Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 25 June 2012

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်း မူကြမ်းတွင် ရန်ပုံငွေ ထူထောင်ရေး လုပ်ငန်းများပါ ထည့်သွင်း ရေးဆွဲ


မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်း မူကြမ်းမှာ ရန်ပုံငွေ ထူထောင်ရေး လုပ်ငန်း များကိုပါ ထည့်သွင်း ရေးဆွဲ ထားတာ
ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ သတင်းများ အရ သိရပါတယ်။ အခုလို ရန်ပုံငွေ ထူထောင်ရေး လုပ်ငန်းများ အပြင် အဆိုပါ မူကြမ်းမှာ တရုတ်နိုင်ငံကို အဓမ္မ ထိမ်းမြားဖို့ အတွက် အမျိုးသမီးငယ်များ ရောင်းစားမှု လျော့နည်း ပပျောက်ရေး၊ ထိုင်းနိုင်ငံမှာ တရားမ၀င် သွားရောက် အလုပ် လုပ်ကိုင် လျက်ရှိတဲ့ မြန်မာ အလုပ်သမားများ အပေါ် လူကုန်ကူးမှု လျော့နည်း ပပျောက်ရေး၊ ကလေး သူငယ်များကို အဓမ္မမွေးစားခြင်း၊ အဓမ္မ တောင်းရမ်း စေခိုင်းခြင်း စတဲ့ လူကုန်ကူးမှု ပြဿနာများ လျော့နည်း ပပျောက်ရေး အစရှိတာတွေပါ ပါဝင်တာ ဖြစ်ပါတယ်။

ဒီလို ရန်ပုံငွေ ထူထောင်ရေး လုပ်ငန်းများကို ထည့်သွင်း ရေးဆွဲ တာဟာ လူကုန်ကူးမှု ခံရရာမှာ ကယ်တင်ခဲ့တဲ့ လူကုန်ကူး ခံရသူများရဲ့ ဘ၀ကို ပြန်လည် ထူထောင်ရေးနဲ့ လိုအပ်တဲ့ ရန်ပုံငွေ ထူထောင်ရေး လုပ်ငန်း များမှာ အသုံးပြုဖို့ အတွက် ထည့်သွင်း ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်း ၂၀၁၂-၂၀၁၆ မူကြမ်းကို အဖွဲ့ဝင်များ အားလုံးကို ဖြန့်ဝေထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ စီမံကိန်း မူကြမ်း ရေးဆွဲမှု မှာတော့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးနဲ့ ဆက်စပ်တဲ့ ၀န်ကြီး ဌာနများ၊ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂနဲ့ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များရဲ့ အကြံပြုချက်များ၊ ဒေသဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံကိန်း များရဲ့ အတွေ့အကြုံများ အစရှိတဲ့ အစီအမံများ ကိုလည်း ထည့်သွင်း ရေးဆွဲ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့