Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 12 June 2012

သူမ၏ ပထမဆုံး သည်းထိတ်ရင်ဖို အတွေ.အကြုံ

ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။
သူမသည်ကျောခင်းကာ လှဲအိပ်ရင်း ကြွက်သားများကိုတောင့်ထားမိလေသည်။
သူ.ကိုငြင်းဆန်ရန် အကြောင်းပြချက် မျိုးစုံကိုစဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိသည်။
သို.သော် သူကတော့ လုံးဝလက်လျော့ဟန်မပြန်ဘဲ သူမအနားသို.တိုးကပ်လာလေသည်။
ကြောက်နေသလားဟု မေးသောအခါတွင် သူမကရဲဝံ့စွာ ခေါင်းခါပြမိသည်။
သူသည် အခုလိုကိစ္စများတွင် အတွေ.ကြုံရင့်ကျက်သူ တစ်ယောက်ဖြစ်ပါသည်။
သူ၏လက်ချောင်းများသည် နေရာမှန်ကိုရှာဖွေတွေ.ရှိသွားကြသည်။
အထဲထိနိုက်စမ်းလိုက်သောအခါ သူမနာကျင်မှုဖြင့်တစ်ကိုယ်လုံး တုန်ခါသွားပြီး အကြောအခြင်များ တောင့်တင်းသွားသည်။
သူသည် ပြောထားသလိုပင် ညင်ညင်သာသာပြုလုပ်ကြောင်း သူမသိပါသည်။
သူက သူမမျက်ဝန်းကို စိုက်ကြည့်ရင်း စိတ်မပူရန် သူ.အနေနှင့်အတွေ.ကြုံအများကြီး ရှိကြောင်းထပ်ပြောပြန်သည်။
သူပြုံးပြသောအခါ သူမစိတ်ကိုလျော့ချလိုက်ပြီး  သူ.အတွက်လွယ်ကူစေရန်တတ်နိုင်သမျှ ကျယ်ကျယ်ဟထားပေးလိုက်သည်။
သူ.ကိုမြန်မြန်ကိစ္စပြီးအောင်ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။
သို.သော်သူကတော့ ဖြေးဖြေးမှန်မှန်သာ ဆက်လုပ်ပါသည်။
နောက်တစ်ကြိမ်တွင် အသားမျှင်များစုတ်ပြတ်ပြီး တစ်ကိုယ်လုံးနာကျင်မှုကို ခံစားလိုက်ရသည်။
သွေး အနည်းငယ် ထွက်လာသည်ကိုလဲ သူမသိရှိလိုက်သည်။
အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။
မျက်ရည်များ ပြည့်လျှံနေသော်လည်း မနာသယောင် ခေါင်းခါကာ ဆက်လုပ်ရန် ခေါင်းငြိမ့်ပြလိုက်မိသည်။
သူကကျွမ်းကျင်စွာ ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင် သူမစိတ်လှုပ်ရှားကာ ထုံပေပေဖြစ်နေမိသည်။
အတန်ကြာသော် သူမမှအရည်တစ်ခြို. တာကျိုသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည်အရာတစ်ခုကို အောင်မြင်စွာ
အပြင်သို.ထုတ်လိုက်လေသည်။
သူမ သက်ပြင်းမောများရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင် ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွင်နေမိသည်။
သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော်ကိုင်တွယ်ရခက်တဲ့ ကလေးမဟုရေရွတ်လေသည်။
သူမကလဲ မချိုမပြုံးလေး ပြုံးလိုက်လေသည်။ ထို.နောက်ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။
အထက်ပါ အဖြစ်ပျက်မှာ သူမ၏ ပထမဆုံးသွားနုတ်သည်.နေ.က အတွေ.အကြုံပင်ဖြစ်လေသည်။
ဟိဟိ စာအရေးသားရှင်းတယ်နော်။ ဒါကျွန်မရေးတာမဟုတ်ပါဘူး။  ပြီးအောင်ဖတ်ပြီးမှ cmt ရေးပါနော်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့