Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 12 June 2012

ပင်လယ်ကြီး လှိုင်းပုတ်သံတွေ ကြားတိုင်း ငိုနေရတော့မယ့် ကျွန်တော်

မျက်ရည် ဆိုတာ ခံစားမှုတစ်ခုရဲ့ သက်သေပါဘဲ.............
ခံစားနာကျင်ခြင်းတွေကို စုပေါင်းလိုက်တဲ့ အခါ မျက်ရည်အဖြစ် ပါးပြင်ပေါ်မှာ
စီးဆင်းသွားစေသလို.အခိုးအငွေ့ ရေခိုးရေငွေ့တွေကို စုဆည်းလိုက်တဲ့အခါ
တိမ်တွေက မိုးရေတွေအဖြစ် ရွာသွန်းစေတယ်။



တူညီတဲ့ဖွဲ့တည်မှုတွေရှိနေတဲ့ မျက်ရည် နဲ့ မိုး ကိုပေါင်းစည်းလိုက်တော့
ခံစားမှုရဲ့ သက်သေ မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျလာခဲ့ပါတော့သည်။



ထား တို့ မိသားစုမှာ ကျေးဇူးရှင် တစ်ယောက်ရှိပါသည် ။ ဘဘ က ထားတို့မြို့က
အစိုးရ ချည်မျှင်နဲ့အထည်စက်ရုံရဲ့ စက်ရုံမှူးတစ်ယောက်ပါ။
ဘဘက ခရစ်ယာန်ဘာသာဝင် တစ်ဦးပေါ့ ။
 ဘဘမှာ  သမီးတစ်ယောက် သားတစ်ယောက်ရှိပါသည်။
ဘဘ အမျိုးသမီး နာမည်က အန်တီဆုလို့ ခေါ်ပြီး  ၊ သမီးနာမည်က ချောဆု....
သား နာမည်က ပုတု လို့ခေါ်ပါတယ်။


ထားတို့က ညီမ သုံးယောက်ရှိသည်။ အဲဒီထဲက ထားကို အန်တီဆုက အရမ်းချစ်ပါတယ်။
ထားက အဲဒီတုန်းကဆို 8တန်းဘဲရှိသေးတာ ။ ထား နာမည်က ထားနှင်းဆီလို့ခေါ်ပါတယ်။ 
ထားဆိုတဲ့ နာမည်ကို မကြိုက်ဘူး ။ ဒါပေမယ့် ကိုယ်ကို စကားပြောရင်တော့ ထားလို့ဘဲ သုံးမိတယ် ။
ဘဘ က ထားတို့မြို့လေးမှာ တစ်ယောက်ထဲနေတာပါ ။
မိသားစုက ရန်ကုန်မှာနေကြတော့ ထား တို့ အိမ်မှာဘဲ ဘဘက အနေများတတ်သည် ။
ဒီနှစ်တော့ ဘဘသား ပုတု ဆိုတာ 10တန်းကို ထားတို့မြို့လေးကို ကျောင်းခေါ်ထားပါသည်။
ဘဘသား ကို နာမည်တာ ရင်းနှီးနေတာပါ ။ လူကိုတော့ ခုမှဘဲ မြင်ဘူးပါတော့မည်။


``ထားလေးရေ``

``ရှင်.........မေမေ``

``ဒီနေ့ ဘဘသားရောက်မှာလေ........မေမေတို့ အိမ်မှာ ထမင်းလာစားမယ်တဲ့..........
ထားလေး ကူလိုက်အုံးနော်``


ထားက ဟင်းချက်တာတွေ အရမ်းဝါသနာပါသည်။ ထား မမက ရန်ကုန်မှာ ကျောင်းတက်နေသူ ....
ညီမလေးက 4တန်းဆိုတော့  ထားက မေမေ လက်ကိုင်တုတ်လေးဖြစ်နေတာပေါ့ လေ။




