၁…….။ ချစ်သူ ..ရည်းစားကို ချစ်တော့ချစ်နော် သတိလေးတော့ ထားပေါ့ ကိုယ့်ထက်ပိုမချစ်မိစေနဲ့နော်
မိမိကို ချစ်ပါတယ်ဆိုတဲ့ ချစ်သူရည်းစားမှ သူရဲ့သေရေးရှင်ရေး အရေးကိစ္စကြုံလာရင်
သူကိုယ်သူထက် ကိုယ့်ကို ပိုမချစ်ပေးနိုင်ပါဘူး...
၂…….။ ချစ်သူ…ရည်းစား အချစ်ကဘ၀ မဟုတ်သလို ဘ၀ကလည်း အချစ်ဖြစ်မလာနိုင်ပါဘူး........
၃……။ ချစ်သူ…ရည်းစား ဘယ်လောက်ပဲချစ်ချစ် မွေးထဲကအတူတူမဟုတ်ခဲ့လို့ သေတော့လည်း
တူတူလိုက်မသေနိုင်ကြပါဘူး............
၎........။ ချစ်သူ…ရည်းစား အချစ်အတွက်ရူးမိုက်တယ်ဆိုရင်လဲ မွေးထားတဲ့ မိဘ ဆွေမျိုး ဂုဏ်ကိုတော့
ကြည့်တတ်သိတတ်ပါ။
၅…......။ ချစ်သူ…ရည်းစား အသိဥာဏ် စိတ်ကူးမှောက်မှားလာရင်လဲ စိတ် ထွက်ပေါက်မရှိအောင်
ကိုယ့်ကိုကိုယ် မမိုက်မှားမိအောင် မိမိကိုးကွယ်ရာ ဘာသာတရားကိုခဏလေးဖြစ်ဖြစ်ပေါ့
နာယူလိုက်တာ ကျင့်မှတ်လိုက်တာကမှ မိမိရဲ့စိတ်နှလုံးကို အေးချမ်းမှူ့ဖြစ်စေတဲ့အပြင်
စိတ်ဓါတ်ကျနေတာ စိတ်ဆင်းရဲနေတာတွေကို ကောင်းရာမွန်ရာ ဘက်ကို ပို့ဆောင်ပေးပါတယ်…..
၆……...။ ချစ်သူ…ရည်းစားဟာ ပေါက်လွတ်ပဲစားလား ကိုယ်ကျင့် သီလ မကောင်းသူလားဆိုတာတော့
သိထားသင့်အောင် လေ့လာပါ အယုံလွယ်တာ ဘ၀ပျက်တတ်တယ်.........
၇…….။ ချစ်သူ…ရည်းစား ကိုယ့်ချစ်သူဟာ ကိုယ့်ကိုချစ်သူဟာ သူလမ်းသူလျှောက်နေသလို
ကိုယ်ကလည်း ကိုယ်လမ်းကိုလျှောက်နိုင်အောင်ကြိုးစားပါ အမှီအတွယ်စိတ်ထဲမှာ အားကိုးမိပြီဆိုမှ
သူက မိမိတွဲလိုက်တဲ့လက်ကို လက်တွဲဖြုတ်လိုက်ရင် လမ်းမလျှောက်တတ်တဲ့ ကလေးငယ်တစ်ယောက်လို
ပြုတ်ကျကျန်ရစ်တတ်ပါတယ်။ ကိုယ်မထင်မှတ်ထားတဲ့အချိန်ဖြုတ်ချခံရရင် အခန့်မသင့်ရင် သူရူးတစ်ယောက်လို
ဦးနှောဏ်မှာပါစိတ်ခံစားမှူ့မူမှန်မဟုတ်တော့ပဲ ထိခိုက်မိပြီး လောကကိုဇောက်ထိုးမိုး မျှော်သလို ဘ၀ပါ
မှောက်ခုံကျတတ်ပါတယ်...........
၈……။ ချစ်သူ..ရည်းစား မိဘထက်ပိုချစ်သလို ပတ်ဝန်းကျင်ထက်ပိုချစ်တယ်
အဖေ အမေထက်ချစ်တဲ့ မောင်မောင်ရယ် သီချင်းလေးလို စိတ်ခံစားမှူတွေ အလေးအနက်ထားပြီး
မိမိအတွက် အသက်ပေးမွေးဖွားပေးသော အမေ အဖေကိုမေ့ မိမိကိုရှာဖွေစောင့်ရှောက်ထိန်းသိမ်းပေးသော
မိဘ မောင်ဘွားများကိုမေ့ပြီး လောကမှာတစ်ယောက်ထဲ နေထိုင်ရှင်သန်နေသလို ဆွေမျိုး ဘာသာ သာသနာကိုပါ
မေ့ပြီး လက်လွတ်စပါယ်ချစ်သူ……ရည်းစားအတွက် ခံစားနေထိုင်မှူ့များကို လူထဲမှလူသားများ
မိမိကိုယ်ပိုင် အသိမှာ ဥာဏ်ကပ်မှ မြင့် မြတ် သောလူဖြစ်မည် ဖြစ်သည့်အတွက် မြင်သိနားလည်
သဘောပေါက်နိုင်ကြပါစေဟု စေတနာဆန္ဒမွန်ဖြင့်........
