Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 7 June 2012

မြန်မာမီနီ ဆလွန်းကားများ မူရင်း ရောင်းဈေး ကျပ် ၇၅ သိန်းထိ ဈေးနှုန်း မြင့်တက် သွားခဲ့


ပြည်တွင်းမှာ ဈေးနှုန်း သက်သာစွာနဲ့ ရောင်းချတဲ့ မြန်မာ မီနီဆလွန်း ကားတွေကို ဘဏ္ဍာနှစ် အလိုက် ထုတ်လုပ် ရောင်းချပေး လျက်ရှိနေရာ ယခု ဘဏ္ဍာနှစ်
၂၀၁၂-၂၀၁၃ ခုနှစ် မှာလည်း မြန်မာမီနီ ဆလွန်း ၉၀၀ ခန့် ထုတ်လုပ် ရောင်းချ သွားမှာ ဖြစ်တယ်လို့ စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို မြန်မာ မီနီ ဆလွန်း ကားများ ထုတ်လုပ် ရောင်းချ လျက်ရှိရာမှာ ယခု လက်ရှိ မူရင်း ရောင်းချဈေးမှာ ငွေကျပ် ၇၅ သိန်းထိ ဈေးနှုန်းမြင့်တက် သွားခဲ့တယ် လို့လည်း သိရပါတယ်။

ယခင်က မြန်မာ မီနီ ဆလွန်းကား တွေရဲ့ မူရင်း ရောင်းဈေးမှာ ကျပ် ၅၅ သိန်းနဲ့ ရောင်းချ ပေးခဲ့ပြီး ယခု ဘဏ္ဍာနှစ် မှာတော့ ကျပ်သိန်း နှစ်ဆယ် တိုးမြှင့်ကာ ကျပ် ၇၅ သိန်းနဲ့ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ဈေးနှုန်းတက် ရောင်းချ ရခြင်းမှာ နိုင်ငံပိုင် ထုတ်လုပ်မှု ကဏ္ဍ အတွက် တွက်ချက်တဲ့ နိုင်ငံခြားငွေ ဒေါ်လာကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ၁ ဒေါ်လာ ကျပ် ၈၀၀ ကျော်နဲ့ ပြောင်းလဲ တွက်ချက် တာကြောင့် အခုလို မူရင်း ရောင်းဈေး ပြောင်းလဲပြီး တိုးမြှင့် ရောင်းချ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဘဏ္ဍာနှစ်မှာ ရောင်းချ ပေးရာမှာ ပထမအသုတ် အနေနဲ့ မြန်မာမီနီ ဆလွန်းကား အစီးရေ ၃၀၀ ကို ထုတ်လုပ် ထားပြီး ၀န်ကြီး ဌာနများသို့ အရင် ရောင်းချပေးပြီး ကျန်ရှိတဲ့ မြန်မာမီနီ ဆလွန်းကားများ ကိုတော့ လျှောက်လွှာ တင်ထားတဲ့ ပြည်သူများကို ဦးစားပေး စနစ်နဲ့ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့