Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 7 June 2012

*** ချစ်သူ ***

ချစ်သူ ...
ဘ၀ကြမ်းကြမ်း
လျှောက်၍လှမ်းလည်း
ရိုင်းဆိုင်းမမူ
သဲအူရယ်နုပါလှ...

ချစ်သူ...
ရှုပကာက 
အူချာလှလည်း
စိတ်ကမစူ
သိမ်မွေ့သူပါ...
ချစ်သူ...
ပွေလီဖောက်ပြား
လူတွေများလည်း
ခြောက်ခြားမပြု
မေတ္တာစုလို့နေခဲ့တယ်...
ချစ်သူ...
သစ္စာမမှား
ငါ့စိတ်ထားမှန်
နေခဲ့ပြန်လည်း
ငါ့ထံမလှည့်ပြန်ခဲ့သူ...
ချစ်သူ...
ရက်စက်မှုအပေါင်း
ငါ့ထံလောင်းဖို့
အကြောင်းဘယ်ခါ
ရှိပါလိမ့်နော်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့