Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 7 June 2012

ယုံကြည်မှု

တဦးနဲ့တဦး ရင်းနှီးချစ်ခင်ဖို့ ယုံကြည်မှုက အရေးကြီးဆုံးပါပဲ…။ ...ယုံကြည်မှု မရှိတော့ရင် ခင်မင်မှုလည်း အဆုံးသတ်သွားမှာပေါ့… ။ ယုံကြည်မှု ကင်းမဲ့ခြင်းကနေ သင်္ကာမကင်းဆိုတာလည်း ဖြစ်လာပါပြီ…။ သင်္ကာမကင်းဖြစ်တာဟာ ဒေါသကို ဖြစ်လာစေပါတယ်….။ ဒေါသကနေတဆင့် မလိုမုန်းတီးစိတ်ကို ဖြစ်စေပါတယ်…..။ မလိုမုန်းတီးစိတ်ရဲ့ အကျိုးရလာဒ် အနေနဲ့ကတော့ ကွဲကွာခြင်းဆိုတာပါပဲ…..။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခြင်းကလည်း ရင်းနှီးချစ်ခင်မှုကို ဖျက်ဆီးပစ်စေနိုင်ပါတယ်………။ တဦးနဲ့တဦး မုန်းတီးဖို့ လွယ်ကူပေမဲ့ ရင်းနှီးချစ်ခင်ဖို့တော့ အရမ်းခက်ခဲပါတယ်….။ မိသားစုတစု၊ ဆွေမျိုးမိတ်သင်္ဂဟ၊ ဆရာနဲ့တပည့်၊ သူငယ်ချင်း၊ လုပ်ဖေါ်ကိုင်ဖက်၊ အဖွဲ့အစည်း ကနေ တိုင်းပြည် တခုလုံးအထိ တယောက်နဲ့တယောက် ယုံကြည်မှု ရှိမှ ဖြစ်မှာပါ။ ယုံကြည်မှု မရှိခဲ့ရင် ဘယ်အရာမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်…။ ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ရယူထားရတဲ့ ရင်းနှီး ချစ်ခင်မှုမျိုးကို ဘယ်လို အကြောင်းအရာနဲ့မှ အနှောက်အယှက် ဖြစ်အောင် မလုပ်သင့်ပါဘူး။ ရရှိပြီးသား ယုံကြည်မှုကိုလည်း ထိန်းသိမ်းထားရပါမယ်။ အဓိကကတော့ အပြန်အလှန် ယုံကြည်ရပါမယ်။ ကိုယ့်ဘက်ကလည်း တပါးသူ ယုံကြည်အောင် ပြုလုပ်ရမှာပေါ့။ ဒါမှလည်း တပါးသူက ကိုယ့်ကို ယုံကြည်မှု ရှိသွားနိုင်မှာပါ။ ပထမဆုံး ကိုယ့်ဘက်က ရိုးသားတဲ့စိတ်နဲ့ ယုံကြည်ဖို့ လိုလိမ့်မယ် ထင်ပါတယ်……။ ဘယ်သူ့ကိုမှ သံသယနဲ့ မကြည့်မိဖို့ လိုပါမယ်။ သံသယနဲ့ အမြဲကြည့်နေရင်လည်း ယုံကြည်မှု ရှိလာတော့မှာ မဟုတ်ပါဘူး….။ သံသယနဲ့ ဆက်ဆံနေရင်လည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်လာမှာပါ…။ ရင်းနှီးမှုရှိဖို့အတွက် သံသယဆိုတာလည်း မထားအပ်တဲ့ အကြောင်းတခုပဲလို့ မြင်ပါတယ်။ ဒါကြောင့် တပါးသူ ပြောတဲ့စကားကို ယုံကြည်မှုနဲ့ နားထောင်ဖို့ အရေးကြီးပါတယ်။ သူ့အပေါ် ယုံကြည်မှု ရှိကြောင်း ပြသလိုက်တာဟာ သူ့အတွက်လည်း ရှေ့လျှောက် ယုံကြည်မှုရှိလာအောင် ပြောဆိုနေထိုင် ဆက်ဆံ ဖို့အတွက် အင်အားတရပ် ဖြစ်သွားမှာပါ…။ အထင်လွဲခဲ့ရင်လည်း အတူတူဖြေရှင်းကြပြီး ပြန်လို့ ယုံကြည်လာအောင် ပြုလုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်...။ တယောက်နဲ့တယောက် ယုံကြည်မှု မရှိတော့တဲ့ သူတွေဟာ ဘယ်လောက်ပဲ ဆက်ဆံနေသရွေ့ အဓိပ္ပါယ် ရှိတဲ့ ရင်းနှီးမှုမျိုး မဖြစ်လာနိုင်တော့ပါဘူး……..။ အဓိပ္ပါယ်ရှိတဲ့ ရင်းနှီးမှုမျိုး ဖြစ်လာအောင်ယုံကြည်မှု ရှိတဲ့ အပြုအမူမျိုးနဲ့ ဆက်ဆံဖို့ လိုပါတယ်...။ သူ့အပေါ် ယုံကြည်မှုရှိတဲ့သူတယောက် ဖြစ်အောင် သူ့ကို စကားပြောခွင့် ပြုလိုက်ပါ….။ လူတိုင်းလူတိုင်း ရင်းနှီးချစ်ခင်တဲ့ သူတွေအဖြစ် အမြဲတမ်း ဖြစ်နေကြဖို့ သံသယဖြစ်စေမဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်တွေကို သတိထားပြီး ရှောင်ကျဉ်ကြပါစို့နော်……….
‎(မိသားစု) ဆိုတဲ့ စာလုံးလေး ဟာ... တစ်ခါတစ်လေ တစ်လုံးနဲ့ တစ်လုံး (infinity)ထိ ကွာဝေးတတ်ကြပါတယ်...အဲ (infinity) ရဲ့  ဆုံမှတ်ကို ရှာဖွေ တောင်းတနေဆဲ .... 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့