Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

ကမ်းလွန် လုပ်ကွက်များ လုပ်ကိုင်ရန် အတွက် နိုင်ငံတကာ ကုမ္ပဏီ ၆၁ ခုအကြို အရည်အချင်းစစ် တင်ဒါ အောင်မြင်ပြီးဖြစ်


စွမ်းအင်ဝန်ကြီး ဌာနရဲ့ သတင်းများ အရ ပြည်တွင်း စွမ်းအင် ကဏ္ဍမှ ကမ်းလွန် လုပ်ကွက် ၃၀ လုပ်ကိုင်ဖို့ အတွက် တင်ဒါများ ခေါ်ယူထားရာ နိုင်ငံတကာ
ကုမ္ပဏီ ၆၈ ခုမှ လျှောက်ထားခဲ့ပြီး အခုအခါ ၆၁ ခုက အကြို အရည်အချင်းစစ် တင်ဒါ အောင်မြင် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကမ်းလွန် လုပ်ကွက် ၃၀ လုပ်ကိုင်ဖို့ အတွက် စွမ်းအင် ၀န်ကြီးဌာနဟာ နိုင်ငံတကာ ကုမ္ပဏီများကို တင်ဒါများ ခေါ်ယူခဲ့ရာ နိုင်ငံတကာ ကုမ္ပဏီ ၆၈ ခုက လာရောက် တင်ဒါ လျှောက်ထား ခဲ့တာဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီ ၆၁ ခုဟာ အကြို အရည်အချင်းစစ် တင်ဒါ အောင်မြင် ခဲ့တာပဲ ဖြစ်ပါတယ်။
 
တင်ဒါများ လျှောက်ထားခဲ့တဲ့ နိုင်ငံတကာ ကုမ္ပဏီများထဲမှာ သြစတြေးလျ၊ အိန်္ဒိယ၊ အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံများမှ ရေနံ ကုမ္ပဏီများက အများဆုံး ပါဝင် တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံတကာ လုပ်ငန်းရှင် များက ပြည်တွင်းရဲ့ စွမ်းအင် ကဏ္ဍမှာ ပူးပေါင်း ပါဝင် လုပ်ကိုင်ဖို့ကို စိတ်ဝင်စားမှုတွေ များနေသလို ပြည်တွင်းက လုပ်ငန်းရှင် အချို့ ကလည်း နိုင်ငံတကာ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး စွမ်းအင် ကဏ္ဍမှာ ပူးပေါင်း လုပ်ကိုင်ဖို့ အတွက် ဆန္ဒရှိ နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကုန်းတွင်း လုပ်ကွက်များ လုပ်ကိုင်ဖို့ အတွက် အကြို အရည်အချင်းစစ် အောင်မြင် ထားပြီး ဖြစ်တဲ့ နိုင်ငံတကာ ကုမ္ပဏီ ၅၉ ခု ကလည်း မိမိကြိုက်နှစ်သက်တဲ့ လုပ်ကွက်များ အတွက် နောက်ဆုံး အဆိုပြုလွှာ များကို စွမ်းအင်ဝန်ကြီး ဌာနသို့ တင်ပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြား ကုမ္ပဏီများဟာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကုန်းတွင်း လုပ်ကွက်များ လုပ်ကိုင်ဖို့ အတွက် နောက်ဆုံး အဆိုပြုလွှာ တင်ပြခြင်းကို သြဂုတ်လ ၂၃ ရက်နေ့ နောက်ဆုံး ထားပြီး စွမ်းအင်ဝန်ကြီး ဌာနကို ပေးဖို့ တင်ပြရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့