ထား တို့တမနက်လုံးချက်ပြုတ်ပြီး ရေချိုးနေတုန်းမှာဘဲ ဘဘတို့ သားဖရောက်လာပါသည် ။ အိမ်ရှေ့မှာ အသံတွေ
ကြားနေရပေမယ့် အ၀တ်စားလဲပြီးတာနဲ့ ထွက်မကြည့်နိုင်သေးပါဘူး ။ ကဗျာကသီ သနပ်ခါးရေကျဲလေး မျက်နှာမှာ
ပွတ်ပြီး ဆံပင်လေးကို ဒီတိုင်းချထားလိုက်သည်။ ဂါဝန် အပြာရောင်းလေးလဲပြီး ထမင်းစားခန်းဘက်ကို
ထွက်လာခဲ့လိုက်ပါသည် ။ ထမင်းစားခန်းထဲသို့ ၀င်လိုက်သည်နှင့် ဘဘ အသံကိုစကြားရပါသည်။
ထားကို မြင်တယ်ဆိုရင်ဘဲ


``ဒါထားလေး လက်ယာမှ ဟုတ်ရဲ့လား ဒေါ်မြ``


ဆိုတဲ့ ထမင်းချက်တဲ့ အန်တီကို လှမ်းမေးသံက နားထဲတန်းဝင်လာသည်။


``ဟုတ်တယ် ဆရာ....ကလေးက လူတာ ငယ်တာ လက်ဆိတ်ရှိတယ်``

``ဟုတ်တယ်ဗျို့........သားစားလေ...ဒီလက်ယာရှင်ကို တွေ့ရင် ဒယ်ဒီသား တအားအံ့သြမှာကွ``


လို့ ဘဘက သူ့သားကိုလဲ ပြောပြနေသေးတယ်............
ထား ၀င်ရကောင်းနိုးတွေးနေတုန်း ဖေဖေက မြင်သွားပါလေကော...



``သမီးလေး လာလေ .........တခါတည်း ၀င်စားလေ``


ဖေဖေ အသံကြားတာနဲ့ ဘဘက


``ဟော လာပါပြီ လက်ရာရှက်လေး``


ဆိုတော့ ထား ရှက်တာပေါ့ မသိသေးတဲ့ အကိုတယောက်ရှေ့မှာ။
အသာမျက်လွှာချပြီး ထမင်းစားပွဲမှာ ၀င်လိုက်ရင်ဘဲ........ဘဘက


``ထားလေး ဒါက ဘဘသား စည်သူမောင်တဲ့........ပုတုလို့လဲ ခေါ်တယ်..........
သမီးကတော့ ကိုကို လို့ခေါ်ပေါ့``


ဘဘက မိတ်ဆက်ပေးတော့ သူကို မကြည့်လို့မရတော့ဘူးလေ။ မော့ကြည့် ပြုံးပြတော့......
သူကလဲ ပြန်ပြုံးပြပါသည်။ ဒါပေမယ့် ကိုကို အကြည့်တွေက ထားကို ရီစရာတခုကို တွေ့ရသလို ပြုံးစိစိနဲ့. ။
ကိုကို ဆိုတဲ့လူကို တွေ့လိုက်ရတဲ့ ခဏလေးမှာဘဲ  ငယ်ရွယ်တဲ့ ထားနှလုံးက
ခံစားမှုတစ်ခု ဖြစ်ပေါ်သွားမိတာကိုတော့ ထားကိုယ်တိုင်ကို သေချာသတိမထားမိလိုက်ပါဘူး ။




ကိုကို တို့ သားဖကို ထားတို့အိမ်က နေ့တိုင်း ထမင်းပို့ပေးရပါသည် ။
တစ်နေ့တော့ အိမ်က ကားမောင်တဲ့ ဘဘအေး နေမကောင်းတာနဲ့
ထားကိုယ်တိုင် ကားမောင်းပြီး ထမင်းသွားပို့ဖြစ်ခဲ့သည်။

