Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

ရည်းစားအများကြီးထားရတဲ့ကောင်းကျိုးနဲ့ဆိုးကျိုး

ရည်းစားအများကြီးထားရတဲ့ကောင်းကျိုး

၁) ယောက်ကျားလေးတွေရဲ့အကြောင်းကိုပိုသိလာမယ်…
(အဲဒီထဲမှာမှ ကိုယ်လက်မခံနိုင်တဲ့အကျင့်တွေ ကိုယ်လက်ခံနိုင်တဲ့အကျင့်တွေသိနိုင်မယ်)
၂) ဘယ်သူက ကိုယ့်ဘဝကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူလဲဆိုတာ သိလာနိုင်တယ်
(ပြောရရင်ကိုယ့်ဘဝကို ပြည့်ပြည့်စုံစုံဖန်တီးပေးနိုင်တဲ့သူကိုရွေးနိုင်မယ်)
၃) ကိုယ့်မိဘအသိုင်းအဝိုင်းကလက်ခံနိုင်တဲ့သူကိုအကြိုက်ရွေးနိုင်တယ်…
(ဒါမှ နောင်တစ်ချိန်မိဘကို ပြန်ကြည့်နိုင်မဲ့သူမျိုးဖြစ်မယ်)
၎) ဘယ်သူက ကိုယ့်အပေါ်ဘယ်လောက်အနစ်နာခံချစ်သလဲ သေချာသိနိုင်မယ်..
(ကိုယ်က နဲနဲဆိုးတတ်ရင် အဲလိုလူမျိုးမှဖြစ်မှာ)
၅) အဓိက အချက်ကတော့ ကိုယ်က ဘယ်သူ့အပေါ်အချစ်ဆုံးလဲဆိုတာသိနိုင်မယ်….

ရည်းစားအများကြီးထားရတဲ့ဆိုးကျိုး

၁) ရည်းစားများတဲ့သူဆိုပြီး အထင်သေးခံရမယ်
၂) သူ့ဘက်မိဘအသိုင်းအဝိုင်းက ငြိုငြင်တာခံရမယ်
၃) ဘဝတစ်လျှောက်လုံးသူ့အတွက်နိုင်ကွက်ဖြစ်သွားမယ်
၎)ယောက်ကျားလေးတွေရဲ့ ပညာပေးခြင်းခံရမယ်
၅)အဓိကကတော့ ကိုယ်တကယ်ချစ်တဲ့သူကို ဆုံးရှုံးဖို့အရမ်းနီးစပ်သွားမယ်…။

တစ်ယောက်တည်းပဲ ချစ်ချင်တဲ့ကောင်းကျိုး

၁) ရည်းစားမများတဲ့နာမည်ကောင်းရလိမ့်မယ်..
၂) မိဘတော်တော်များများက သဘောကျတာခံရမယ်..
၃) ယောက်ျားလေးအတော်များများရဲ့အထင်ကြီးတာခံရမယ်
၎) ကိုယ်တစ်ကယ်ချစ်တဲ့သူရဲပ တန်ဖိုးထားတာ ခံရမယ်..
၅) အဓိကကတော့ ကိုယ့်ချစ်သူအတွက် ဖြူစင်တဲ့ ဇနီးကောင်း လင်ကောင်း ဖြစ်လာလိမ့်မယ်…

တစ်ယောက်တည်းပဲချစ်ချင်တဲ့ဆိုးကျိုး

၁) ကိုယ်ချစ်သူရဲ့လှည့်စားတာကို မကြာခဏ ခံရတတ်တယ်…။
၂) ကိုယ့်ပတ်ဝန်းကျင်မှာသူ့ထက်တော်တာတွေကို လက်လွှတ်သွားရတတ်တယ်။
၃) သူက ဘယ်လောက်ပဲ အကျင့်ဆိုးတွေရှိရှိ သူ့တစ်ယောက်ပဲချစ်တာဆိုတော့ အမြဲတမ်းခွင့်လွှတ်ပေးရမယ်….။
၎) ကိုယ့်ထက်သာတာတွေ့ရရင် ကိုယ့်ကိုထားခဲ့လိမ့်မယ် အဲဒီအခါကျရင် အရမ်းကြေကွဲ ဝမ်းနည်းရလိမ့်မယ်..
၅)အဓိကကတော့ ကိုယ့်ရဲ့ရိုးသားမှုကိုအသုံးချပြီးသူလှည့်စားသမျှခံရလိမ့်မယ်…။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့