Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

လင်္ကာသားတို့၏ ဗုဒ္ဓသာသနာတော်အား တန်ဖိုးထား စောင့်ရှောက်ခြင်း၏ အကြောင်းရင်း"'


သီရိလင်္ကာနိုင်ငံဟာ နိုင်ငံလေးသေးသလောက် ဗုဒ္ဓသာသနာအား စော်ကားယုတ်မာလာလျှင် ထိုစော်ကားလာသူတို့အား ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ကာကွယ်တားဆီးခြင်းသည် ဘာလို့များပါလဲ ??? ဟူသောမေးခွန်းအား လင်္ကာမြေတွင် ပညာသင်ယူနေသည့်မိမိကို ဒကာ၊ဒကာမများ နှင့် သံဃာတော် များမှ မကြာခဏဆိုသလို မေးမြန်းကြပါတယ်။ မှန်ပါတယ် ..မေးမည်ဆိုပါကလည်း မေးထိုက်သော၊ သိထားသင့်သော မေးခွန်းပင်ဖြစ်ပါတယ်။

အိန္ဒိယရှိ ဗုဒ္ဓဂယာမြေမြတ်နေရာတို့အား ဗုဒ္ဓဘာသာဝင်များမှ ပိုင်ဆိုင်ခွင့်ရရှိရန် စတင်ေ တာင်းဆို အကောင်အထည်ဖော်ခဲ့သည်မှာလည်း သီရိလင်္ကာပင်ဖြစ်၏။
ကမ္ဘာ့ကုလသမဂ္ဂတွင် ဗုဒ္ဓနေ့အား တရားဝင်ရက်အဖြစ် သတ်မှတ်ပေးရန် စတင်တောင်း ဆိုခဲ့ သည်မှာလည်း ထိုသီရိလင်္ကာနိုင်ပင်တည်း။

အာဂဖန်နစ္စတန်တွင် ကမ္ဘာ့နှင့် ဗုဒ္ဓဘာသာတို့၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ကျောက် သား ဗုဒ္ဓရုပ်ပွားတော်မြတ်အား မူဆလင်အကြမ်းဖက်တာလီဘန်အစိုးရမှ မိုင်းဖြင့်ဖြိုချဖျက်ဆီး ရန်အား ထုတ်နေစဉ်တွင် ၄င်းတာလီဘန်တို့အား ဖိအားပေးတားမြစ်ကာ စီပွားရေးစသည့်တို့ကို ပိတ်ဆို့အရေး ယူသည့် နိုင်ငံတို့တွင် အစဆုံးသော နိုင်ငံသည်လည်း ထိုသီရိလင်္ကာနိုင်ငံပင်ဖြစ်သည်။
မေတ္တာရိမ်းလွှမ်း လွန်အေးချမ်းသည့် ဗုဒ္ဓရိပ်လှုံ သီရိလင်္ကာမြေပုံဝယ် မူဆလင်တို့၏ ကိုလဘန် နီ(အစ်)နေ့တွင် ညှာတာထောက်ထား ရက်စက်မှုအများဖြင့် ကျွဲ၊နွားတိရိစ္ဆာန်တို့အား လည်ဖြတ်ကာ စာနာမဲ့သတ်ဖြတ်ယဇ်ပြုခြင်းကို ဗုဒ္ဓနယ်မြေ ငါတို့ဆီဝယ် ရက်စက်သတ်ဖြတ် အစ်နေ့ရက်ကို မပြုလုပ် ရ တားမြစ်ယုံမျှမက ၊ အစ်နေ့နှင့်တနင်္ဂနွေရက်ကြုံ၍ ရုံးများ ကျောင်းများပိတ်သည်ကိုပင် အစ်နေ့အား ကန့်ကွက်သည့်အနေဖြင့် ရုံးတက်၊ကျောင်းဖွင့်ခဲ့တာလည်း ဒီသီရိလင်္ကာနိုင်ငံလေးပါပဲ။
