ပြည်တွင်းမှာ ထုတ်လုပ် လျက်ရှိတဲ့ မြန်မာ မီနီ ဆလွန်းကား များကို ယခု ဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ မှာ မြန်မာ မီနီဆလွန်း ကားအစီးရေ ၉၀၀ ခန့် ထုတ်လုပ်
ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ စက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ထုတ်လုပ် ရောင်းချရာ မှာတော့ ပထမသုတ် အနေဖြင့် မြန်မာ မီနီဆလွန်းကား အစီးရေ ၃၀၀ ကို ထုတ်လုပ် ရောင်းချ ပေးနေပြီး ၀န်ကြီးဌာန များကို အစီးရေ ၂၀၀ ခန့် ရောင်းချ ပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျန်ရှိတဲ့ အစီး ၁၀၀ ကိုတော့ လျှောက်လွှာ တင်ထားတဲ့ သူများကို ဦးစားပေး ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု ဘဏ္ဍာနှစ် မှာတော့ မြန်မာ မီနီဆလွန်း ကားများကို မူရင်း ရောင်းဈေး ကျပ် ၇၅ သိန်းနဲ့ တိုးမြှင့် ရောင်းချ ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မူရင်း ဈေးတိုးမြှင့် လိုက်ရတာဟာ နိုင်ငံပိုင် ကဏ္ဍ ထုတ်လုပ်မှုမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၈၀၀ နှုန်းဖြင့် ပြောင်းလဲ သတ်မှတ် လိုက်တာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ မြန်မာ မီနီဆလွန်း များကို ၀ယ်ယူချင် သူများ အနေနဲ့လည်း လျှောက်လွာ စာရွက်ပေါ်မှာ နာမည်၊ မှတ်ပုံတင် နံပါတ်၊ နေရပ်လိပ်စာ ဖုန်းနံပါတ် အပြည့်အစုံ ရေးပြီး စက်မှု ၀န်ကြီး ဌာနကို လျှောက်လွှာများ တင်ပြီး ၀ယ်ယူရမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

No comments:
Post a Comment