Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 6 July 2013

*မိန်းကလေးတစ်ယောက် အချစ်တစ်ခု အိမ်ထောင်တစ်ခုကို လက်ခံတော့မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လည်း *** ဖြစ်ပါသည်။

********* မိန်းကလေးတစ်ယောက် အချစ်တစ်ခု ကိုလက်ခံတော့မယ်
အိမ်ထောင်တစ်ခုကို လက်ခံတော့မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လည်း *********

စာရေးသူ ဒီအကြောင်းလေးကို ရေးဖို့ ဘာလို့စဉ်းစားမိလည်း ဆိုရင် ခုခေတ် မိန်းကလေး
တွေ အတွက် တကယ်လိုအပ်ချက်တစ်ခု ဖြစ်နေလို့ပါ ။ အရွယ် ရောက်စပြုနေတဲ့ သမီးရှင်တွေ

အများစု ရင်ဆိုင်နေရတဲ့ အခတ်အခဲလေးတွေ အတွက် ဒီစာလေးကို မိန်းကလေး အတော်များများ
ဖတ်မိစေချင်တယ် အကျိုးရှိစေချင်ပါတယ် ။

အရင်လည်း မိန်းကလေးနဲ့သက်ဆိုင်တဲ့ ပို့စ်တွေ တော်တော်များများ စာရေးသူ တင်ပြပေးဘူး
ပါပြီ ။ အင်း............နောင်လည်း ရေးပေးနေရအုံးမယ် ထင်တယ်နော်..........ခေတ်ရေစီးကြောင်းရဲ့
မျောဝင်နေတဲ့ သမီးလေးတွေကလည်း သိပ်ကို လှပ နုနယ်လွန်းကြတာကိုးလေ ။ သူတို့ခေတ်နဲ့ သ
တို့ အလှ ပဏာတော့ရနေတာပါပဲဒါပေမဲ့ဘာလို့များပန်းလေးတွေအညိုးရော်မြန်နေကြတာလည်း
ကြွေကြတာ စောလွန်းနေကြတာလည်း ဆိုတာ စဉ်းစားမရဘူး ။

မိန်းကလေးဆိုတာ အချစ်တစ်ခု မှာပဲ ဖြစ်ဖြစ် အိမ်ထောင်တစ်ခုကိုပဲ ဖြစ်ဖြစ် လက်ခံတော့
မယ်ဆိုရင် ကြိုတင်လေ့လာ ပြင်ဆင်သင့်တာတွေက အများကြီးပါ ။ ဒီလို မှ မဟုတ်ဘဲ ရင်ခုန်သံကို
အဖော်ပြု နီးစပ်မူ့ကို သာယာ ဗလာကျင်းနေတဲ့ နှလုံးသားဆန္ဒကို ရှေ့တန်းတင်လို့ ဘ၀ဆိုတာ
ရေရာ သေချာမူ့ မရှိတာကို လှိုက်လှဲစွာ ခံစားမိရင်တော့ မင်းတို့ရဲ့ အလိုဆန္ဒတွေ အတွက် ပေးဆပ်
လိုက်ရမဲ့ ဘ၀ဒဿန တွေ ရူပ်ထွေးပွေလီ လွန်းလှပါတယ် ။

နေတတ်ရင် ဘ၀က လှပပေမဲ့ ခံစားတတ်လွန်းရင်လည်း ဘ၀က စုတ်ပျတ်သတ်သွားတတ်
ပါတယ် ။ အချစ်နဲ့ အိမ်ထောင်ရေး မှာ ကိုယ်တကယ် အတည် အတန့် လိုအပ်တယ်ဆိုရင် လေ့လာရ
မယ် ပြင်ဆင်ရမယ် ။ အယုံမလွယ် တတ်ရဘူး ။ အချစ်ကိုဖွတ်ထားတတ်ရမယ် ။ ကိုယ်ဘာမှ မသိ
သေးခင် မပြတ်သားသေးခင် မှာ မိန်းကလေးတစ်ယောက်ရဲ့ ကာဣနြေ္ဒ ကို မှဲ့တစ်ပြောက်တောင်
မစွန်းထင်းစေသင့်ပါဘူး ။