သီရိလင်္ကာပြည်ဖွားမူဆလင်ကုလားသည် အာရတ်ကမ္ဘာမှ မူဆလင်ခေါင်းဆောင်များနှင့် OIC မူဆလင်အဖွဲ့တို့အား လင်္ကာအစိုးရသည် ၄င်းတို့အား နှိပ်ကွတ်၏ဟုဆိုကာ စာရေးအကြောင်းကြား ငွေတောင်းခံ သစ္စာဖောက်တာကြောင့် စာပို့သူကုလားအား ထောင်သွင်းအကျဉ်းကျ၍ အာရတ်တို့ အားလည်း ဗုဒ္ဓနိုင်ငံမှာ မူဆလင်နိုင်ငံလိုနေချင်လျှင် မူဆလင်နိုင်ငံမှာလည်း ဗုဒ္ဓနိုင်ငံလို လွတ်လတ် မျှတစွာ နေခွင့်ပေးရမည်ဟု မှန်ကန်ဖြောင့်မတ်စွာ ပြောကြားခဲ့တာလည်း သီရိလင်္ကာနိုင်ငံပင်ဖြစ်၏။( နေထိုင်ရာတိုင်ပြည်ကို သစ္စာဖောက်၍ မူဆလင်အာရတ်တို့အား လော်လီကာ ငွေယူသည့် သစ္စာ ဖောက် သူများအားဖမ်းမည်ဆိုက အမိမြန်ပြည်တွင် ကုလားရော၊ ကုလားအလိုတော်ရိလောက် ကောင်များပါ အများအပြားအဖမ်းခံရပေလိပ်မည်ဟု တွေးမိပါ၏)
ယခုအခါ Time မဂ္ဂဇင်းမှ ဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ(၀ီရသူ-မစိုးရိမ်)အား အာရတ်တို့မှ ဒေါ်လာငွေစားကာ ကုလားအကြိုက်လောလီလိုက်၍ ရေးသားထားချက်အား ကွန့်ကွက်ရှုံ့ချ Time မဂ္ဂဇင်းအား ပိတ်ပင်ယုံမျှမက ဆောင်းပါးရေးသူ လူ့အန္ဓအားလည်း တစ်သက်တာ ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်တာလည်း ထိုသီရိလင်္ကာပါပဲ..။
ထိုကဲ့သို့ ဗုဒ္ဓသာသနာအတွက် ရှေ့တန်းက မားမားမတ်မတ်ကာကွယ်ပေးသည့် အကြောင်း ရင်းကို ဝေဖန်ဆန်းစစ်ပြရပါလျှင် လင်္ကာသားတို့သည် ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ၊ တန်ဖိုးကို သိနားလည်သောကြောင့်ဟု ဆိုရပါမည်။ မှန်ပါတယ် “အဖိုးတန်မှန်းသိမှ တန်ဖိုးထားသည်” ဆိုသော စကားအတိုင်း ဗုဒ္ဓသာသနာတော်၏ တန်ဖိုးကိုသိ နာလည်ကြသောကြောင့် တန်ဖိုးထား ကြခြင်း ပင်ဖြစ်၏။
ထိုသို့တန်ဖိုးသိ၊တန်ဖိုးထားခြင်း၏ အကြောင်းရင်းကိုပြဆိုရသော်.