ဘဘတို့ အိမ်ရှေ့ရောက်တော့ ဘယ်သူကိုမှ မတွေ့ရ ။
ဘဲတီးတော့လဲ ထွက်မလာ ။ .ဘဘ ဂျစ်ကားကိုလဲ မတွေ့ရဘူး ။
ဘေးဘက်ကို ပတ်ကြည့်တော့မှ ကိုကို ကတစ်ယောက်ထဲ စကိတ်စီးနေတာကို တွေ့လိုက်ရသည်။


``ဒီမယ်ရှင့် ဒီမယ်``

ထားခေါ်သံကြားတော့ ထားရှိတဲ့ဘက်ကို ကိုကို က လှည့်ကြည့်လာပါသည်။
ထားကိုတွှေုတော့  အံ့သြသွားသည်။


``အော်! ညီမလေး ထမင်းလာပို့တာလား.။ ကိုကို ကားသံကို မကြားလိုက်ဘူး.......
အားနာလိုက်တာ.....လာ လာ ညီမလေး``


ဆိုပြီး ထားလက်ထဲက ၈ျိုင့်ကို ပြောင်းယူပြီး ကိုကို ကရှေ့က ဦးဆောင်ပြီး အိမ်ထဲကို ၀င်ခဲ့ကြသည်။
အိမ်ထဲရောက်တော့ ဟင်းတွေလှယ်နေပေမယ့်
ကိုကို မျက်နှာက ထားကို အားနာနေတဲ့ ပုံစံလေးနှင့်ပါ။
ကိုကို က တော်တော် ကို စကားနည်းတယ် ။
ခပ်တည်တည်နေတာဘဲ များတယ်။
ဒီနေ့တော့ ထားကို အားနာတာနဲ့ လေချွေတာတဲ့ ကိုကိုတစ်ယောက်
စကားတွေ တော်တော် ပြောနေရလေရဲ့ ။
ထားက ကိုကို ကိုကြည့်ပြီး ရီချင်နေတာကို မနည်းတည်ထားရပါသည်။
ထားနဲ့ ကိုကို က နှစ်ဘဲကွာကြတယ်။
ထားကို ကားနားထိပြန်လိုက်ပို့ပေးရင်း
ဖြေးဖြေး မောင်ဖို့လဲ မှာလိုက်သေးတယ်။............
ထားစိတ်ထဲ ပျော်နေသလိုဘဲ။




ဒီလိုနဲ့ ထားနဲ့ ကိုကို တော်တော် လေးရင်းနှီးခဲ့ကြပါသည် ။
အနေအေးတဲ့ ကိုကို နဲ့ ခပ်သွက်သွက်ထားက တွေ့လိုက်ရင် သိပ်မပြောဖြစ်ကြပေမယ့်............
ထားလက်ရာ ဟင်းတခုခု မပါတဲ့နေ့ဆို ကိုကို က ထမင်းစားမကောင်းဘူးဆိုဘဲ ။



စာမေးပွဲနီးတော့ ကိုကို အတွက် နေ့တိုင်း ကိုကို စာချင်တာလေးတွေ ချက်ပေးမိသည်။
စာမေးပွဲပြီးတော့ ကိုကို ရန်ကုန်ကို ပြန်သွားပါသည်။
ထားကို လာနှုတ်ဆက်တဲ့ နေ့ကဆို ထား ရင်ထဲ ငိုချင်လိုက်တာ လေ။
ဘယ်လိုခံစားမှုကြီးမှန်းကို မသိပါဘူး

ဒီလိုနဲ့ ကိုကို သင်တန်းတွေ တက်နေတာ ထားဆီကို ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရပါဘူးရှင်
ထားလဲ 9တန်းစာတွေက များတယ်.........ဒီကြားထဲက ကိုကို ကိုတော့ သတိရနေတတ်ပါသည်။
စာမေးပွဲ တွေ ပြီးတော့ မေမေတို့က ထားကို ရန်ကုန်မှာ 10တန်းသွားကျောင်းတက်ဖို့ စီစဉ်ပေးကြသည် ။
ထား မမနဲ့အတူရန်ကုန်မှာ ကျောင်းတက်ခဲ့ရပါတယ်။
တနေ့မှာ ထားဆီကို  လူတစ်ယောက် ဖုန်းဆက် လာတယ်.......အံ့သြသွားမိတယ်.............
ထားဆီ ဖုန်းလာစရာ မေမေတို့ဘဲ ရှိတာလေ........မေမေတို့လဲမဟုတ်ဘူး ဆိုတော့

