အဲသည့်မိန်းကလေးနေရာမှာ ရှိခဲ့မိရင်သည်လို ယောက်ျားမျိုးကို အထင်သေးလို့ဆုံးမှာမဟုတ်တော့ဘူး
။ဆိုင်ကယ်နဲ့ အတူလာသောမေတ္တာလို့များ သူက အင်အားပြချင်နေသလား မပြောတက်ပါဘူး ။
စိန်လက်စွပ်ဝတ်ထားသောလက်ဖြင့် ဤမေတ္တာစာလွှာကို ပေးပါသည်ဆိုတာမျိုးများလား ။ တစ်ခါတစ်ခါ အထက်စီး
ယူထားတဲ့စိတ် ၊ အနိုင်ယူ စိုးမိုးထားလိုတဲ့စိတ်တွေစာ တော်တော့ကို သိမ်သိမ်မွေ့မွေ့ နဲ့
ကိုယ်ရောင်ဖျောက်နေတက်တယ်လေ။

          ဖေဖေတို့ တက္ကသိုလ်တက်နေတဲ့နှစ်ကာလတွေတုန်းက
ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်တဲ့သူငယ်ချင်းတစ်ယောက် ရှိဖူးတယ် ။ သူမြတ်နိုးလှတဲ့ မိန်းကလေးရှိရာ
အဆောင်ကိုလည်း သူနဲ့အတူ လိုက်လိုက်သွားဖူးတယ် ။ ဒါပေမဲ့ သူက ကားကို
အဆောင်အထိရောက်အောင်ဘယ်တော့မှ မောင်းနှင်သွားလေ့မရှိဘူး ။ ဖေဖေနဲ့ အတူလမ်းလျှောက်လို့ ။
သူ့မိန်းကလေးကိုစော်ကားသလို ဖြစ်မှာစိုးလို့တဲ့ ။ သူ့ကိုအထင်သေးမှာကြောက်လို့တဲ့ ။
ဒါကိုဖေဖေလည်းသဘောကျတယ် ။








          တောင်းဆိုတဲ့သူဟာ ဘယ်တော့မှ အထက်စီးကနေ နေရာမယူသင့်ဘူးထင်တာပါပဲ သမီးရယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့