Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

ရှာချိန်မှာ မရှာမိခဲ့လို့

ရှာချိန်မှာ မရှာမိခဲ့လို့ မုံရွေးဆရာတော် အရှင်ဥာဏသိဒ္ဓိ ၏ မိတ္ထီလာမြို့၊ သဖန်းကျေးရွာတွင်ဟောကြားတော်မူခဲ့သော “ရှာချိန်မှာ မရှာမိခဲ့လို့” တရားတော်မှ သံဝေဂပွားစရာ တရားစာစုလေးကို တင်ပြလိုက်ပါတယ်။
မည်မျှဥစ္စာ ချမ်းသာပါ သေခါမွဲ၍သေရမည်
မမွဲခင်ပင် ချမ်းသာစဉ် ကြိုတင်တရားရှာရမည်
မည်မျှအစားစာ စားနိုင်ပါ သေခါငတ်၍သေရမည်
မငတ်ခင်ပင် စားနိုင်စဉ် ကြိုတင်တရားရှာရမည်
စကားမည်မျှ ပြောကောင်းကြ သေခါအ၍သေရမည်
မအခင်ပင် ပြောနိုင်စဉ် ကြိုတင်တရားရှာရမည်
နတ်သို့ပမာလှနေပါ သေခါရုပ်ဆိုးသေရမည်
ရုပ်မဆိုးခင် မပုတ်သိုးခင်လှနေစဉ် ကြိုတင်တရားရှာရမည်
ချစ်သူမည်မျှပေါများကြ သေခါအမုန်းခံသေရမည်
အမုန်းမခံခင်ချစ်နေစဉ် ကြိုတင်တရားရှာရမည်
ဆဒ္ဒန်ဆင်ပမာအားရှိပါ သေခါအားကုန်သေရမည်
အားမကုန်ခင် အားရှိစဉ် ကြိုတင်တရားရှာရမည်။     ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့