Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ဆိုင်ကယ် အရှိန်လွန် တိမ်းမှောက် ဆိုင်ကယ်စီးလာသူ သုံးဦးသေဆုံး

 ညောင်လေးပင်  ဇူလိုင်  ၈

 ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ် ပိန်းဇလုပ် နယ်မြေ ရဲစခန်း အနောက် လေးဖာလုံခန့် အကွာတွင် ဆိုင်ကယ် တိမ်းမှောက်ကြောင်း

သတင်း ရရှိသဖြင့် ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ခေတ္တ စခန်းမှူး ဒုတိယ ရဲအုပ် မျိုးအောင်နှင့် အဖွဲ့သွားရောက် စစ်ဆေးရာ ဆိုင်ကယ် တိမ်းမှောက်ပြီး ဆိုင်ကယ်ပေါ် စီးနင်း လိုက်ပါလာသူ သုံးဦး သေဆုံးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသ ကြီး ညောင်လေးပင် မြို့နယ် ပိန်းဇလုပ် မြို့ချောင်းကားလမ်း မိုင်တိုင်အမှတ် (ဝ/၇)နှင့် (၁/ဝ)ကြားတွင် ဖဒိုဘက်မှ  ပိန်းဇလုပ်ဘက်သို့ ယာဉ်မောင်း ကိုကျော်(ခ)  ကရင်ကြီး ၃ဝ နှစ် (ဘ) ဦးအောင်မြင့်စိန် ကုန်းအင်းရွာ ညောင် လေးပင် နေသူ မောင်းနှင် လာပြီး နောက်တွင် ကိုမင်း (ခ) ဇောက်ထိုး ၁၉ နှစ် (ဘ)ဦးမောင်တင့် ကုန်းအင်းကျေးရွာ ညောင်လေးပင် နေသူနှင့် အမည်၊ နေရပ်လိပ်စာ စုံစမ်း စိစစ်ဆဲတို့ စီးနင်း လိုက်ပါလာသော လော်ဂျား ဆိုင်ကယ် ပန်းဆီ အနက်ရောင်သည်  ဆိုင်ကယ် ဘေးဒေါက်အား  လမ်းပေါ်တွင် ထောင်၍ အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက်သွားရာ   ယာဉ်မောင်း ကိုကျော်(ခ) ကရင်ကြီးတွင် ရင်ဘတ်ညိုမည်း ဒဏ်ရာ၊ ဦးခေါင်းဝဲဘက် သွေးထွက် ဒဏ်ရာများ၊  ကိုမင်း(ခ)ဇောက်ထိုးတွင် ဦးခေါင်းဝဲဘက် သွေးထွက် ဒဏ်ရာနှင့် အမည်၊ နေရပ်လိပ်စာ စိစစ်ဆဲ၏ ဦးခေါင်းဝဲဘက် ချိုစောင်းပေါက်ပြဲ သွေးထွက် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာ၌ပင် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မဆင်မခြင် မောင်းနှင်သူ ကိုကျော်(ခ) ကရင်ကြီးအား   ပိန်းဇလုပ် နယ်မြေ ရဲစခန်းက ယာဉ်(ပ)၁/၂ဝ၁၃၊ ပြစ်မှု ပုဒ်မ ၃ဝ၄-က ဖြင့် အရေးယူထား ကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့