 

``ဟဲလို...............အမိန့်ရှိပါရှင်``

``ကလေးလေး စာတွေ ရပြီလား``


``ရှင်.........ကိုကို``ကိုကို က ထားကို ကလေးလေးလို့ ခေါ်တတ်တယ်လေ

``ဟုတ်တယ်.......ကိုကို ``

``အံ့သြလိုက်တာ............``

``ကိုကို သတိရလို့.........ကလေးလေး ဘာလိုသေးလဲ.........ကိုကို ဘာလုပ်ပေး၇မလဲ``

``ပြည့်စုံသွားပါပြီ ကိုကို.........ခုလို မေးတာနဲ့ တင် ပြည့်စုံနေပါပြီ ကိုကို..........ကျေးဇူးတင်ပါတယ်``

``ကလေးလေး ရယ်..........စကားတတ်တယ်နော်``

``ကိုကို ထင်လို့ပါ ကိုကို``

``စာတွေသေချာကျက်နော် ကလေးလေး ..........ကိုကို စာမေးပွဲပြီးရင် လာတွေ့မယ်``

``ဟုတ်ကဲ့ပါ ကိုကို``
 
 

တာတာ့ ဆိုပြီး ကိုကို ဖုန်းလေးချသွားပေးမယ့် ထားမှာတော့
 
ဖုန်းလေးကို အဓိပ္ပာယ်မဲ့ငေးကြည့်နေမိသည် ။
 
ပေါ်လာပြီး......ထပ်ပျောက်သွားအုံးမယ်ထင်တယ်နော် ကိုကို..................
 
 

ဘဘဆီက ကိုကိုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ
ကြားရတိုင်းနားစွင့်မိရင်း ရင်ထဲက နာကျင်လာမိပါတယ် ။.
ဒါ အချစ်ဆိုတာလား ကိုကို..................

မသိနာမည်တဲ့ အရွယ်လေးထဲက ကိုကိုက ထားနှလုံးသားနန်းတော်ကို
သိမ်းပိုက်ထားခဲ့တာဘဲ ကိုကို ရယ်..........

ဒီနေ့ သင်္ကြန်အကြိုနေ့လေး သူများတွေ ရေကစားနေကြပေမယ့်
ထားကတော့ ကောင်းကောင်း အိပ်နေတာ...........

အခန်းဝကနေ မေမေ လာနှိုးမှ နှိုးတယ်...............



``ဟယ် ဟုတ်လားမေမေ.......လာပြီနော်``

9တန်းဖြေပြီးထဲက ကွဲသွားတဲ့ သူငယ်ချင်းလေးလေ.....................

``ဟဲ့ သီဟ............ငါအတွက် ဘာပါလဲ``

``ပါပါတယ်ဟာ................နင်ကလဲ ဒီလိုရက်ကို အိပ်နေသေးတယ်နော်...........၀က်ဖြစ်တော့မယ်``

``ဖြစ်ဖြစ်ပေါ့ဟ............ပိုတောင်ကောင်းသေး``



သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့ပြီး သီဟက ရေလောင်းမယ်ဆိုတာနဲ့
အိမ်ရှေ့ ထွက်တော့ သီဟရေလောင်းနေတုန်းမှာဘဲ
ထားမြင်ကွင်းထဲကို ကိုကို ရောက်လာခဲ့ပါသည်။
ချက်ချင်းကားပေါ်ပြန်တက်မောင်းသွားတယ် ။

