မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့စီးပွားရေး ဆောင်ရွက်ရာမှာ လယ်ယာမြေ များကို တူးဖော် ဆောင်ရွက်ရတဲ့ အတွက် အဆိုပါ လယ်ယာ များကို
အမြဲတမ်း မြေယာ သိမ်းယူမှု လျော်ကြေး အဖြစ် မြန်မာ ကျပ်ငွေ ၂၃.၅ ဘီလီယံ အထိ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဇွန်လ ၂၄ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ လယ်ယာမြေ လျော်ကြေးနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ တရုတ်ရေနံ ကုမ္ပဏီဖြစ်တဲ့ CNPC မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်းဟာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် တို့ကို ဖြတ်ပြီး ဆောင်ရွက် ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်း အတွက် လယ်ယာမြေ လျော်ကြေး ပေးအပ်ရာမှာ အမြဲတမ်း မြေယာ သိမ်းယူမှုနဲ့ ယာယီ မြေယာ သိမ်းယူမှု ဆိုပြီး လျော်ကြေး ၂ မျိုးအဖြစ် မြန်မာငွေကျပ် သန်းပေါင်း ၁၂၀၀ ကို ပြည်သူများထံ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ လယ်ယာမြေ များပေါ်မှာ ပိုက်လိုင်း စီမံကိန်း ဆောင်ရွက်ဖို့ အတွက် လျော်ကြေး ပေးအပ်ရာမှာ ဈေးနှုန်း များကို မြေယာ၊ သီးနှံများ အတွက် နောက်ဆုံး ဈေးကွက် ပေါက်ဈေး၊ မြေပိုင်ရှင်နှင့် လယ်ပိုင်ရှင်များ တောင်းတဲ့ဈေး အပါအ၀င် သက်ဆိုင်ရာနဲ့ ဒေသဆိုင်ရာ တာဝန်ရှိ သူများ အကြံပြုတဲ့ဈေး အဆိုပါဈေး ၃ မျိုးနဲ့ ကိုက်ညီတဲ့ ဈေးနှုန်းကို လျော်ကြေး အဖြစ် ပေးအပ် ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment