Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

မဖြစ်သင့်တော့တဲ့အချစ်တစ်ခု(I am sorry I love you!)

ညကိုပုံဖော်ပေးလျက်ရှိတဲအမှောင်ထုကိုထွင်းဖောက်ပြီးတလက်လက်တောက်ပနေတဲကြယ်ပွင့်လေးတွေကိုမော့ကြည့်
ရင်းနာနာကျင်ကျင်ပြုံးလိုက်မိတယ်............

" ငါဝန်ခံပါတယ်....နင်သတိရရမရရ ငါကတော့ ညတိုင်းကောင်းကင်ကကြယ်လေးတွေ
ကြည့်ရင်းနင့်ကိုညတိုင်းသတိရတယ် " တဲ့ .............


နင်ပြောခဲ့ တဲ့ စကားနင်မှတ်မိသေးလား.........ငါကတော့ ငါတို့ ပြောဖူးသမျှစကားလုံးတွေအားလုံးကိုမှတ်မိနေသေး
တယ်နင်နဲ့ ငါစတွေ့ ကပြောခဲ့ တဲ့ စကားတွေကိုအခုအချိန်ပြန်ဖတ်မိရင်ဟာသတစ်ခုလိုရယ်မောနေမိတယ်....

ပထမဆုံးစကားစပြောတဲ့ နေ့ မှာနင့်ဘက်ကစခေါ်ခဲ့ တယ်......long time no see တဲ့ ......ငါကြောင်သွားတယ်
ဘာပြန်ပြောရမှန်းမသိခဲ့ ဘူး.......ဘာလို့ လဲဆိုတော့ နင်နဲ့ တစ်ခါမှစကားမပြောခဲ့ ဖူးလို့ ပဲ.....
နင်ကမတွေ့ တာကြာပြီဆိုတော့ ငါဇဝေဇ၀ါနဲ့  မှတ်မိသလိုလိုမမှတ်မိသလိုလိုနဲ့ ........ငါဖောရတော့ တာပေါ့..

ငါမှတ်မိသေးတယ်နင်ကလည်းတသက်မမေ့ ဘူးလို့ ပြောပါတယ်....နင်နေတဲ့ နေရာကိုတောလို့ ပြောလို့ တဲ့ လေ..
တကယ်တော့ နင်နဲ့ ငါအဲဒီကတည်းကနားလည်မှူစလွဲခဲ့ တာနော်........ငါပြောတာကအဲဒီအဓိပ္ပါယ်မဟုတ်ပါဘူး...
ငါ့အာရုံထဲမှာလှည်းတွေနဲ့ ချောင်းလေးတွေ့ တယ်လို့ ပဲပြောခဲ့ တာ.......ငါတောလို့ မပြောပါဘူး
လှည်းနဲ့ ချောင်းကိုကူးရမှာဆိုတော့ လှည်းကူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောခဲ့ တာပါ......
ကဲဒါကထားပါတော့ .......နင်သင်္ကြန်တုံးကတရားစခန်းဝင်မယ်ပြောတုံးကငါသာဓုနှစ်ခွန်းပဲခေါ်ရသေးတယ်......

အခုကျန်တဲ့ တစ်ခွန်းခေါ်မယ်နော်.........သာဓုပါဗျာ...........

 
နင်ငါ့ကိုအမြဲတမ်းဘလော့ လုပ်မယ်လို့ ပြောခဲ့ တယ်....တကယ်ဆိုငါတို့ စတွေ့ ကတည်းကနင်လုပ်ပစ်ခဲ့ သင့်တာ..
အခုတော့ နင်လဲငါ့ကြောင့်စိတ်ညစ်ရတယ်.......ငါ့နှလုံးသားလဲအဆိပ်သင့်ခဲ့ ၇တယ်........
"နင်ကငါ့ရဲ့ အွန်လိုင်းကအခင်ဆုံးသူငယ်ချင်းပါ"  လို့ နင်ပြောခဲ့ တယ်.......

