Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Wednesday, 6 June 2012
တကယ်ခြောက်တဲ့ အရိပ်
တကယ် ဆို..... တိမ်လွှာတွေဟာ မို့ မို့ ပြီးမလာ
မှိုင်းနေတဲ့ တိမ်ရိပ်တွေမြင်ခဲ့ပြီးမှ
နေကလွင်လွင်လေး သာလာတာ ။
တကယ် ငို..... မိုးစက်လေးတွေက ပြောပြတယ်
သူတို့ အလွမ်းတွေ သိပ်များလာလို့ မအောင့်အီးနိုင်လို့ 
မိုးတွေအဖြစ်နဲ့ ရွာချတာပါ တဲ့
မတားရက်တော့ဘူး....။
တကယ် စို.... မိုးတွေလေတွေ
သိပ်များလွန်းတဲ့ရာသီထဲ
အနွေးထည်တော့ ၀တ်ထားသင့်တယ် မဟုတ်ပါလား ။
တကယ် လို.... နေဟာ
နွေးထွေးတဲ့ရောင်ခြည် 
ဖျက်ကနဲလင်း ဖျက်ကနဲပျောက်....။
တကယ် အို.... လှလိုက်တာ.....
နေပူပူနဲ့ မိုးအေးအေးမှာ
သက်တန့် တစ်စင်း တောင် ပေါ်သွားတယ်။
တကယ် ကို...... ကျွန်မစိတ်ထဲက ခေါ်လိုက်တာ 
ဒီအမှန်တရားတစ်ခု 
သူ ကြားလိုက်မယ်မထင်ဘူး။     ။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့