Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း စာနယ်ဇင်းသမား များ ထောက်ပြချက် ဒေါ်အောင်ဆန်းစုကြည် တောင်းယူလေ့လာ

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး MR Bob Carr ခေါင်းဆောင်သောကိုယ်စားလှယ် အဖွဲ့သည်ယနေမွန်းလွဲပိုင်းက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်တော်ရုံး (I-12) အဆောက်အဦးတွင်လာရောက်တွေ့ ဆုံသည်။ စိုင်းနောင် -
Popular Myanmar News Journal
 ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ် ငန်းဥပဒေကြမ်းနှင့် ပတ်သက်၍ စာ နယ်ဇင်းသမားတို့၏ ထောက်ပြချက်များ ကို ဒေါ်အောင်ဆန်း စုကြည် တောင်း ယူလေ့လာနေကြောင်း သတင်းရရှိ သည်။

''အစ်မ က မီဒီယာတွေ ဆီကကန့် ကွက်တယ်ဆိုတဲ့ အသံတွေ ကြားနေလို့ ဘယ်လိုအချက်တွေ ပါလဲဆိုတဲ့အနေနဲ့ တောင်းယူပြီး ကြည့်နေတာထင်ပါတယ်။ကျွန်တော်တို့ကိုတော့ ဘာမှ မပြောသေး ဘူး။တိုင်ပင်တာတွေမရှိသေးပါဘူး'' ဟု ဒီချုပ်ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဝင်းထိန်က ပြောသည်။

ယင်း ဥပဒေကိစ္စနှင့် ပတ်သက်၍ မီဒီယာသမားများက သမ္မတရုံး တာဝန်ရှိ သူများနှင့် လွှတ်တော်ကော်မတီများနှင့် တွေ့ဆုံရန် စီစဉ်နေ သည်ဆိုသော်လည်း ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ဖြစ်ေ သာကြောင့် ပြန်လည်ရေးဆွဲခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်ရန် မဖြစ်နိုင် တော့ကြောင်း၊ထို့ကြောင့်အမျိုးသား လွှတ် တော်က ပြင် ဆင်ပေးရန်သာ အဓိကကျနေ ကြောင်း ဘအမျိုးသားလွှတ်တော် ကိုယ် စားလှယ်ဦးဖုန်းမြင့်အောင်က ပြောသည်။

''ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးတင်တယ်ဆိုတာ သမ္မတကိုယ် စား တင်တာပဲ။ ဘွာခတ်လို့ မရတော့ ဘူး၊သွားတွေ့လည်း မထူးတော့ဘူး ထင် ပါတယ်'' ဟု ၄င်းက ဆိုသည်။

ယင်းဥပဒေသည် မကြာမီကာလ အတွင်း အမျိုးသားလွှတ်တော် သို့ ရောက် ရှိလာမည်ဖြစ်သောကြောင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အချို့က မီဒီ ယာများ၏ ကန့်ကွက်ထောက်ပြချက် များကို လေ့လာနေကြပြီ ဖြစ်ကြောင်း သိရသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ် ငန်း ဥပဒေကြမ်းကို အမျိုးသား လွှတ် တော်တွင် အကြောင်းပြချက် ခိုင်လုံစွာ ဖြင့် ပယ်ဖျက်မည့် အချက်များအား ထောက်ပြဆွေးနွေးကာ ပြင်ဆင်သွား
နိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အချို့က ပြောသည်။

''ကျွန်တော်တို့ဆီကိုတော့ မရောက် သေးပါဘူး။ ပြည်သူ့ လွှတ်တော်က အ တည်ပြုပြီး အမျိုးသားလွှတ်တော်မှာ ပြင် ဆင်ချက်တွေ နဲ့ ပြည်ထောင်စုရဲ့ အဆုံး အဖြတ်ကို ယူသွားတဲ့ ဥပဒေတွေ ရှိတာ ပဲ။ သေချာခိုင်လုံတဲ့ ကောင်းကျိုး ဆိုး ကျိုးတွေကို လေ့လာပြီး ပြင်ဆင်ဖို့ လုပ် လို့ရပါတယ်''ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲ တင်သွင်းသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်း ဥပဒေကို ပြည်သူ့လွှတ် တော်တွင် ဇူလိုင်လ ၄ ရက်နေ့က အ တည်ပြုခဲ့သည်။ ထိုသို့ အတည်ပြုပြီး နောက် မီဒီယာ အဖွဲ့အစည်းများ ဖြစ် သော MJA ၊ MJN နှင့် မြန်မာနိုင်ငံ စာ ရေးဆရာ သမဂ္ဂတို့ကကန့်ကွက်ကြောင်း ကြေ ညာချက်များကို ထုတ်ပြန်ခဲ့သည်။

''ဥပဒေမှာ ဘာတွေပါနေလဲ ဆို တာကို မသိရသေးတော့ ပြော မရသေး ဘူး။အကြောင်းမညီညွတ်တဲ့အချက်တွေ ပါရင်တော့ဆွေးနွေး တင်ပြရမှာပဲ။ အမျိုး သားလွှတ်တော်မှာ အတည်မဖြစ်သေး ရင်လည်း ပြည်ထောင်စုလွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးရတာတွေ ရှိ တာပဲ''ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့် က ပြော သည်။

ထို့ပြင် ဇူလိုင် လ ၇ ရက်နေ့က မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း အတည်ပြုခဲ့သည့် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ သတင်း စာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့