အဲဒိသူငယ်ချင်းဆိုတဲ့ စည်းတစ်ဖက်ကငါကတော့ နင့်ကိုချစ်မှန်းမသိချစ်မိသွားတာငါ့ကိုယ်ငါတောင်မသိခဲ့ ဘူး...
စနေနေ့ တိုင်းအွန်လိုင်းမှာတွေ့ ဖို့ ငါတို့ ပြောခဲ့ ကြတယ်.......ငါစောင့်နေရင်နင်ေ၇ာက်မလာတက်ပေမဲ့ ...
ငါမအားတဲ့ အခါပိုက်ဆံမလောက်တော့ တဲ့ အခါဆိုရင်တော့ နင်ရှိနေတက်တယ်.........
message နဲ့ ဆက်သွယ်ရင်းနင်ကြိုက်တဲ့ သီချင်းတွေကိုငါမရရအောင်ရှာပြီးပို့ ပေးခဲ့ တယ်.......

ငါစိတ်ညစ်နေတဲ့ လို့ ပြောတော့ နင့်ကိုပြောပြဖို့ နင်ပြောခဲ့ တယ်.....အဲဒီအကြောင်းနင့်ကိုမပြောခဲ့ သင့်ဘူးဟာ.
အဲဒီနောက်ပိုင်းငါစိတ်ညစ်စရာပေါ်လာတိုင်းနင့်ကိုရင်ဖွင့်ဖြစ်ခဲ့ တယ်.နင်ငါ့ကြောင့်စိတ်ညစ်ခဲ့ ရတာကိုငါမမေးဖြစ်
ခဲ့ ဘူး.........နင်လဲမပြောပြခဲ့ ဘူး........နင်နဲ့ ငါတွေ့ တိုင်းနင်ပြောချင်တာပြောပြီးနင်အမြဲထွက်သွားတက်တယ်...
ငါဘာဖြစ်ကျန်ခဲ့ လဲ....နင့်စကားတွေကြောင့်ငါဘယ်လောက်ရင်နာရလဲဆိုတာနင်သိမှာမဟုတ်ပါဘူး............
.နင်ငါ့ကိုအမြင်ကတ်လို့ ခေါ်တဲ့ နာမည်ကိုငါသဘောကျသွားတာတော့ ဆန်းတယ်နော်.............

 
နင့်ကိုပြောချင်တဲ့ စကားတွေနင့်ဆီမပို့ ဖြစ်တဲ့ စာတွေအမှိုက်ပုံးထဲလွှတ်ပစ်ခဲ့ တာလဲမနည်းတော့ ပါဘူး..........

အချစ်ဆိုတာငါ့အတွက်အဖြစ်သင့်တော့ အရာမို့ သူငယ်ချင်းဆိုတဲ့ နံရံတွေကြားမှာငါ့ကိုယ်ငါအမှောင်ချပစ်ခဲ့ တယ်

နင့်ကိုချစ်တဲ့ အချစ်တွေနင့်ကိုလွမ်းတဲ့ အလွမ်းတွေနဲ့ အချိန်တစ်ရက်တစ်မနက်အတွက်အားတင်းအသက်ရင်ရင်း..
မျော်လင့်ချက်မှိန်မှိန်လေးမှာငါပြုံးနေတက်ခဲ့ တယ်.........

ငါ့ရင်ခုန်သံတွေenterခေါက်မိမှာစိုးလို့ ငါနင့်ကိုစကားစမပြောရဲတာပါဟာ.......နင်ငါ့ကိုစိတ်ဆိုးတယ်မဟုတ်လား
ပြန်မချော့ တက်တဲ့ ငါ့ကိုနင်အမြဲမခေါ်တော့ ဘူးဘလော့ လုပ်ပြစ်မယ်လို့ ပြောပြီးစိတ်ကောက်တက်တယ်........
ခဏခဏပဲ........ငါမသိတော့ ဘူးသူငယ်ချင်းရယ်......နင့်သဘောအတိုင်းပါ.........

