Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 8 June 2012

အဲဗားဝင်းနား ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီမှာ ရေမဆေးကျောက်ရှာသူ တစ်ဦးအား ဝိုင်းဝန်းရိုက်နှက်၍ သေဆုံး

      ဖားကန့်ဒေသရှိ အဲဗားဝင်းနား ကျောက်စိမ်းကုမ္မဏီ မှ 
နတ်မှော် လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာသော ရေမဆေးကျောက်ရှာသူ
 မောင်မင်းမင်း (33) နှစ် အား ကုမ္မဏီ ဝန်ထမ်းများ မှ ဝိုင်းရိုက်နှက်တာကြောင့် သေဆုံးမှု ဖြစ်ခဲ့ရပါတယ်။ 

မောင်မင်းမင်းမှာ ဖားကန့်ဆေးရုံတွင်သေဆုံးခဲ့ပါသည် ။ ဖားကန့် ရဲစခန်းမှ ထိုအမှုကို လူသတ်မှုဖြင့် 
အမှုဖွင့်ထားကြောင်း သိရသည် ။ ကုမ္မဏီမှ မောင်အေးလင်းဦး တစ်ယောက်ထဲကိုသာ  တရားခံ 
လုပ်ခိုင်းထားကြောင်း ။ ထိုအမှု နှင့်ပတ်သက်ပြီး ဖားကန့် အာဏာပိုင်များ လာဒ်စားမှုများ ရှိနေကြောင်း 
ရဲစခန်းနဲ့ နီးစပ်သူ တစ်ဦးကပြောပြသည် ။ 

ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္မဏီများ ကျူးလွန်သော လူသတ်မှု ၊ လူသေမှု တော်တော်များများတွင် 
ဌာနဆိုင်ရာများသည် ငွေများများ သုံးနိုင်သော ကုမ္မဏီများ ဘက်မှ အမြဲတမ်းလိုလို ရပ်တည်ပေးကြသည် ။ 
ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် နှစ်စဉ်လို ကားတိုက်မှု ၊ မြေပြိုမှု ၊ များတွင် လူသေဆုံးမှုများ ရှိခဲ့သည် ။ 
ကျောက်စိမ်းတွင်း လုပ်ငန်းမှ တစ်မှော်လုံးအတိုင်းနဲ့ပြောရရင် တစ်နှစ်ကို လူ ဆယ်ဦးထက်မနည်း သေဆုံးမှု 
များရှိနေကြောင်း ဒေသခံများမှ ပြောပါသည် ။ ၎င်း လူသေမှုများတွင် ထိထိရောက်ရောက် အရေးယူမှုများ 
မရှိကြောင်း သိရပါသည် ။                                                                                                                                                                          

နစ်နာသူများကို လျော်ကြေးငွေ အနည်းငယ်သာပေးပြီး ဌာနဆိုင်ရာများကို လာဒ်ငွေ အမြောက်အများပေးပြီး 
အမှုပိတ်ပြစ်သည်က များပါသည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့