Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 July 2013

ပဲခူးတွင် လယ်သမားများ ပထမဆုံး အကြိမ်ဆန္ဒပြ

ပဲခူးတွင် လယ်သမားများ ပထမဆုံး အကြိမ်ဆန္ဒပြ ။ ဓါတ်ပုံ - ပဲခူး သတင်းစဉ်


 ပဲခူးတိုင်း ဒေသကြီး အတွင်း အရပ်သား အစိုးရ လက်ထက်တွင် ပထမဆုံး ဆန္ဒ ထုတ်ဖော်ခြင်းကို ဇူလိုင်လ(၁၆)ရက်နေ့ မနက်၁၀နာရီခွဲခန့်မှ စတင်ပြီး မြေသိမ်းခံလယ် သမားများက ဆန္ဒထုတ် ဖော်ခဲ့သည်။

“ဆန္ဒပြခွင့် တင်တာ(၃)ကြိမ်ရှိပြီ တခါမှမရသေးဘူး”ဟု လယ်ယာမြေ သိမ်းဆည်းခံ လယ်သမားများက ဆိုသည်။

နိုင်ငံသား အခွင့်အရေး အရမည်သူမဆို လွတ်လပ်စွာ ပြောဆိုခွင့်ရှိပြီး လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခွင့်ရှိကြောင်းနှင့် ဆန္ဒထုတ်ဖော်မှုကို လယ်ယာမြေ သိမ်းဆည်းမှုနှင့် စက်မှုဇုန် စီမံကိန်းကြောင့် ပြသရခြင်းမဟုတ်ဘဲ စီမံကိန်း အကြောင်းပြုပြီး အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း လယ်ယာမြေကိစ္စများကို လိုက် လံဆောင်ရွက်ပေးနေသော ဦးဝင်းချို ကပြောသည်။

”လယ်တွေကို စိုက်ခဲ့တာက(၇)နှစ်လောက်ရှိပြီ၊ ကျတော့်လယ်တွေကို သိမ်းသွားတာက (၂၀၁၃)ဇူလိုင်လ(၇)ရက်နေ့လောက်က အဲ့ချိန်ကစပြီး လယ်လုပ်ခွင့်လဲ မရတော့ဘူးသီး စားလဲပြန်မချပေးဘူး၊ ကျတော့်လယ်တွေကို သိမ်းတာက ပဲခူးလူမှုဝန်ထမ်းက တိုင်းဦးစီးမှူးဆိုသူက သိမ်းတာပါ လယ်ဧက(၇)ဧကလောက်ပါ သွားတယ်“ဟုသိမ်းဆည်းခံလယ်သမား ဦးဝင်းမောင်ကဆိုသည်။
ပဲခူးခရိုင်တခုလုံးမှာတော့ ဆန္ဒပြတင်တာသူတို့က (၃)ကြိမ်တော့ ရှိတယ်၊ တခါမှတော့ပြခွင့် မပေးသေးဘူးဟု ပဲခူးခရိုင်မှူးက ရှင်းပြသည်။

နိုင်ငံသားတိုင်းနိုင်ငံမှာရှိတဲ့ ဥပဒေအတိုင်း လုပ်ခွင့်ရှိတယ်ကျတော်တို့ ဥပဒေအရ ဆန္ဒပြခွင့် တင်ထားတာတွေကို သက်ဆိုင်ရာကို တင်ပြမှုမရှိလို့ ပယ်ချတယ်လို့ပြောပါတယ်၊ ကျတော်တို့တွေ ဌာနဆိုင်ရာတွေကို အကြောင်းကြားတာလဲ ဘာဖြေရှင်းမှုမှ မရသေးပါဘူးဟု ကိုရန်ပိုင်စိုးကဆိုသည်။

ပဲခူးတက္ကသိုလ်အနီးရှိ ညောင်ဝိုင်းရွာနားတွင် စက်မှုဇုံစီမံကိန်းဟုဆိုကာ ဌာနဆိုင်ရာများမှ လယ်မလုပ် ပဲ လယ်မြေများကို ရယူမှုများ ရှိခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်ရာတွင်ပါ ၀င်သော လယ်သမား တစ်ဦးကပြောသည်။

”ကျတော်တို့က ဒါလေးနဲ့ ထမင်းစားနေရတာ၊ လယ်ပိုင်ဆိုင်ခွင့်လျှောက်လို့ ပိုက်ဆံသွင်း ရမယ်ဆိုရင်သူတို့သွင်း သလောက် ကျတော်တို့သွင်းမှာပေါ့ ခုဟာက ဘယ်သူမှ တောင်မသိလိုက်ဘူး“ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင်ဦးဝင်းချို၊ ကိုရန်ပိုင်စိုးနှင့် လယ်မြေသိမ်းဆည်းခံ လယ်သမား(၁၀)ဦးခန့်ပါဝင်ဆန္ဒပြခဲ့ပြီး ပဲခူး အထင်ကရဘုရားဖြစ်သော ရွှေမောဓေါဘုရားမှ ကျောက်တွင်းကုန်းလမ်းဆုံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်အင်အား(၅၀)ခန့်က တားမြစ်မှုများ ရှိခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့