ကိုကို ၇ယ်...................ရက်စက်တယ် နေတတ်တယ်လိုက်တာနော် ။
ထား ကိုကို မျှော်လင့်ခဲ့ရတဲ့အချိန်တွေ ထားခံစားခဲ့ရတာတွေကို နည်း2မှ တွေးမပေးဘူးနော်
ကိုကို ထားတို့ နယ်မှာရှိနေပေမယ့် ထားဆီကိုတစ်ရက်မှ ပေါ်မလာဘူးလေ............
နေနိုင်တဲ့ ကိုကို ကို စိတ်ထဲမှာ နာကျည်းမိတယ်။

 




ဒီကိစ္စတွေ ဖြစ်ပြီး 1ပတ်လောက်အကြာမှာတော့ ဖေဖေနဲ့ မေမေက ထားကို
စကားပြောစရာရှိတယ်ဆိုပြီး ခေါ်ခဲ့တယ်။

ဧည့်ခန်းထဲကို ထားရောက်တယ်ဆိုရင်ဘဲ ဖေဖေက မေမေကို မျက်နှာရိပ်ပြပါတယ် ။
........မင်းပြောဆိုတဲ့သဘောပေါ့. ။

*သမီးလေးကို ပြောစရာရှိတယ်...........
ထား ဘဘက မနေ့က ဖေဖေကို ခေါ်တွေ့တယ်.........
အန်တီဆုနဲ့ မမချောမနက်ဖြန်ရောက်မယ်အန်တီဆု
ကျန်းမာရေး အတွက် ငပလီကို အပန်းဖြေသွားမယ်တဲ့.........
မမချောကော အန်တီဆုပါ အဖော်ရအောင် ထားလေးကို ထည့်ပေးဖို့ခေါ်ပြောတာ.............
ထည့်ပေးတာက အဆင်ပြေတယ် ထား..........ဘဘ ဆက်ပြောတယ်။..........ထားလေးကို ဘဘသား
ပုတုနဲ့ သဘောတူပေးပါတဲ့။ ထားလေးကို



သဘောမတူနိုင်ဘူး ...........ဖေဖေတို့ မိရိုးဖလာ ဗုဒ္ဒဘာသာကိုးကွယ်လာတာ..........
ဘာသာခြားကို လက်ခံလို့မရဘူး ထား........ဖေဖေ မျက်နှာနာနာနဲ့ဘဲ ငြင်းခဲ့တယ်.........
ကျေးဇူးတရားကို ခြေားနည်းနဲ့ဘဲ ဖေဖေတို့ ဆပ်နိုင်မယ်.........ဖေဖေ တို့ သမီးကို ဘာသာမတူတဲ့
သူလက်ထဲတော့ မထည့်နိုင်ဘူး...........ငပလီကိုတော့ လိုက်သွားပေးလိုက်ပါထား.*



ရေတိုကို မကြည့်ရဘူးနော် ရေရှည်ကို ကြည့်ပါ ခဏတော့ သာယာပေမယ့် တဘ၀စာအတွက်ဆို
ထားလေး စိတ်ဆင်း၇ဲရလိမ့်မယ်............ဒီတော့ ထားလေး ကိုယ်ကို ထိန်းသိမ်းပါနော်...........
ခံစားရမယ်ဆိုတာ ကို မေမေတို့သိပါတယ်...........ခံစားမှုကို အသိတစ်ခုနဲ့ ထိန်းပါလို့ မေမေ
မှာချင်တယ်သမီးလေး...........ကဲ...သွားတော့..........ထည့်စရာ၇ှိတာတွေ ထည့်ထားနော်............*



ထား အခန်းထဲကို ရောက်လာပေမယ့်  ထားစိတ်နဲ့လူ မကပ်တော့ပါဘူး.................
မေမေ ပြောတာတွေဘဲ ထားနားထဲမှာ ပဲ့တင်ထပ်နေတယ်.............................

 


ငပလီကို မနက်အစောကြီး ထွက်တယ်လေ............ညနေလောက် ငပလီကို ရောက်တယ်
ဘန်ဂလိုရောက်တာနဲ့ အန်တီဆုကို လိုအပ်တာတွေ လုပ်ပေးပြီး.
.........မမချောကို ဘာလုပ်ပေးရမလဲမေးတော့ မမချောက အားတွေ နာနေတာ ..........