။လင်္ကာသားတို့သည် ငယ် စဉ်ကာလ မူကြိုကျောင်းသားဘ၀မှစ၍ တက္ကသိုလ်အတန်းအထိ ကျောင်းသင်္ခန်းစာများတွင် ဗုဒ္ဓဒေသ နာတော်မြတ်တို့အား ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်း သင်ယူပို့ချနေရခြင်းအပြင်၊ တနင်္ဂ နွေကျောင်းပိတ်ရက်တိုင်းတွင် ဘုန်းတော်ကြီးကျောင်းများတွင် Sunday Dhamma School ကိုမဖြစ် မနေသင်ယူနေရ၏။ ထိုကြောင့်လင်္ကာသားတို့သည် ကလေး၊လူကြီး၊ ဆင်းရဲ၊ချမ်းသာ၊ အာဏာရသူ၊ ပါဝါရသူပါတီအားလုံးသည် ဘုန်းတော်ကြီးကျောင်းထွက်များသာဖြစ်ပြီး။ ထိုသို့ ဗုဒ္ဓဒေသနာတော်အား ဘာသာရပ်တစ်ခုအနေဖြင့် ပြဋ္ဌာန်းသင်ယူခြင်း၊ (Sunday Dhamma School )ဘုန်းတော်ကြီး ကျောင်းသူ၊ကျောင်းသားဖြစ်ပြီး ဗုဒ္ဓ ဓမ္မစာပေများအား တက်ရောက်သင်ယူခွင့်ရရှိရခြင်းသည်လည်း လင်္ကာသားတို့၏ ဗုဒ္ဓသာသနာတော်အပေါ် တန်ဖိုးသိ၊တန်ဖိုးထားခြင်း၏ အခြေခံအကြောင်းရင်းများ ပင်ဖြစ်ပါတယ်။
ထို့အပြင် သာသနာတော်ဆိုင်ရာဘာသာရေးပွဲတော်ဖြစ်သည့် ဗုဒ္ဓပူဇာပွဲတော်များ၊တရားပွဲများ ၊တရားစခန်းများ၊ ဓမ္မသင်တန်းများတွင် နိုင်ငံတော်အကြီးအကဲသမ္မတနှင့် ၀န်ကြီးများ၊ပါတီဝင်ပေါင်းစုံမှ ခေါင်ဆောင်များသည် ရှေ့ဆုံးမှ အင်တိုက်အားတိုက် ကျင့်ကြံအားထုတ်ပါဝင်ကုသိုလ်ပြုကြပါသည်။
အထက်ပါအကြောင်းအရာပေါင်းများစွာတို့ကြောင့် လင်္ကာသားတို့သည် ကလေးဘ၀မှ လူကြီး ထိတိုင်အောင် ဘာသာတရားအား ကျနသေခြာလေ့လာသင်ယူကျင့်သုံးလိုက်နာကြရသဖြင့် ဗုဒ္ဓသာ သနာတော်၏ တန်ဖိုးကိုသိနားလည်၍ တန်ဖိုးထားကြခြင်းဖြစ်၏ဟု အကျဉ်းအားဖြင့် ဖြေဆိုရမှာ ဖြစ်ပါသည်။
ထိုသီရိလင်္ကာနိုင်ငံနှင့် ချိန်ထိုး၍ မိမိတို့နိုင်ငံအားလေ့လာကြည့်ကြပါလော့၊ အတန်းကျောင်း တို့တွင် ဗုဒ္ဓဒေသနာတော်အား ပြဋ္ဌာန်းစာအဖြစ်ပြဋ္ဌာန်းထားပါ၏လော?။ ကျောင်းပိတ်ရက်များတွင် မိမိတို့၏ရင်သွေးတို့အား ဘုန်းတော်ကြီးကျောင်းများတွင် ဘာသာရေးသင်တန်းများ တက်ရောက်သင် ကြားစေခြင်းရှိပါ၏လော?့။
အမိမြန်မာပြည်၏ ကံကြမ္မာကိုပိုင်ဆိုင်ထားသည့် အာဏာရသူအစိုးရ၀န်ကြီးများ၊ပါဝါရသူ ပါတီများမှ ဒကာ၊ဒကာမတို့သည် ဗုဒ္ဓပူဇာတွင်လည်းကောင်း၊တရားစခန်းများ၊တရားပွဲများ၊ မင်္ဂလာ ဗျူဟာကဲ့သို့သော ဓမ္မသင်တန်းများတွင် အထက်ပါပုဂ္ဂုလ်များသည် သင်ကြားခြင်း၊လေ့လာ ခြင်း၊ အားထုတ်ခြင်းရှိပါ၏လော?..။
