Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

နှလုံးသားကိုအလှဆင်ပါ

နှလုံးသားကို အလှဆင်ပါ

ရှုံးနိမ့်ခြင်းသို့ အလည်တခေါက်
အားကြီးသူကြောင့် ရောက်ခဲ့ရ
ဓနရှင်စနစ် တခါပြန်ဖြစ်တော့
ငွေရှင်၊ကြေးရှင်၊ဥစ္စာရှင်တွေ
နားထင်သွေးရောက် ခြေဖျားထောက်

ပြောင်းလဲတိုးတက် ခရီးဆက်
ဆက်ခါဆက်ခါ ထွက်လာခဲ့သည်
ရောက်ခဲ့ပါပြီ ခေတ်သစ်ဆီ
ပညာရေးကိုမှီ
ပညာကြီးသူအနိုင်ယူ
နေ့တဓူဝ တီထွင်ကြ
ဆန်းသစ်မှုတွေက
ဓာတ်ငွေ့မျိုးစုံ ပေါင်းစုံဖွဲ့ထား
ညူကလီးယားနှင့်ဓာတုလက်နက်
ချက်ချင်းမသေ တငွေ့ငွေ့သေကြ
ဒုက္ခိတဘ၀ ရောက်ခဲ့ရသော
ပိုးကောင်ထည့်သည့် ဇီဝလက်နက်
သန်းပေါင်းထောင်ချီ သေနိုင်စေသည့်
ပစ်မှတ်မလွဲ ဒုံးကျည်များလည်း
တင်ထွင်ကြံဆ အောင်မြင်ကြ

ဆန်းကြယ်ထွေပြား နည်းလမ်းများသည်
ပညာရေးကို အခြေတည်၍
ခေတ်မှီဖွင့်ဖြိုး နိုင်ငံ့အကျိုး
သယ်ပိုးထောက်ပံ့ အင်အားမြတ်ပင်
ဖြစ်လျှင်ကစား
စာနာစိတ်ကင်း နှလုံးညံဖျင်းသော်
ဘေးထွက်ဆိုးကျိုး ဒုက္ခဆိုးနှင့်
ကြုံတွေ့ရမည် ကြောက်ကြသည်ဆို
ပညာနှင့်ယှဉ် ပေါင်းဖက်ကြင်ကာ
နှလုံးသားကို အလှဆင်ပါ



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့