ကောင်မလေးရေ .........
နင့်မှာ ရှိနေတဲ့အရာကို
သေသေချာချာတန်ဖိုးထားလိုက်ပါ
အဲဒါ ...နင့်အတွက်
ဘုရားပေးတဲ့ ဆုလက်ဆောင် ။
နင့်ရှေ့ကနေ
မားမားမတ်မတ်ရပ်တည်လို့
မင်းလက်ကိုကိုင်ဆွဲ
ဘ၀လမ်းထဲ တွဲခေါ်မဲ့သူ
နင့်ကိုချစ်တဲ့ သူ ။
ကိုယ်တိုင် ရိတ်သိမ်းခွင့်ရချင်သလား .......
ကိုယ်ပိုင်တဲ့ စိုက်ခင်းမှာ.
ကိုယ်ကိုယ်တိုင် စိုက်ပျိုးလိုက်ပေါ့ ......
အမှားပါရင် ခွင့်လွတ်ပါဆိုတာထက်
အစကတည်းက မမှားအောင် ကြိုးစားသင့်တယ် ။
ဒုက္ခဘယ်လောက်တွေ့တွေ့
ကွေ့ပြီး မရှောင်လေနဲ့
သုခ ဘယ်လောက်တွေ့တွေ့
ပွေ့ပြီး မဖက်မိစေနဲ့ ။
မြင်လျက်နဲ့ ကန်းနေတဲ့သူထက်
ကန်းနေလျက်နဲ့ မြင်အောင်ကြိုးစားနေတဲ့သူက
သာပြီး အဓိပယ်ရှိတယ် ။
လူဆိုတာ...
ခဏ ခဏလည်း "ရှုံး"နိုင်တယ်
ခဏ ခဏလည်း " နိုင် " နိုင်တယ် ဆိုတာ
သိထားပါ......
ကောင်မလေးရေ............
ဓားတစ်လက်ကို
ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတိုင်း
သူရဲကောင်းမဟုတ်ဘူး
သားသတ်သမားလည်း ဖြစ်နိုင်တယ်နော် ။
ဘာပဲဖြစ်ဖြစ်
ကောင်မလေးရေ...
နင် ရနေတဲ့အရာကို
သေသေချာချာ လေး
တန်ဖိုးထားတယ်မလား .........
ဒီကမ္ဘာပေါ်မှာ
နင်က
အလှဆုံး မိန်းကလေးပါ.........။
No comments:
Post a Comment