*ရပါပြီ ထားလေး၇ယ်..........ခုလို လုပ်ပေးနေတာတောင် အားနာလှပါပြီ*

မမချောကတလမ်းလုံး ကားတောင့်တာ ရောက်တော့ ဒေါင်းကောလေ...........

*ထား လမ်းလျှောက်ချင်လို့ မမ.*

*သွားလေ ထား..........ဟဲ့ ပုတု ကလေးနဲ့ အဖော်လိုက်သွား*


ထား ကိုကိုနဲ့ တူတူ မသွားချင်ဘူး........ညင်းဖို့လဲ မတတ်နိုင်ဘူးလေ........တူတူ ထွက်လာကြပေမယ့်....
တစ်ယောက်နဲ့တစ်ယောက် စကားလဲ မပြောဖြစ်ကြဘူး.........ကိုအတွေးနဲ့ကို တိတ်ဆိတ်နေမိသည်။
တိတ်ဆိတ်မှုကို စတင် အသက်သွင်းလိုက်တာကတော့  ကိုကို ပါဘဲ။

 

*ကလေးလေး.........ဆံပင်တွေ တော်တော် ရှည်နေပြီနော်*

*ဟုတ်ကဲ့ ကိုကို.................*

*ကလေးလေး စကားလဲနည်းသွား*

*ဟုတ်ကဲ့ ကိုကို*

*ကလေးလေး ကိုကို ကို တခုခု စိတ်ခုနေတာလား*

*မရှိပါဘူး ကိုကို*

*ဟာ............*

ဆိုပြီး ရှေ့ကနေအရင် ထွက်သွားတယ်.........သေချာတယ် ကိုကို စိတ်ဆိုးသွားပြီ.........ဆိုးပါ
ကိုကို နာကျည်းသွားရင် ပိုကောင်းပါတယ်



ရှေ့က သွားနှင့်နေပေမယ့် နောက်ကတော်တော် ကျန်ခဲ့တဲ့ ကလေးလေးကို ကျွန်တော် သောင်ပြင်မှာ
ထိုင်စောင့်နေလိုက်တယ် လေထဲမှာ လွင့်နေတဲ့ ဆံနွယ်တွေက တင်ပါးနားထိ ရှည်နေပြီ.........လှလိုက်တဲ့
ဆံနွယ်တွေဗျာ..........ဖြူတယ်ဆိုတာထက် သနပ်ခါးရောင် အသားရည်လေးနဲ့ မြင်သူငေးလောက်တဲ့
ကိုယ်ခန္ဒာမှာ ချပ်ရပ်ရပ်လေး လှနေတဲ့ ပါတိတ်ဝမ်းဆက်ပိတောက်ခြောက်ရောင်းလေး နဲ့ လှချင်တိုင်းလှ
နေတဲ့ ကလေးလေးကို လွန်ခဲ့တဲ့ 3နှစ်လောက် ချာတိတ်မလေးဘ၀ထဲက အရူးမူးချစ်ခဲ့မိတာပါ............
အသိတရားတွေက ထိန်းချုပ်နေပေမယ့်.........အချစ်ဆိုတာ ခက်သားဘဲဗျာ............ကလေးလေး ရယ်
သိပ်ချစ်တယ်ကွာ။




ဒီနေ့တော့ အားလုံးရေထဲဆင်းဆော့ကျတော့ ထားက ရေကြောက်တယ်လေ...........မမချော က
အတင်းခေါ်နေတာ..........ထားကအတင်းညင်းလဲ မရဘူး..............ဒါနဲ့ ရေထဲကို ပါလာရတယ်......