၉…..။ ချစ်သူ ..ရည်းစား ဘ၀မှာ မိမိရဲ့စိတ်ရင်းမှန်ကို ထုတ်ဖော်မပြသကြပါဘူး
ဟန်ဆောင် လိမ်ညာ လှည့်ပတ်မှု့များပါတယ် ချစ်လို့ကြိုက်လို့ မိဘပေးစားလို့ယူပြီးခဲ့ကြပြီးမှ
လင်မယားကွဲကွာတာတွေတောင် ဖြစ်ကြသေးတာ ချစ်သူရည်းစာချင်း မညားခင်မှာ တစ်ဖက်ကလမ်းခွဲတာ
ကွဲကွာတာဟာ သင့်အတွက် ကံကောင်းတယ် လောကမှာ ကံအကောင်းဆုံးလူသားလို့သာမိမိကိုယ်ကို ကျေနပ်စွာနဲ့
နှစ်သက်ဂုဏ်ယူလိုက်ပါ လောကမှာ ခဏတာလာသော သူများခဏတာ ရင်ဆိုင်တိုးမိခြင်းဟုခံယူတတ်ပါစေ
စွဲလမ်း ငြိတွယ်မှူ့များမှ လျော့နည်းနိုင်အောင်လေ့ကျင့် လေ့ကျင့်ပေးပါ
၁၀………..။ ချစ်သူ ..ရည်းစား ဘ၀ ဘ၀ သံသရာတွင် အဖန်ဖန် အထပ်ထပ် သေခဲ့သည့် အချိန်တွင် စွဲမိစွဲရာ
ငြိတွယ် စွဲလမ်းသေသည်ကများသည့်အတွက် စွဲလန်း ခင်မင်တွယ်တာရစ်နှောင်မှူ့များနည်းပါးနိုင်အောင် မိမိစိတ်ကို
လေ့ကျင့်ပေးနိုင်အောင်ကြိုးစားပါ။
၁၁…....။ ချစ်သူ ..ရည်းစား လူသားခြင်းမဆိုထားနှင့် မိမိမြတ်နိုးမိသော အရာဝတ္ထုများ အိမ်မွေးတရိစ္ဆာန်ကိုပင်
ဘ၀အဆက်ဆက်မှ ငြိတွယ်စွဲလန်းလာသော စိတ်ကြောင့် ရွှေငါးလေးအိမ်မှာအလှမွေး ဖို့ဝယ်ယူရာ တွင်
ငါးများစွာထဲမှ ဒီရွှေငါးလေးရောင်းပေးပါ။ ကြောင်များစွာထဲမှ ဒီကြောင်ကလေးရောင်းပေးပါ ၊ ခွေးများစွာထဲမှ
ဒီခွေးလေးရောင်းပေးပါ ။ ငါးများစွာထဲမှ ဒီငါးလေးကိုမှချစ်တာဒါပဲယူချင်တာ ဒီကြောင်ကလေးပဲချစ်တာ
ဒီခွေးလေးကိုပိုချစ်တာ ဟုရွှေးပြီးမှဝယ်ယူတတ်သည် ။မိမိနှစ်သက်ရာကို စွဲလမ်းရာကိုသာ တောင်းရမ်းမွေးမြူ
တတ်ကြသည်မှာ ဘ၀များစွာ သံသရာ အဖန်ဖန် အဆက်ဆက်က ငြိတွယ်လာသောစိတ်ကြောင့်ဖြစ်သည်။
၁၂………..။ ချစ်သူ……ရည်းစား စောင့်ရှောက်တတ်မှူ့တာဝန်ယူတတ်မှူ့ မိမိ၏ တစ်အူတုံဆင်း
သွေးသားရင်းလို တန်ဖိုးထားလေးစား၍ သံယောဇဉ်နှင့် လူသားခြင်း လူသားခြင်း ကိုယ်ခြင်းစာစိတ် စာနာမှူ့
နားလည်မှူ့နှင့် လူဟုခေါ်သော လောကတွင်းဝယ်လူပီသနိုင်ကြပါစေ...........
အဝေးမှ မှာ တန်းစကား
ဘယ်သူအတွက်လဲကို နားလည်သဘောပေါက်နိုင်ကြပါစေ………….။

No comments:
Post a Comment