Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

အချစ်ရေးနဲ့ပတ်သက်ပြီး.......ယောက်ကျားလေးများဖတ်သင့်သော စကားအခွန်း (၃၀)

၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမျာ
      ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။

၂) ကောင်မလေးလှလှလေးတွေကို ငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့အဲဒီကောင်မလေးဟာ ချစ်သူ
      လောက်မလှကြောင်းချက်ချင်း ပြောတတ်ပါစေ။

၃) သင့်ကို ချစ်သူအနိုင်ကျင့်လို့ရတယ်။ ဒါပေမယ့် ချစ်သူကိုသင်လုံးဝ အနိုင်မကျင့်ပါနဲ့...။ သင့်ကိုချစ်သူ အနိင်ကျင့်
      တယ်ဆိုလည်း ကောင်းတဲ့အရာလေးတွေတွေ့တိုင်း သင့်ကိုသူပထမဆုံး သတိရတတ်လို့ပါပဲ။

၎) ချစ်သူငိုတဲ့အခါ ချော့ပါ စိတ်မပျက်စတမ်းချော့ပါ။ ချစ်သူပြုံးတဲ့အထိချော့လိုက်ပါ...။

၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲထည့်ထားပါ။ ဟန်းဖုန်းပေါ်ကပ်ထားပါ။
      သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။

၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ကို သူမျှော်လင့်တတ်တယ်.။

၇) ဘယ်သွားရင်ကောင်းမလဲ?] ဘာစားရင်ကောင်းမလဲ????? လို့ချစ်သူမေးတဲ့အခါ ”ခင့်သဘော ခင်ကြိုက်တာစား”
      လို့မပြောပါနဲ့...။ ဒါဟာသူ့ကိုဦးစားပေးရာမရောက်ဘဲ သင်စိတ်မပါရာဖြစ်သွားတတ်တယ်...။

၈) ”ခင့်ကိုချစ်တယ်” လို့အမြဲပြောပေးပါ။မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူယူဆတတ်တယ်..။

၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူတစ်ယောက်တည်းထားမခဲ့ပါနဲ့။

၁၀) အမှားလုပ်မိတဲ့သူ့ကို သင်ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကိုချော့ပါ ဒါဟာအရေးကြီးတဲ့
         အချက်ဖြစ်တယ်...။

၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကို ပစ်မထားနဲ့။ သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးနဲ့။ တကယ်တော့
         စိတ်ကောက်ပြေဖို့သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်..။

၁၂) သင့်သူငယ်ချင်းတွေနဲ့သင်ပျော်ပါးလည်ပတ်လို့ရတယ်။ ဒါပေမယ့် သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။

၁၃) သင့်ကို သူလွမ်းတယ်လို့ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့အချိန်ပေးပါ။

၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနား
         မှာ ရှိမနေခဲ့ရင်အဲဒီမိန်းကလေးနဲ့ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။

၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကို တွဲထားဖို့မမေ့ပါနဲ့။

၁၆) ဘယ်လောက်ပဲအလုပ်များနေပါစေ သူ့ကိုဖုန်းဆက်ဖို့မမေ့ပါနဲ့.....။ (ဖုန်းရှိမှနော်..)

၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။

၁၈) နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့်ရှိတယ်..။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်
         ပါနဲ့။ စိတ်မတိုပါနဲ့။ သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့...။

၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝအဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။

၂၀) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက်မပိုပါနဲ့....။ တခြားကောင်မလေးတစ်ယောက်ကို
         ကြည့်တဲ့အကြည့်က ငါးကြိမ်ထက် မပိုပါစေနဲ့..

၂၁) တလောကလုံး သူ့ကို မယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ
         ဆက်ဆံလိမ့်မယ်...။

၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါချီးကျူးဖို့မမေ့ပါနဲ့။ မပေါ်တပေါ်ကို ပြောတာဟုတ်ဘူးနော်...

၂၃) ချစ်သူနဲပ ရန်ဖြစ်တဲ့အချိန် (၃) မီနစ်ထက် မကျော်စေနဲ့။ အသံနှုန်း  20 Decibel ထက်မမြင့်စေနဲ့..။

၂၄) အားကစားလိုက်စားပါ။ ခန္ဓာကိုယ်တောင့်တင်းအောင်ကျင့်ပါ။ သူ့ကို ပွေ့မနိုင်အောင်ကျင့်ပါ။......

၂၅) သူစိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါသူ့ကိုဖက်ထားလိုက်ပါ။ သူနဲ့ငြင်းခုန်ဖြေရှင်းဖို့ မကြိုးစားပါနဲ့..။

၂၆) ဖုန်းဓာတ်ခဲကုန်သွားလို့ဆိုတဲ့ အဖြစ်မျိုးမဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သင်ဘယ်ရောက်နေတယ်
       ဘာလုပ်နေတယ်ဆိုတာမျိုး သူ့ဆီဖုန်းဆက်ပြီး ပြောပြနိုင်ရင်အကောင်းဆုံးပဲ။

၂၇) သူ့အားနည်းချက်တွေနဲ့ သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါ အဲဒီအားနည်းချက်ကို ထပ်တလဲလဲ ထုတ်ဖော်မပြပါနဲ့။

၂၈) အကျိုးအကြောင်းမသင့် သူပြောတာ်းစိုင်းတာ မဟုတ်ပါဘူး။ သူချွှဲနွှဲ့တာပါ။

၂၉) ဘာအကြောင်းပဲရှိရှိ သင်နဲ့အတူ သူ မျှဝေလိမ့်မယ်။ သူပြောသမျှသင်နားလည်ချင်မှလည်းနားလည်မယ်။
         ဒါပေမယ့်သူပြောသမျှသင်နားထောင်ဟန်ဆောင်လိုက်ပါ။

၃၀) သူမှန်တယ်လို့အမြဲတမ်းထင်နေပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ သူ့အချစ်ဆုံးဖြစ်နေလို့ပါ...။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့