ချစ်သူ - - - - - -
လူတိုင်း လူတိုင်း ဘ၀မှာ
ဘယ်တော့မှ မမေ့နိုင်တဲ့
အမှတ်တရ နေ့လေးတွေ
ရှိခဲ့ဖူးကြမှာပါ။
ငါလည်း
လူသားတစ်ဦးမို့
ဘယ်တော့မှ မမေ့နိုင်တဲ့
နေ့လေးတစ်နေ့ရှိခဲ့ဖူးတယ်။
သိပ်ချစ်ရတဲ့နင်က
လမ်းခွဲစကားပြောပြီး
ငါ့ဘ၀ထဲက အပြီးအပိုင်
ပျောက်ကွယ်သွားတဲ့ နေ့လေးပါ။
နင်နဲ့ ငါဟာ
ယုံကြည်ကိုးကွယ်ရာ
ဘာသာမတူခဲ့တာ
ငါ့အပြစ်လားချစ်သူရယ်။
ဘာသာမတူပေမဲ့
သိပ်ချစ်နေကြတဲ့ ချစ်သူတွေ
အများကြီးရှိနေတယ်ဆိုတာ
နင်မသိခဲ့တာလား???
မသိချင်ယောင်ဆောင်နေတာလား????
နင်ကတော့ သိပ်ချစ်နေမိတဲ့
လူတစ်ယောက်ကို ချန်ထားခဲ့ပြီး
မမြင်တွေ့နိုင်တဲ့
အဝေးဆုံးတစ်နေရာမှာ
ငါ့ကို မေ့နိုင်အောင်
ကြိုးစားနေမှာပေါ့နော်။
နင့်ကိုသိပ်ချစ်တဲ့ ငါကတော့
နင့်ကို လွမ်း (သတိရ) တဲ့စိတ်ကြောင့်
ဝေဒနာတွေနဲ့အတူ ကွဲကြေသွားတဲ့
ငါ့အသည်းနှလုံးကို
လာကြည့်လှည့်ပါအုံး ချစ်သူရယ်- - - - - -။

No comments:
Post a Comment