Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

အိန္ဒိယ ရေပိုင်နက် ဝင်ရောက်ငါးဖမ်းမှုနဲ့ ဖမ်းဆီးခံရသူ ပြန်လွတ်

 အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲကို ဝင်ရောက်ကျူးကျော် ငါးဖမ်းမူနဲ့ အိန္ဒိယ အကျဉ်းထောင်ထဲမှာနှစ် အတော်ကြာနေခဲ့ရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၂၃ ယောက် ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ အိန္ဒိယနိုင်ငံ ပို့ဘလဲယား အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေဖြစ်ကြပြီး လွတ်ရက်စေ့တာကြောင့် အန္ဒိယအစိုးရက မြန်မာနိုင်ငံ လူဝင်မူကြီးကြပ်ရေး ဦးစီးဋ္ဌာနကို အကြောင်းကြားကာ ပြန်လည်လွတ်မြောက်လာသူတွေဖြစ်ပါတယ်။ အဲဒီရေလုပ်သားအများစုဟာ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းစတဲ့ဒေသတွေက ငါးဖမ်းသမား ရေလုပ်သားတွေဖြစ်ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ အကျဉ်းထောင်တွေမှာ ရေပိုင်နက်ကျူးကျော်မူနဲ့ တရားစွဲဆိုခံထားရသူ မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိနေသေးတယ်လို့ ဒီကနေ့ လေဆိပ်မှာလာရောက်ကြိုတဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ပြစ်ဒဏ်စေ့လို့ ပြန်ရောက်လာတဲ့ ရေလုပ်သားတွေက မိသားစုစားဝတ်နေရေးအတွက် ငါးဖမ်းလုပ်ငန်းနဲ့ပဲ ရှာဖွေစားသောက်ရမှာဖြစ်ပေမယ့် အိန္ဒိယ အစိုးရရဲ့ ရေပိုင်နက်ကျူးကျော်မူ အပြစ်ဒဏ်ဟာ လက်ရှိအချိန်မှာ ဆယ်နှစ်ဝန်းကျင်အထိရှိတာကြောင့် ရေပိုင်နက်မကျော်အောင် သတိထားရမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ သူတွေကို ကမ္ဘာဇဘဏ်လီမိတက်နဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ကပူးပေါင်းကာ ပြန်လည်ခေါ်ဆောင်လာတာဖြစ်ပြီး နေရပ်ဒေသအထိ လိုက်ပါပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့