“အလွမ်းမဲ့”
အကြင်နာတရားကို
လူကြားကောင်းအောင် မပြောတတ်လို့
နင်နဲ့ဝေးရမယ်ဆိုရင်
ဘ၀ရဲ့လုပ်ပိုင်ခွင့်ဟာ
ကံကြမ္မာနဲ့သာ သက်ဆိုင်လိမ့်မယ်
“ ချစ်တယ် ” ...........လို့
ဖွင့်မပြောဖြစ်တဲ့စကားတစ်ခွန်းရဲ့
သက္ကရာဇ်တို့စီးဆင်းရာလမ်းမှာ
နောင်တမြစ်ကျိုးအင်းတွေ
မကျန်ရစ်ခဲ့ပါဘူး
အချစ်နဲ့အမုန်းတွေ
စစ်မဖြစ်စေဖို့
ငါ့ရဲ့ “အလွမ်း” ဆိုတာ
ဘယ်သူမှ မမြင်သာအောင်
သိုဝှက်နေရတဲ့
ဘ၀ပေးဝဋ်ကြွေးတစ်ခုပါ။
No comments:
Post a Comment