ချစ်သူ..အနေဝေးလို့သွေးအေးနေပြီလား
မမေ့ပါနဲ့...လောကမှာ မင်းကိုသိပ်ချစ်ခဲ့တဲ့
ကောင်လေးတစ်ယောက်ရှိခဲ့တယ်ဆိုတာ...သတိရပေးပါနော်
အယူမှားတဲ့အမုန်းတွေကြောင့် ဝေးရဖို့ဆိုတာ
အိမ်မက်ထဲမှာတောင် မတွေးခဲ့တာပါ.....
ဘာတွေဖြစ်နေလဲဆိုတာ မတွေးချင်ပေမဲ့
အရာရာတိုင်းကိုတော့ လစ်လျူရှု့လို့မရခဲ့ဘူး
အချစ်ဆိုတာကို ခံစားဖူးခဲ့ပေမဲ့
ချစ်ခဲ့တဲ့အခါ ဒီလောက်ထိ ခံစားရမယ်လို့
မတွေးမိခဲ့တာ အမှန်ပါ......
.
ချစ်ပြီးမှမုန်းရမယ်ဆိုတာ နုငယ်သူတွေရဲ့အားနည်းချက်ပါ
ချစ်ဖို့မုန်းရမဲ့အစား ဒီအတိုင်းလေးပဲချစ်နေတာက
ကောင်းမယ်လိုတွေးခဲ့တဲ့စိတ်ကူးတွေက
လေထဲမှာတင်ပျောက်ကွယ်သွားခဲ့တယ်......
နောက်ဆုံးတော့လည်း ကိုယ့်နှလုံးသားကို
ဆွဲထုတ်ပြီး ဓါးနဲ့လှီးသလို ပါးပါးလေးလှီးသွားသွားခဲ့ပေမဲ့
ငိုင်တိုင်တိုင်နဲ့ရပ်ကြည့်နေမိတဲ့ငါဟာ
အရူးကြီးတစ်ယောက်လို မင်းကိုပဲ
အာခေါင်ခြောက်အောင်တမ်းတနေမိတယ်....
ချစ်သူ...လွမ်းရမယ်ဆိုကြိုပြောပါ
ထားခဲ့မယ်ဆို လှည့်တောင်မကြည့်ပါနဲ့
မုန်းချင်တယ်ဆို ငါ့ကိုနာကျဉ်းအာင်လုပ်ခဲ့ပါ....
မင်းထားသွားလဲ လွမ်းတဲ့အချိန်ပြန်လာပါ
မင်းမုန်းသွားလဲ ချစ်တဲ့အချိန်ပြန်လာပါ
မင်းအတွက်ဆို ငါ့ရင်ခွင်တံခါးက
ဇရပ်တစ်ခုလိုပါချစ်သူ.....
မင်းပြောခဲ့တယ်လေ ငါ့ကိုအချစ်ဆုံးပါလို့
ငါမမေ့ပါဘူး ဒါပေမဲ့ ငါ့ရင်ကို စုံကန်သွားမဲ့အချိန်မှာ
မင်းအနေခက်မှာဆိုးလို့ ငါမပြောဘူးချစ်သူ....
သွားပါ..ငါ မင်းကိုလွပ်လပ်ခွင့်ပေးပါတယ်
မင်းနဲ့ပတ်သက်လာရင် အသေးဖွဲ့လေးတွေကအစ
ညဏ်မမှီတဲ့ ဦးနှောက်လေးနဲ့ မှတ်သားထားပါတယ်ချစ်သူ....
ညဘက်တွေဆို အိပ်မရတဲ့ညတွေများနေပြီး
မင်းအကြောင်းတွေးရင်း အိပ်မက်တွေလဲ မက်ခဲ့တာ
ငါ့အတွက် အကျင့်တစ်ခုလို့ဖြစ်နေပြီ
သနားပါလို့မတောင်းဆိုပါဘူး.......
လုပ်ချင်ရာသာလုပ်သွားပါ လှည့်မကြည့်ချင်ဘူးဆိုရင်ပေါ့
မင်းထွက်သွားလို့ မင်းနောက်မှာ မင်းကျောပြင်လေးကိုငေးရင်
မင်းပုံရိပ်လေးကိုေ၀၀ါးအောင်ကြည့်နေတဲ့ငါ့ကို
လှည့်မကြည့်ပဲ ရှေ့ကိုသာမျက်နှာမူပြီးလျှောက်ပါချစ်သူ....
မင်းကိုစချစ်မိကတည်းက ပေးဆပ်ဖို့ ဆုံးဖြတ်ပြီးသားပါ
မင်းထွက်သွားတဲ့လမ်းက ကြမ်းနေတယ်ဆိုရင်တောင်
ငါ့နှလုံးသားလေးဖြန့်ခင်းပေးပါ့မယ်
စိတ်ကြိုက်နင်းလျှောက်သွားပါချစ်သူ.....
ချစ်သူရေ.....ငါ့ကို နှပ်စက်လို့ကျေနပ်တယ်
ငါမျက်ရည်ကျလို့ ၀မ်းသာတယ်
အသည်းကွဲလို့ပျော်တယ်
ထားခဲ့ရလို့ ခေါင်းမော့ပြီးရယ်နိုင်ရင်
ငါကျေနပ်ပါတယ်.......
No comments:
Post a Comment