'နင်ငါ့ကိုမစောင့်နဲ့ တော့ " လို့ နင်ပြောပေမဲ့ ငါနေ့ တိုင်းအွန်လိုင်းပေါ်မှာတစ်နေ့ (6)နာရီတက်စောင့်နေမိတယ်......
နင်ကြားရက်တွေမလာတက်တာငါသိပေမဲ့ .ညဘက်တွေမလာဘူးဆိုတာငါသိပေမဲ့ ......အခုလိုစောင့်နေရတာကိုက
ငါ့ရဲ့ ရှင်သန်ခွင့်တစ်ခုလိုဖြစ်နေတယ်ဆိုတာနင်သိမှာမဟုတ်ဘူး.........
"ငါမသိတော့ ဘူးဟာ...."  လို့ နင်အမြဲပြောတယ်

နင်တကယ်ဘာမှမသိခဲ့ တာပါ.
မဖြစ်သင့်တော့ တဲ့ အချစ်တစ်ခုအတွက်...မချစ်သင့်တော့ တဲ့ ငါ့အဖြစ်အတွက်
ငါနင့်ကိုချစ်တာနင်ဘာမှမသိတာပဲကောင်းပါတယ်............နင့်စိတ်ကိုလဲငါမသိခဲ့ ဘူး...
တိုင်ပင်ဖို့ ပဲငါသိခဲ့ တယ်.............
ငါစိတ်ကိုလဲနင်ဘာမှမသိပါဘူး........နင်စိတ်ညစ်အောင်အမြဲပြောတယ်.ငါ့ကြောင့်နင်စိတ်ရှုပ်တယ်
ဒါပဲနင်သိခဲ့ တယ်.............
ငါ့ရင်တွေလဲနာလှပါပြီဟာ...မျက်ရည်ဆိုတာဘာမှန်းမသိတဲ့ ငါ့ကိုနင့်စကားလုံးတွေကခြွေချပြသွားခဲ့ တယ်
သူငယ်ချင်းရေ..........ကျေးဇူးပဲဟာ........မရိုးသားတဲ့ အဖြူရောင်တွေနဲ့ ငါပြောဦးမယ်......
နင်ကငါ့ရဲ့ အွန်လိုင်းမှာအယုံကြည်ရဆုံးနဲ့ အခင်ဆုံးသူငယ်ချင်းပါလို့ ...........
ငါ့ကြောင့်နင်စိတ်ညစ်ခဲ့ ရတာတွေအတွက်တော့ ငါတောင်းပန်ပါတယ်....
နင်ပြတ်ပြတ်သားသားနဲ့ ငါ့ကိုဘလော့ လုပ်လိုက်ပါတော့ ဟာ.......
ငါခံနိုင်ရည်မရှိတော့ လို့ ပါငါသွားတော့ မယ်........မသေချာတော့ တဲ့ ငါ့မနက်ဖြန်အတွက်ကြိုပြီးနှုတ်ဆက်ခဲ့ တယ်
နော်.........မဖြစ်သင့်တော့ တဲ့ အချစ်တစ်ခုအတွက်မဖြစ်နိုင်မဲ့ အိပ်မက်တွေမက်နေမဲ့ အစား......
ငါတို့ ဖြစ်သင့်တာတစ်ခုကိုပြောင်းလုပ်လိုက်ကြရအောင်........ငါ့ကိုဘလော့ လိုက်တော့ ဟာ........

.ကျေးဇူးတင်သင့်တာကိုကျေးဇူးတင်ပြီးတောင်းပန်သင့်တာတွေအတွက်လဲငါတောင်းပန်ပါတယ်.....

နင်ကျေနပ်ပါတော့ ဟာ................

I am sorry, I love you .

မဖြစ်နိုင်တော့ တဲ့ ငါ့မနက်ဖြန်တွေအတွက်ပေါ့.....................

I am sorry , I love you!
I am sorry ,I love you!
I am sorry ,I love you!

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့