Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 5 July 2013

ပရိသတ် ၆၀၀၀ ကျော်အား ဆွဲဆောင်နိုင်ခဲ့သည့် Asia Style Collection 2013


ဇွန်လ ၃၀ ရက်နေ့က စင်ကာပူ နိုင်ငံတွင် ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၃ Asia Style Collection ပွဲတော်ကြီးသည် ပရိသတ်ပေါင်း များစွာအား
ဆွဲဆောင် ဖမ်းစားနိုင်ခဲ့သည်။ Murua၊ Qnigirls၊ Depression အစရှိသည့် နာမည်ကြီး အာရှဖက်ရှင် Brand စုစုပေါင်း (၂၃) မျိုးအား စင်ကာပူမှ နာမည်ကြီး မော်ဒယ်များ ဖြစ်သည့် Zoe Tay နှင့် Jeanette Aw တို့အပြင် နာမည်ကြီး အာရှမော်ဒယ် တစ်ဦးဖြစ်သည့် Sashay တို့ အပါအ၀င် တခြားနာမည်ကျော် မော်ဒယ်များမှ ၀တ်ဆင် ပြသခဲ့ကြသည်။

ထိုနည်းတူ ဂီတ ဖျော်ဖြေမှု အနေဖြင့်လည်း AKB48၊  2NE 1 ၊ Girl’s Generation အစရှိသည့် ကမ္ဘာကျော် ဂီတ အဖွဲ့များမှ ပါဝင် တင်ဆက်ခဲ့ကြသည်။ ၂၀၁၃ Asia Style Collection ပွဲတော်အား ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုနိုင်ခြင်း မရှိခဲ့သူများ အတွက်လည်း Channel U ရုပ်သံလိုင်းမှ delay အနေဖြင့် ထုတ်လွှင့် တင်ဆက် ပေးသွားဦးမည် ဖြစ်ကြောင်း သိရှိရသည်။

Source: CNA


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့