ချစ်ဖူးသူရေ.....
အလွမ်းကဗျာတွေကိုမှ တမ်းတမ်းစွဲ ရေးနေတတ်တဲ့
ငါတစ်ယောက်တော့ ဒီတစ်ခါလည်း
မင်းအတွက် အလွမ်းကဗျာလေး ရေးလိုက်တယ်နော်.....
ပိုင်ဆိုင်ခွင့်ရတာလဲလောကဓံ စွန့်လွှတ်ခဲ့ရတာလဲလောကဓံ ဆိုရင်
ဘယ်သူမဆို ချစ်သူကို ပိုင်ဆိုင်ရတဲ့လောကဓံကိုပဲ
အပြုံးမပျက် ရင်ဆိုင်ချင်ကြမှာပဲနော်....
လူတွေရဲ့သက်တမ်းတစ်ဝက်မှာ မျှော်လင့်ရင်းနဲ့ အချိန်ကုန်တယ်
ကျန်တစ်ဝက်က လိုတာတွေမရလို့ ပူဆွေးရင်းနဲ့ကုန်တယ်တဲ့
ပညာရှိစကား ငါကြားဖူးခဲ့တာပါ....
ငါလည်းမျှော်လင့်ချက်အိပ်မက်တွေ မက်ခဲ့ပါတယ်
ပိုင်ဆိုင်ခွင့်ဆိုတာထက် အပြစ်ကင်းစွာနဲ့ချစ်နေခွင့်လေးပေါ့....
ငါကံမကောင်းခဲ့ပါဘူး......မင်းအတွက်ငါက
ပွဲလည်မှာမတင့်တယ်နိုင်ခဲ့လို့လား ...ဒါမှမဟုတ်
မင်းရဲ့အရှုပ်ထုပ်တွေ မပြေငြိမ်းသေးလို့လား
င့ါကိုတော့ ချောင်ထိုးထားခဲ့တာ သေချာပါတယ်.....
နားလည်ပေးခဲ့ပါတယ်ချစ်သူ...... တစ်ခါတစ်ခါ
နင့်သူငယ်ချင်းဆိုတဲ့ကောင်တွေ ငါ့ရှေ့မှာနင့်ကိုချစ်ရေးဆိုခဲ့တာ
ငါသိပေမယ့်....နင့်ကို သတိပေးရုံအပြင် ငါဘာများလုပ်ခဲ့လို့လဲ......
သူငယ်ချင်းနဲ့ချစ်သူကို တန်းတူအခွင့်ရေးပေးတတ်တဲ့
နင့်အကျင့်ကြောင့်.....ညဥ့်နက်စွာ ငါတွေဝေခဲ့ရတယ်.....
ပြတ်သားမှုကို ဦးဏှောက်က ညွှန်ပြပေမယ့်
မသိစိတ်က...နှလုံးသားကိုမလွန်ဆန်နိုင်ပြန်ဘူး.....
ဆုံးဖြတ်ချက် ခက်တဲ့အချိန်တိုင်း င့ါကိုငါ
ဒဏ်ရာတွေပဲ အကြိမ်ကြိမ်ပေးမိတယ်....
မာနရှိတဲ့ချစ်တတ်သူဆိုတာ မင်းကိုသိစေချင်ပါတယ်ချစ်သူ
ဒါပေမယ့် င့ါမင်းကိုနှုတ်မဆက်ချင်ပါဘူး....
င့ါကိုမလိုအပ်တော့လို့ လှည့်မကြည့်ချင်ရင်လဲ
လက်ပြရုံလေးပြပေးခဲ့ပါ...
ကျန်နေသေးတဲ့ ငါ့သက်တမ်းတွေကို
လွမ်းဆွေးချင်းတွေနဲ့ ကုန်ဆုံးချင်လို့ပါ.....
No comments:
Post a Comment