Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 12 June 2012

......တစ်ချိန်ကချစ်သူသို့ ......

တစ်ခါတုန်းကပေါ့ ဆိုတဲ့စကားလေးတစ်ခွန်းဟာ

ခုအချိန်မှာ ရင်ထဲကဝေဒနာတွေအတွက်

ဖြေစရာမရှိအောင်ပဲ နာကျင်နေခဲ့ရတယ်ဆိုတာ

ခုမှငါသိခဲ့ရပါတယ်......

မင်းအတွက်နဲ့......

အလှမ်းဝေးတယ်ဆိုတဲ့ခရီးတွေတောင်

ဟောဒီလူရဲ့ရှေ့မှာပြားပြားဝပ်ကုန်တယ်...ဆိုရင်

အဲဒီ တစ်ခါတုန်းကပဲ မင်းကျေနပ်ခဲ့တာနေမှာပါ....

တကယ်ဆိုရင်မင်းကနားလည်မပေးနိုင်ခဲ့ပေမယ့်

ကမ္ဘာကြီးအစပျိုးစဉ်က ပထမဆုံးကြွင်းကျန်ရစ်ခဲ့တဲ့

ကျောက်ဖြစ်ရုပ်ကြွင်းတောင်မှ ငါ့ရင်ဘတ်ထဲက

ချစ်ခြင်းဆိုတဲ့ ကျစ်လျစ်သိပ်သည်းမှုကို

ခြေဖျားတောင်မှီမှာမဟုတ်ပါဘူး...................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့