ထိုသိုမလေ့လာမသင်ကြားပါက ဗုဒ္ဓသာသနာတော်၏တန်ဖိုးကို နားလည်နိုင်ကြလိပ်မည် မဟုတ်ပေ ၊တန်ဖိုးကိုနားမလည်သော် တန်ဖိုးထားကာကွယ်စောင့်ရှောက်ကြမည်မဟုတ်။ ဥပမာ ပြရသော် ပတ္တမြား၏တန်ဖိုးကို မသိနားမလည်သောကလေးတစ်ယောက်သည် လွန်စွာအဖိုး ထိုက် သည့် ပြည်တန်ပတ္တမြားတစ်လုံးအား ကောက်ရထားလျှင် ထိုကလေးငယ်သည် ပတ္တမြားအား စိမ်း စိမ်းလေး၊နီနီလေးဟုသာသိ၍ အဖိုးထိုက်တန်မှန်း သိနားလည်လိပ်မည်မဟုတ်၊ထို့ကြောင့် တစ်စုံ တစ်ဦးမှ ထိုပြည်တန်ပတ္တမြားအား ကစားစရာအရုပ်လေးများ၊ စားစရာမုန့်ပဲသားရေစာများဖြင့် လဲလှဲ ပါက ထိုကလေးသည် အလွယ်တကူပင် လဲလှယ်ပေလိပ်မည် ။ အကြောင်းကား ထိုပြည်တန် ပတ္တမြား ၏ တန်ဖိုးကို မသိနားမလည်သောကြောင့် တန်ဖိုးထားစောင့်ရှောက်ခြင်းမပြုခြင်းပင်ဖြစ်၏။
အမိမြန်ပြည်သည်ကား ယခုအခါ ပြည်တန်ပတ္တမြားအား သရေစာများ၊ကစားစရာများဖြင့် လဲလှယ်သည့်ကလေးငယ်များနှင့်အလားတူနေပေ၏။ထို့ကြောင့် နောက်အနာဂါတ်တွင် မိမိတို့၏ မျိုးဆက်တို့အား ထို့သို့မဖြစ်ရစေရန်အတွက် မြန်မာပြည်သားအားလုံးတွင်တာဝန်ကိုယ်စီရှိကြပါသည်။ အစိုးရများ၊ပါတီများအနေဖြင့်လည်း ပြည်တန်ပတ္တမြားကို စိမ်းစိမ်းလေး၊နီနီလေးလောက်သာ သိသည့် ကလေးကဲ့သို့မဖြစ်ရလေအောင် မိမိ၏ ကိုးကွယ်ရာဘာသာတရား၏ အနှစ်သာရကို တတ်သိနား လည်၊ တန်ဖိုးသိတန်ဖိုးထား၊စောင့်ရှောက်နိုင်စေရန်အတွက် မအားလပ်ကြပါသော်လည်း အရေးကြီး လှသောကြောင့် အချိန်လေးအနည်းငယ်ပေး၍ တရားနာခြင်း၊တရားစခန်းဝင်ခြင်း၊ ဗုဒ္ဓစာပေကို လေ့လာခြင်း ၊စိတ်ကောင်း၊စာတတ်၊အကျင့်မြတ်သည့် ဆရာတော်သံဃာတော်များအထံတော်ပါးတွင် ဗုဒ္ဓဒေသနာတော်တို့အား လျှောက်ထားမေးမြန်း သင်ယူလေ့လာခြင်းဖြင့်၊ ဗုဒ္ဓသာသနာတော်၏ တန်ဖိုးကိုသိ၍ တန်ဖိုးထားကာ စောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတော့သည်။

ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ
Diploma in P.S.E,
ဘာသန္တရဆေက ဓမ္မာစရိယ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့