ရေထဲကို ရောက်တော့ မောင်နှမနျစ်ယောက်က ရေကူးကျွမ်းတယ်လေ ထားကို စနေကျတောလေ....
ဘောပေးက မဆင်းတဲ့ ထားကို ဆွဲချလိုက် ပြန်ဆယ်လိုက်နဲ့ ထားမှာ မောလို့ ငိုတောင် ငိုချင်ပေမယ့်
ကိုကို ပျော်နေတာကိုကြည့်ပြီး တားဖို့ စကားလုံးတွေက ပါးစပ်ဖျားကနေ ပျောက်နေခဲ့ပါတယ်.........
ကိုကို ဒီလို ပျော်နေတာမျိုး မမြင်ခဲ့ဘူးဘူး........ကိုကို ရယ်နေတာ သိပ်ကို ချစ်ဖို့ကောင်းတာဘဲရှင်....
လှိုင်းတွေ တင်လာတာကို မသိဘဲ မမချောက ဆွဲချလိုက်ချိန်မှာ ထား ရေနစ်ပါတော့တယ်.........




ကျွန်တော် အသန်းသည်လိုက်ဆယ်ပေမယ့်လှိုင်းကြမ်းနေတဲ့အချိန်ဆိုတော့ ထားကို
မောင်နှမနှစ်ယောက် စလုံး  မကယ်လိုက်နိုင်ဘူးဗျာ အစသန်မှုက  ကျွန်တော် သိပ်ချစ်ရတဲ့ ကလေးလေး
ကို သေမင်းဆီကို တွန်းပို့လိုက်ပြီဗျာ ။

ရေကူးကျွမ်းပါတယ်ဆိုတဲ့ ကျွန်တော် မမ သူကိုယ်သူ ယုံကြည်မှု လွန်ကဲခဲ့တာလေ..........ခုတော့
 
အားလုံးရင်ကျိုးရပြီ.......ကလေးလေး အလောင်းကို ပြန်ရအောင်တောင် မနည်းရှာရတယ် ။
 
ကလေးလေး မိဘတွေ ချက်ချင်း ဒယ်ဒီနဲ့ အတူတူ လိုက်လာကြတယ်..........အန်တီရဲ့ ရင်ကွဲပတ်လတ်
 
ငိုသံနဲ့မျက်ရည်တွေ ။


အန်ကယ်ရဲ့ မချိတင်းခဲ ငိုကြွေးမှုကြောင့် စီးဆင်းလာတဲ့ မျက်ရည်စီးကြောင်းတွေ..........မမချောရဲ့
 
သူကိုယ်သူ ဘယ်တော့ မှ ခွင့်မလွတ်နိုင်တဲ့ ပူဆွေးငိုကြွေးခြင်း မျက်ရည် တွေ.............. ဒယ်ဒီနဲ့ မာမီရဲ့
 
အားနာ ရခြင်း သမီးလိုချစ်တဲ့ ကလေးလေးကို ဆုံးရှုံးလိုက်ရလို့ ၀မ်းနည်းပူဆွေးမှု မျက်ရည်တွေ နဲ့အတူ
 
သိပ်ချစ်ရတဲ့ ကလေးလေးကို ကျွန်တော်ရှေ့မှာတင် သေမင်းက ရက်ရက်စက်စက် ဆွဲခေါ်သွားတာကို
 
ဒီတိုင်းကြည့်နေလိုက်ရတဲ့ ကျွန်တော်နှလုံးသားထဲက  အက်ကွဲကျလာတဲ့ ရင်ကျိုးမရခြင်း...ဖြေသိပ်
 
မရခြင်းဆိုတဲ့  နှလုံးသွေးမျက်ရည်တွေ အားလုံးပေါင်းလိုက်တော့ ငပလီ ကမ်းဖြေလေးကဈာပန အခမ်း
 
နားလေး တစ်ခုမှာ.... သိပ်ကို လှပတဲ့ ကလေးလေးရဲ့ အလောင်းဘေးမှာ မျက်ရည်မိုး တွေအတားဆီးမဲ့
 
စွာ ရွာသွန်းဖြိုးခဲ့ပါတယ် ဗျာ ....................ပင်လယ်ကြီး လှိုင်းပုတ်သံတွေ ကြားတိုင်း
 
ကျွန်တော် ငိုရတော့မှာပါ ။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့