Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

အောင်မြင်မှု အတွက်အကောင်းဆုံးဘဝ အတွေ့အကြုံ

                            တစ်ခါက လူတစ်ဦးသည် မမျှော်လင့်ဘဲ ပိုးအိမ်တစ်အိမ်ကိုတွေ့လေသည်။ ရက်များမကြာမီ ထိုပိုးအိမ်ထိပ်တွင် အပေါက်ငယ်တစ်ပေါက်ကို သူသတိပြုမိသည်။
                            ပိုးအိမ်ထဲမှ လိပ်ပြာလေးတစ်ကောင်သည် သူ၏သေးငယ်သော ခန္ဓာကိုယ်ကိုအားပြု၍ ထိုအပေါက်မှ အပြင်သို့ရောက်ရှိနိုင်ရန် ကြိုးစားရုန်းကန်နေသည်ကို စိတ်ဝင်စားစွာ သူရပ်ကြည့်နေမိသည်။
                            သို့သော် အချိန်သာကုန်သွားသည်။ လိပ်ပြာလေးမှာ ကြိုးစားရုန်းထွက်သော်လည်း အရာမရောက်ခဲ့ပေ။ ထိုအခါ ထိုသူမှာ လိပ်ပြာလွယ်ကူစွာ ထွက်လာနိုင်ရန် အပေါက်အားကပ်ကြေးဖြင့် ညုပ်ပေးလိုက်သည်။ လိပ်ပြာမှာအပြင်သို့ လွယ်ကူစွာ ထွက်လာနိုင်သော်လည်း သူ၏ပုံသဏ္ဍာန်မှာ အခြားလိပ်ပြာများနှင့် ကွဲပြားနေသည်။ ခန္ဓာကိုယ်မှာကြီးထွားနေပြီး တောင်ပံမှာသေးငယ်နေသည်။
                               ထိုသူသည် အခြားလိပ်ပြာများနှင့် အသွင်ကွဲနေသော ထိုလိပ်ပြာကို ရပ်ကြည့်နေမိသည်။ လိပ်ပြာ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းသေးသွားပြီး တောင်ပံမှာ တဖြည်းဖြည်းသန်မာလာကာ ပျံသန်းနိုင်မည်ဟု သူထင်ထားသောကြောင့်ဖြစ်သည်။ သို့သော် လိပ်ပြာငယ်မှာ ကြီးမားသောခန္ဓာကိုယ်နှင့် သေးငယ်သောအတောင်ပံဖြင့် မြေကြီးပေါ်တွင်သာ တွားသွားနေရသည်။ လုံးဝ ပျံသန်းနိုင်ခြင်း မရှိခဲ့ပေ။
                            လိပ်ပြာသည် အပြင်သို့ရောက်ရန် ထိုအပေါက်မှ ဖြည်းဖြည်းချင်း အားပြုထွက်ရမည်ကို စိတ်ထားကောင်းသော ထိုသူ မသိခဲ့ပေ။ ထိုသို့ အချိန်ယူရုန်းထွက်မှ လိပ်ပြာ၏ခန္ဓာကိုယ်ထဲရှိ အရည်များသည် ဖိအားကြောင့် အတောင်ပံသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။ ထိုမှ အပြင်သို့ရောက်လျှင် သန်မာသောတောင်ပံတစ်စုံအဖြင့် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဤသည်က သဘာဝတရား၏ ထူးဆန်းသောဖွဲ့စည်းမှုဖြစ်သည်။
                လိပ်ပြာလေး ပိုးအိမ်အတွင်းမှ ဖြည်းဖြည်းချင်း အားဖြင့်ရုန်းထွက်ခြင်းသည် အပြင်လောကတွင် အားမာန်နှင့်ပျံသန်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုဖြစ်သည်။
                ဘဝတွင် ကြိုးစားရုန်းကန်ခြင်းသည်၊ ကျွန်တော်တို့အတွက်ရှိသင့်သည်။ အကယ်၍လောကကြီးတွင် လုပ်လိုက်သမျှအရာ တိုင်း အဆင်ပြေချောမွှေ့နေလျှင်၊ လိုချင်သမျှ အလွယ်တကူဖြစ်အောင် ဖန်တီးပေးထားလျှင် ကျွန်တော်တို့သည် ကြိုးစားချင်မည် မဟုတ် ၊ ဘဝသည်ကြီးပြင်းရင့်ကျက်လာမည် မဟုတ်ပေ၊ အခက်အခဲ၊ ဆုံးရှုံးမှုများကြား ကြိုးစားရုန်းထွက်ခြင်းသည် ဘဝ၏ အောင်မြင် မှုအတွက် အကောင်းဆုံး အတွေ့အကြုံပင်ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့