( ဟာသလည်းမဟုတ်ပါ။
ဒီပုံပြင်လိုလို၊ တကယ့်အဖြစ်လိုလိုလေးကို
ဘယ်မှာဖတ်ဖူးခဲ့တာလည်း( သို့မဟုတ် )ဘယ်သူ့ဆီက ကြားဖူးခဲ့တာလည်း
လုံးဝ စဉ်းစားလို့မရ။ မမှတ်မိတော့ပါ။ )
တစ်ခါက ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ဦးသည်
သူ၏ စီးပွားရေးလုပ်ငန်းများရှိရာ ဒေသများသို့
စီးပွားရေးကိစ္စနှင့်ပတ်သက်၍ ခရီးထွက်ခဲ့သည်။
မြစ်ကမ်းနဘေးအတိုင်းရှိသောလမ်းမှ ကားမောင်းလာစဉ်
တောရွာတစ်ရွာကို ဖြတ်သွားရသည်။
ထိုသို့ဖြတ်သွားစဉ် လမ်းဘေးတစ်နေရာတွင်
မှောက်ထားသောလှေတစ်စင်းကိုမှီ၍ထိုင်ပြီး
ဆေးတံသောက်နေသော ဆင်းရဲသည့် လယ်သမားတစ်ဦးကို သူဌေးကြီးမြင်လိုက်သည်။
ကားဒရိုင်ဘာကို နောက်ပြန်ဆုတ်ခိုင်း၍ ထိုလယ်သမားကြီးအနီးတွင် ရပ်ခိုင်းသည်။
ကားရပ်သောအခါ သူဌေးကြီးဆင်းပြီး လယ်သမားကြီးထံ လျှောက်သွား၍
“ဒီမှာ ကျေးဇူးပြုပြီးခင်ဗျာ … စကားနည်းနည်းပြောချင်ပါတယ်” လို့ ဆိုပါသည်။
“ခင်ဗျား … အလုပ်မလုပ်ဘူးလား” ဟု မေးရာ
လယ်သမားကြီးက “အလုပ်က ပြီးသွားပြီး နားနေတာ” ဟု ပြန်လည်ဖြေကြားပါသည်။
“ခင်ဗျားတို့ အဲဒါခက်တာပဲ … အချိန်ကို အလကားမထားပဲ
အလုပ်ကို ကြိုးစားပမ်းစား လုပ်မှပေါ့” ဟု ပြောဆိုပါတော့သည်။
လယ်သမားကြီးက အေးအေးဆေးဆေးပင်
“ကျုပ်က ဘာကြောင့် ကြိုးစားပမ်းစား အလုပ်လုပ်ရမှာလည်းဗျာ” ဟု ပြန်မေးရာ
သူဌေးကြီးက “ ကြိုးစားပမ်းစား အလုပ်လုပ်တော့ ပိုက်ဆံချမ်းသာတာပေါ့ဗျ” ဟု ပြော၏။
ထိုအခါ ဆင်းရဲသားလယ်သမားကြီးက “ပိုက်ဆံချမ်းသာတော့ ဘာဖြစ်သလဲဗျ” ဟု မေး၏။
“ပိုက်ဆံချမ်းသာတော့ အလုပ်လုပ်စရာမလိုပဲ ဇိမ်နဲ့နေနိုင်တာပေါ့ဗျ”ဟု
သူဌေးကြီးက ပြန်ပြီး ဖြေသောအခါ လယ်သမားကြီးက ပြုံး၍
“ကျုပ်က အခုရော ဘာဖြစ်နေလို့လဲ” ဆိုသတဲ့။
ယနေ့ ကြီးပွားတိုးတက်လိုစိတ်ရှိသူတိုင်း လူတိုင်းလူတိုင်း အလုပ်ကို
ကြိုးစားပမ်းစားလုပ်ကြသည်။ လုပ်နေကြသည်။
(၁) လုပ်ရသည့်အလုပ်အတွက်ရယ်ကြောင့်လည်းကောင်း၊
(၂) မိမိအလုပ်နှင့်ပတ်သက်သည့် ဂုဏ်သိက္ခာနှင့် ပတ်သက်၍လည်းကောင်း၊
(၃) အလုပ်လုပ်ရာမှ ကြီးပွားတိုးတက်လာသဖြင့် ပိုင်ဆိုင်လာသော ရုပ်ဝတ္ထုပစ္စည်းများနှင့်
ပတ်သက်၍လည်းကောင်း…
ဒုက္ခများ လှလှကြီးတွေ့နေရသည်ကိုတော့ ဒီလူတွေ သတိဝင်ခဲသည်။
ထိုဒုက္ခများကို ဒုက္ခမှန်းမသိသည့် =အ၀ိဇ္ဇာနှင့်
ထိုဒုက္ခများကို ဒုက္ခမှန်း(လွယ်လွယ်လေးကို)မသိ၊ သုခထင်နေသည့် =တဏှာတို့ဖြင့်
ဘ၀တွေလည်၊ အလုပ်တွေများ၊ ကိစ္စတွေရှုပ် … ဖြင့်
သံသရာခရီးကို မိမိကံဖြင့်မိမိ ဖန်တီးဆွဲစန့်ကြလေသည်။
(၁) သြော် ... တကယ့်လိုအပ်ချက်ဖြစ်သော စား၊၀တ်၊နေရေးအတွက်လောက်တော့ဖြင့်...
(၂) ဘယ်လောက်ပင် ပြောပြောဟောဟော “လူပဲ … ဒါတော့ ……………” ဆိုလျှင်ဖြင့် …
No comments:
Post a Comment