Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 8 June 2012

တကယ်လို့

တကယ်လို့ ..
တကယ်လို့ ..
တို့ တူတူသာရှိနေခဲ့မယ်ဆို
အရာရာထက် မင်းကိုပိုချစ်မှာပါ ..။
တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့နံဘေးမှာ မင်းကို အမြဲရှိနေစေချင်မှာပါ ..။
တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့အတွေးတွေ အာလုံးကို မင်းအတွက်ဖြစ်စေရမှာပါ ..။
တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါရေးသမျှ အကြောင်းအရာတွေက မင်းအကြောင်းတွေဖြစ်စေရမှာပါ ..။
တို့ တူတူသာသာရှိနေခဲ့မယ်ဆို
မင်းကလွဲလို့ နောက်ထပ်ဘာကိုမှ မလိုချင်တော့တာပါ ..။
တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့ရဲ့ ဥပဒေ ပြဌာန်းသူက မင်းဖြစ်နေမှာပါ ..။
တို့ တူတူသာရှိနေခဲ့မယ်ဆို
မင်းသာ ငါ့နှလုံးသားရဲ့ပိုင်ရှင်ပါ ..။
တို့ တူတူသာရှိနေခဲ့မယ်ဆို
ဖြစ်နိုင်မယ်ဆို အရာရာကို ငါ့အချစ်နဲ့ ဖြန့်ကျက်ပေးထားမှာပါ ..။
တို့ တူတူသာရှိနေခဲ့ရင်
မင်းအလိုရှိနေသရွေ့ မင်းဘေးမှာရှိနေမှာပါ ..။
တို့ တူတူသာရှိနေခဲ့ရင်
မင်းအတွက် အရာရာအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာပါ ..။
ဒါပေမဲ့ အဲဒီအရာတွေက
တို့ တူတူရှိနေမှ ဖြစ်လာနိုင်မှာပါ ..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့