Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 6 June 2012

မိမိဓါတ်ပုံကို ဆန်းဆန်းပြားပြားပုံလေးတွေနဲ့  တွဲထည့်ရအောင်

မိမိဓါတ်ပုံကို ဆန်းဆန်းပြားပြားပုံလေးတွေနဲ့  တွဲထည့်ရအောင်


မိမိဓါတ်ပုံကို ပုံစံအမျိုးမျိုးနဲ့  ထည့်သိမ်းလိုသည့်အခါဖြစ်စေ၊ သူငယ်ချင်းများထံ ပုံကို ဆန်းဆန်းပြားပြားလေး လုပ်ပို့ ပေးချင်တဲ့အခါဖြစ်စေ လွယ်ကူစွာ ပြုလုပ်ပေးနိုင်တဲ့ Website လေးတစ်ခုရှိပါတယ်…


လုပ်ရတာ လွယ်ကူပါတယ်…

အဆင့်(၁)

http://www.frametoy.com ကို ၀င်လိုက်ပါ...

Photo Frames များစွာရှိသည့်အနက် မိမိနှစ်သက်ရာ Category အောက်မှ ပုံများစွာထဲမှ ရွေးချယ်နိုင်ပါတယ်…
 


အဆင့်(၂)
နမူနာရွေးချယ်တဲ့ပုံက Computer & TVs ဆိုတဲ့ Category အောက်မှ အောက်ဖော်ပြပါပုံကို ရွေးချယ်ထားပါတယ်…
 
မိမိစက်ထဲမှ ပုံကို ရွေးချယ်လိုသည့်အခါ Browse ကို Click ပြုလုပ်ပြီး မိမိထည့်လိုသောပုံကို ရွေးချယ်ရပါမယ်…
ရွေးချယ်ထားတဲ့ နမူနာပုံပါ…
 

Website တွေထဲက ပုံရဲ့ URL ကို သိမယ်ဆိုရင်လည်း URL ဆိုတဲ့ နေရာမှာ ထည့်ပေးရမှာပါ…
URL ဆိုတဲ့အဓိပ္ပါယ်က Uniform Resource Locator လို့  ခေါ်ပါတယ်… URL ရဲ့ အစမှာ http(HyperText Transfer Protocol) ပါရှိရပါမယ်…


အဆင့်(၃)

ပုံကို Upload လုပ်လိုက်တာနဲ့  မိမိပုံကို ရွေးချယ်ထားတဲ့ Frame ထဲ ထည့်ပြီး ဖြစ်နေတာ တွေ့ ရမှာပါ…

New photomontage ဆိုတာ အသစ်တစ်ခု ထပ်လုပ်ချင်ရင် သုံးတာပါ…
Save this picture ဆိုရင် မိမိစက်ထဲကို သိမ်းထားမှာပါ…
Share it ဆိုတာကို Click လုပ်လိုက်ရင်တော့ ပုံရဲ့အောက်ဖက်မှာ HTML Code နဲ့  URL နှစ်ခု လုပ်ထားပေးတာကို တွေ့ ရမှာပါ…

HTML Code ကို Copy ပြုလုပ်ပြီး မိမိပေးပို့ လိုတဲ့ သူငယ်ချင်းရဲ့ အမှတ်တရစကားရေးရန်နေရာမှာ Paste လုပ် ထည့်ပေးလိုက်ရုံပါပဲ…


………………………………………………………………………………….

URL ကို Copy လုပ်ထည့်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့် ပြုလုပ်သွားရမှာပါ…






ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာများ တိုးတက်ကြပါစေ...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့