Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ထွန်တုံးတိုက်ပွဲဝင် လူထုကွန်ရက်အဖွဲ့ဝင်အချို့ ဖမ်းဆီးတရားစွဲဆိုခံရ

 တောင်သူလယ်သမားတွေ မြေယာပြန်ရရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲရာမှာ ပါဝင်တဲ့  အန်အယ်လ်ဒီအဖွဲ့ဝင် ၁ ဦး အပါအ၀င် လူမှုကွန်ရက်အဖွဲ့ဝင် တချို့ ဖမ်းဆီး တရားစွဲဆိုခံနေရပါတယ်။

မန္တလေးတိုင်း သာစည်မြို့နယ်  သန်းတောကျေးရွာမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနက သိမ်းထားခဲ့တဲ့လယ်မြေကို ပြန်ရဖို့ တောင်သူတွေဟာ  အခုနှစ် ဧပြီလက ထွန်တုံး တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။

သက်ဆိုင်ရာရဲစခန်းက တောင်သူတွေရဲ့ ထွန်တုံးတိုက်ပွဲမှာ ပါဝင်ကူညီပေးတဲ့ မိုထိမိုးမိလူထုကွန်ရက်က ဒေါ်သန္တာအောင်ကို ဖမ်ဆီးခဲ့ပြီး  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) က  ကိုအေးမင်းမြတ်၊ မစမ်းအိဖြူ တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

လယ်သမားတွေနဲ့အတူ ထွန်ရက်ခဲ့တဲ့ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမင်းဆွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားပြီး သာစည်အချုပ်မှာ ချုပ်ထားပါတယ်။

ဦးမင်းဆွေကို အစားအသောက် သွားရောက်ကူညီအားပေးတဲ့ တောင်သူလည်း ဖမ်းဆီးခံရတယ်လို့ သန်းတောရွာက ဦးလင်းက အခုလို ပြောပါတယ်။

“ဦးမင်းဆွေကို တမြန်မနေ့က တောင်ငူကနေ ဖမ်းပြီးတော့ သာစည် အချုပ်ကို ညတွင်းချင်း ဖမ်းဆီးခေါ်လာတယ်။ အဲဒီလိုခေါ်လာတဲ့အချိန်မှာ မနေ့က ကျနော်တို့ ထန်းတောက တောင်သူလယ်သမားတွေက ဦးမင်းဆွေကို အချုပ်ထဲမှာ ထမင်းပို့ပေးဖို့ရယ်၊ အိပ်ဖို့အတွက် စောင်တွေအသစ် သွားဝယ်ပေးတယ်။ ယာမြေကျူးကျော်တယ်လို့ စွပ်စွဲခံရတဲ့ တောင်သူလယ်သမား ဦးကိုကိုလည်း အချုပ်ထဲမှာ ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။”

ဒါ့အပြင်ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့ တောင်သူ ၁၅ ဦးကိုလည်း မြေယာကျူးကျော်မှုပုဒ်မ ၄၄၇ နဲ့နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတယ်လို့လည်း ပြောပါတယ်။

သာစည်မြို့နယ် အင်တိုင်သာကျေးရွာအုပ်စု၊ မြင်းခြံကျေးရွာအုပ်စုက လယ်သမား ၃၁၉ ဦးပိုင် လယ်မြေ လယ်ဧက ၇၀၀၀ ကျော်ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနကနေ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့