တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မိဘများကိုပြုစုစောင့်ရှောက်နို င်သောအချိန်အခါဖြစ်သည်။ စီးပွားတက်ခြင်း၊ အလုပ်အကိုင်တိုး
တက်ခြင်းများဖြစ်နေမည်။ ခရီးဝေးသွားရခြင်း၊ ပြည်တွင်းပြည်ပခရီးသွားရခြင်း၊ ဘုရားဖူးခရီးဖြစ်တတ်သည်။
ခင်မင်ရင်းနှီးသောသူများနှင့်ခွဲခွာရတတ်သည်။ ၀န်ထမ်းဖြစ်ပါကသင်တန်းတက်ရတတ်သည်။ မိတ်ဆွေကောင်း
များနှင့်တွေ့မည်။ အလုပ်တွင်ခိုက်ရန်ဖြစ်တတ်သည်။
ကျန်းမာရေး။ သွားကိုက်ခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူမရှိသေးသူ ချစ်သူရခြင်း၊ ချစ်သူရှိသူစိတ်ညစ်နေရခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၁ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ
ငွေများစွာဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ အလုပ်သစ်လုပ်ရခြင်း၊ နေရာသစ်ပြောင်းရခြင်း
ကောင်းသောပြောင်းခြင်းဖြစ်သည်။ အိမ်ပြုပြင်ရခြင်း၊ ရွှေဝင်ခြင်း၊ သောကြာနံပစ္စည်းများ
ဝင်ခြင်း၊ မိတ်ဆွေများကိုကူညီမှုပေးရခြင်းဖြစ်မည်။ မြေအတွက်စိတ်ညစ်စရာဖြစ်ခြင်းဖြစ်နေတတ်သည်။
လျှပ်စစ် ပစ္စည်းအတွက်ငွေကုန်စရာများတခုပြီးတခုဖြစ်နေတတ်သည်။

ကျန်းမာရေး။ ဗိုက်နှင့်ပတ်သက်သောရောဂါဖြစ်နေတတ်သည်။
အချစ်ရေး။ သစ္စာဖောက်ခြင်းခံနေရမည်။ မိမိအချစ်ကိုတန်းဖိုးမထားဘဲသူတပါးနှင့်ဖောက်ပြန်နေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဘဲသားဟင်းနှင့်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၆ ၃ ၅)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီးသွားရခြင်း၊ လူမျိုးခြားများနှင့်စီးပွားရေးကိစ္စများပြောဆိုရခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများရောက်
လာခြင်းများဖြစ်တတ်သည်။ မြေ၀င်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ နီလာကျောက် မျက်ရတနာဝင်ခြင်း၊ လျှပ်စက်ပစ္စည်း
များဝင်ခြင်း၊ အလုပ်တွင် စိတ်တိုင်းမကျစရာများတွေ့နေရခြင်းဖြစ်တတ်သည်။ စာရွက်စာတမ်းနှင့်ပတ်သက်သော
ကိစ္စများလုပ်နေရမည်။ မိမိကိစ္စထက်လူမူရေးကိစ္စ
များပိုပြီးလုပ်ကိုင်နေရတတ်သည်။ ငွေဝင်မည်အကုန်များနေမည်။

ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိကိုယ်တိုင်ဆုံးဖြတ်ရခက်နေသောအချိန်ဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထောပတ်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၅ ၄ ၄)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ထီပေါက်တတ်ခြင်း၊ ထီပေါက်သကဲ့သို့ငွေဝင်ခြင်း၊ အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရခြင်း၊ စီးပွားတက်နေခြင်း
၊ လုပ်ငန်းသစ်များလုပ်ရန်အကြောင်းပေါ်လာခြင်း၊ ယခုအချိန်သည်လုပ်ငန်းတိုးချဲ့သမျှ
အောင်မြင်မည့်အချိန်ဖြစ်နေသည်။ ကောင်းပါသည်ရဲရဲသာလုပ်ကိုင်ပါ။ စာချုပ်စာတမ်းကိစ္စများ၊ အာမခံခြင်းကိစ္စများ
သတိထားပါ။ မှားတတ်သည်။ လူလိမ်ခံရတတ်သည်။

ကျန်းမာရေး။ လေအောင့်ခြင်း၊ ယားနားပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မိမိရွေးချယ်မှုမှန်ကန်ပါစေ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၁ ၁)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ခရီးသွားရတတ်သည်။ မမျှော်လင့်ဘဲပညာရတတ်သည်။ သက်သေလိုက်ရတတ်သည်။ မကောင်းပါ။ ရှောင်နိုင်
လျှင်ကောင်းသည်။ အစိုးရနှင့်ပတ်သက်သောအမှုအခင်းဖြစ်တတ်သည်။ စက်ပစ္စည်းအတွက်
စ်တ်ညစ်နေရမည်။ သူတပါးမိမိကိုမကောင်းကြံစည်ခြင်းခံရတတ်သည်။ အသွားအလာ၊ အပြောအဆို၊
အနေအထိုင်အစစအရာရာသတိထားပါ။ စီးပွားရေးလုပ်သလောက်မအောင်မြင်သေးပါ။ ငွေအခက်အခဲ
ဖြစ်နေမည်။ ငွေကုန်လဲများနေမည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ စိတ်ညစ်စရာဖြစ်နေမည်။ လုံးဝမကောင်းပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၁ ၆ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရတတ်သည်။ မျက်မှန်ဝင်ခြင်း၊ဆိုင်ကယ်ဝင်ခြင်း၊စက်ပစ္စည်းဝင်ခြင်း၊စိန်ပစ္စည်း
ဝင်ခြင်းဖြစ်လိမ့်မည်။ ငွေဝင်များနေမည်။ကားဝင်ခြင်း၊တိုက်အိမ်ဝင်ခြင်းဖြစ်မည်။စီးပွားအ
လွန်ကောင်းနေသည်။ပတ်ဝန်းကျင်မှလေးစားခြင်းလည်းခံနေရမည်။ မိမိဂုဏ်သတင်းတက်နေမည်။
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရမည်။ နိုင်ငံခြားမှလက်ဆောင်ရောက်လာတတ်သည်။

ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အသီးစုံဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၀ ၂)

စနေသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ တခြားနိုင်ငံထွက်ရန်စီစဉ်ထားသူများနိုင်ငံရပ်ခြားထွက်ရခြင်း၊ နိုင်ငံခြားနှင့်ပတ်
သက်သောလုပ်ငန်းများလုပ်ရခြင်း၊ စာမေးပွဲ၊ အင်တာဗြူးအစစအရာရာအောင်မြင်ခြင်းများဖြစ်နေမည်။
ငွေဝင်သော်လည်းအထွက်များနေခြင်း၊ စိတ်တိုင်းမကျခြင်းများဖြစ်နေမည်။ မြေ၀င်ခြင်း၊ကွန်ပြူတာဝင်ခြင်း၊
ကားအဟောင်းအသစ်လဲရခြင်းများပြုလုပ်ရတတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွေးသားနှင့်ပတ်သက်သောရောဂါဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ကောက်နေမည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၂)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
No comments:
Post a Comment