စကားဆိုတာ လူ့သမိုင်းအစကနေ အခုမျက်မှောက်အချိန်အထိ ရှေးကျတဲ့ဆက်သွယ်ရေးတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့တွေဟာ နေ့စဉ် စကားတွေ ပြောဆိုကြရတယ်..။ မိသားစုအချင်းချင်း ပြောကြတယ်..။
မိတ်ဆွေတွေနဲ့ပြောကြတယ်..။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေ အချင်းချင်းနဲ့ ပြောကြတယ်..။
ချစ်သူခင်သူတွေနဲ့လည်း အပြန်အလှန်ပြောကြတယ်..။
စကားတွေပြောရင်းနဲ့ပဲ ရင်းနှီးခွင့်တွေရတယ်။ သိချင်တာတွေ မေးမြန်းပြီး သိခွင့်ရတယ်..။
မိတ်ဆွေ အပေါင်းအသင်းတွေ တိုးပွားကြရတယ်..။ ချစ်သူခင်သူတွေနဲ့လည်း ဆုံခွင့်တွေ့ခွင့် ရခဲ့ကြတယ်..။
စကားတွေ ပြောရင်းနဲ့ပဲ ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေ ဖလှယ်ခွင့်ရတယ်..။
စကားတွေ ပြောရင်းနဲ့ပဲ အမုန်းတွေ ပွားရတယ်…။ အရင်းနှီးဆုံး မိတ်ဆွေတွေကနေ အမုန်းဆုံး
ရန်သူတွေလည်းဖြစ်သွား ကြတာတွေ ရှိပါတယ်..။
စကားတွေကတော့ ပြောနေကြတာဘဲ…။ စကားတစ်ခွန်းကြောင့်ပဲ စိတ်ချမ်းမြေ့မှုတွေ
ပျော်ရွှင်မှုတွေ ရရှိသွားနိုင်တယ်..။ကျဆင်းနေတဲ့ စိတ်ဓာတ်တွေ တိုးလာနိုင် ပါတယ်..။
ကျဆင်းနေတဲ့ ဘ၀တွေကနေတိုးတတ်တဲ့ ဘ၀တွေလည်းရှိခဲ့ပါတယ်..။
လက်လွတ်စပယ်ပြောလိုက်တဲ့ စကားတခွန်းကြောင့် တဘက်သားကို ထိခိုက်နစ်နာရတယ်..။
ကျွန်တော်ကိုယ်တိုင် ဖြစ်ခဲ့ တာ ပါ...ကျွန်တော်ပြောလိုက်တဲ့ စကားကြောင့်  တဖတ်လူအတွတ်
ထိခိုက်နစ်နာရတယ်ဆို ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ ရပါတယ်။သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်စကားပြောတာမှားခဲ့ တာကို ပြောပြတော့  သူက ကျွန်တော်ကိုပြောတယ်။
"ကိုယ်ပြောလိုက်တဲ့ စကားတွေကြောင့် ရလာတဲ့ ရလဒ်တွေကိုရော ခံယူဘို့ အသင့်ဖြစ်ရမယ်
မင်းမှာနေရင် သူပေးတဲ့ အပြစ်လဲ မင်ခံရဲရမယ်၊သူကျေနပ်အောင်လဲ မင်တောင်ပန်သင့် တယ်လို့ ပြောတယ် "
သူပြောပြချက်လေးကို ကျွန်တော်လက်ခံပါတယ်၊။သူငယ်ချင်းတို့ လဲ ကျွန်တော်လို အမှားမျိုး မဖြစ်စေချင်ပါဘူး။
အဲကြောင့် သူငယ်ချင်းတို့ နဲ့ ကျွန်တော်ဆွေးနွေးကြရအောင်နော်
၁...စကားတွေကို… အပျင်းပြေ ပြောနေသင့်လား..။
၂..စကားဆိုတာ လိုအပ်မှရောမပြောသင့်ဘူးလား။
၃..စကားတွေကို.. ချင့်ချိန်ပြီး မပြောသင့်ဘူးလား..။။
၎..ကိုယ်ပြောလိုက်တဲ့ စကားတွေကြောင့် ရလာတဲ့ ရလဒ်တွေကိုရော ခံယူဘို့ အသင့်ဖြစ်ကြပြီလား..?
၅.. ပြောခွင့်မရလိုက်ရဘဲ မြိုသိပ်ပြီး နေလိုက်ရလို့ ရလာတဲ့ ရလဒ်တွေကရော ခါးသီးနေမလား….?
ဒါမှမဟုတ်… ချိုမြိန်နေရဲ့လား..?
တကယ်တော့ စကားဆိုတာ အင်မတန်မှရှုပ်တတ်ပါတယ်။
ကိုယ့်စကားနဲ့ ကိုယ်ပြန်ဒုက္ခရောက်သူတွေ၊ ကိုယ်မပြောမိတဲ့စကားအတွက် ကိုယ်ခံလိုက်ရသူတွေ၊
ကိုယ်ပြောတဲ့စကား လမ်းကြောင်းလွှဲသွားတဲ့သူတွေ အများကြီးပါဘဲ။
စကားကြောင့် ဒုက္ခမရောက်အောင် သတိထားပြီး နေသင့်ပါတယ်။
ကျွန်တော်လဲ ကြိုးစားနေဆဲပါ.......................................
စကား........
မုန်းစေတာလဲ...... ........စကား
ပြုံးစေတာလဲ.................စကား
အပြစ်တင်စေတာလဲ ........စကား
အချစ်မြင်စေတာလဲ .........စကား
ဒေါသပေါက်စေတာလဲ.......စကား
သောကပျောက်စေတာလဲ....စကား
မီးတောက်စေတာလဲ.........စကား
ပြီးပျောက်စေတာလဲ.........စကား
ထိန်ချန်တဲ့ စကား
လိမ်ဥာဏ်နဲ့ စကား
နဂိုအတိုင်းစကား
အပိုဆိုင်းစကား
စကား.....နော်...စကား
ပြောပါများ.............(မှား)
စကားတန်ဖိုး
ချိန်ထိုးတွတ်ချက်
ရွှေနဲ့ ချိန်စက် အရောင်လက်
ထွက်ခဲဆိုခဲ ထိရောက်မြဲ
ကဲ.....................
အမှားမကျန်ရေးနဲ့  အဆိုးရလဒ်မရှိရအောင်
စကားတန်ကြေး...နဲ့ .... အဖိုးဖြတ်ကြည့် ကြပါစို့ ။
No comments:
Post a Comment