Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 July 2013

ဖုန်းခေါ်ဆိုခ တယ်လီနော့ ၂၅ကျပ်၊ အိုရီဒူး ၄၅ကျပ် (ရုပ်/သံ)

တယ်လီကွန်း တင်ဒါအောင်ထားတဲ့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုက ဆင်းကဒ်တန်ဖိုးနဲ့ တမိနစ် ဖုန်းခေါ်ဆိုခနှုန်းထားတွေကို အသီးသီး ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နော်ဝေအခြေစိုက် တယ်လီနော့က ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၂၅ကျပ် အများဆုံး သတ်မှတ်သလို ကာတာတယ်လီကွန်း အိုရီဒူးက ဖုန်းခေါ်ဆိုခ တမိနစ်ကို ၄၅ကျပ်ထက်မကျော်ပဲ သုံးစွဲခွင့်ပြုမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီနှစ်ခုလုံးကတော့ ဆင်းကဒ်တခု တန်ဖိုးကို ကျပ်၁၅၀၀ သတ်မှတ်ထားပါတယ်။

တယ်လီနောကုမ္ပဏီဟာ 2G စနစ် စတင်သုံးစွဲ ခွင့်ပြုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ 3G စနစ် မိုဘိုင်းလ်ဝန်ဆောင်မှုတွေ ပေးအပ်သွားမယ်လို့ ပြောပါတယ်။ အော်ရီဒူး ကုမ္ပဏီကတော့ စတင်ဝန်ဆောင်မှု ပေးတဲ့ကာလာမှာ 3G စနစ်စတင်သုံးစွဲ ခွင့်ပြုသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ 4G စနစ် အသုံးပြုခွင့် ရမယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၀ ရက် နေပြည်တော်မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာလိုက်တာပါ။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်ကလည်း တယ်လီဖုန်းခေါ်ဆိုခတွေဟာ ခေတ်နဲ့လျော်ညီခြင်းမရှိတော့တဲ့အတွက် နှုန်းထားလျှော့ချဖို့ကို အခုနှစ် အတွင်းမှာ ဆောင်ရွက်သွားဖို့ရှိကြောင်း ဇူလိုင် ၁၀ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထည့်သွင်းဖြေကြားသွားပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း မိုဘိုင်ဖုန်းခေါ်ဆိုခမှာ တမိနစ် ကျပ်၅၀ ဖြစ်ပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့