အချစ်ဆိုတာ သိပ်ကို နူးညံ့ပါတယ် သိမ်မွေ့လွန်းပါတယ် ခံစားရလွန်းပါတယ် ။ ဒါပေမဲ့
အချစ်ရဲ့နောက်မှာ သတိဆိုတာလေး ထည့်ပေးထားပါ ။နောက် စည်းဆိုတာလေး ခတ်ထားပေးပါ ။
အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ အချစ်က လမ်းပြ ကြယ်လေးတစ်စင်းပါ ။ အဲဒီကြယ်လေး ဟာမှန်
ကန်တဲ့ လမ်းကိုညွန်ပြ နိုင်တဲ့ အချစ်စစ်တွေ ကိန်းနေဖို့တော့လိုအပ်ပါတယ် ။ အသွေးအသားးဆန္ဒ
တွေ အတွက် ပေးးးးးဆပ်ဖို့ စောင့်စည်းနိုင်တဲ့ ဂိုဏ်ကောင်းလေးဖြစ်ဖို့တော့ လိုအပ်လှတယ်လေ ။

အချစ်တစ်ခု အတွက် ကိုယ့်အသွေးအသားကို ယူရက်တဲ့ ယူရဲတဲ့ ချစ်သူမျိုးကို
မိန်းကလေး များ အလိုရှိပါသလား ဟင် ။ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ အချိန်မရောက်သေးပဲ
မင်းတို့ဘ၀ကို မစွန်းထင်းစေသင့်ဘူး ။ ဗလာစာရွက်တစ်ရွက်ပေါ် မှာ ကိုယ်ရေးလိုက်လို့ မှားသွားတဲ့
အမှားတွေကို ဖျတ်ပေးဖို့ ခဲတံလေးတွေ မှာ ခဲဖျတ်လေးတွေ ပါ ပါတယ် ။ မှားသွားခဲ့ရင် အဲဒီခဲဖျတ်
လေးနဲ့ ဖျတ်ပြစ်လိုက်လို့ ရပေမဲ့ ဘ၀စာမျက်နှာပေါ် မှာ စွန်းထင်းပေကြံသွားတဲ့ အမှားတွေကိုတော့
ဘယ်လို ခဲဖျတ်နဲ့ မှဖျတ်ရ မယ်မထင်ဘူးနော် ။

ချစ်သူဆိုတဲ့ ဘ၀မှာ မိန်းမသားတွေက အဓိက ကျလွန်းပါတယ် ။ ကိုယ့်တိုင်က စည်းတစ်ခု
ကို မလုံခြုံဘူးဆိုရင်တော့ ဖြစ်ပေါ်လာတဲ့ အခတ်အခဲတိုင်း ပြဿနာတိုင်းဟာ အုပ်ထိန်းသူ

များနဲ့မဆိုင်ပါဘူး ။ အရွယ်ရောက်လာတဲ့ မိန်းကလေးတိုင်း ဒါတွေကိုသိထားသင့်တယ် ။ ကျားဆိုတာ
ဥုံးဗုဓ် မစောင့်ဘူး သတ်သတ်လွတ်မစားဘူးနော် ။ ဒါပေမဲ့ ချွင်းချတ်တော့ ရှိတာပေါ့ ။ ကျားတိုင်းတော့
မဟုတ်ဘူး ရှာကြည့်ပါ သိပ်ကို ရှားပါတယ် ။

ကျားတွေကို ကိုယ်တို့အပြစ်မဆို နိုင်ဘူးနော် ။ ချစ်သူအိမ်ထောင်ဖတ်ရွေးချယ်မယ့် မင်းတို့
ကိုယ်တိုင်ကသာ စည်းတွေကို လုံခြုံစွာ တားဆီးပေးထားမယ်ဆိုရင် ဘယ်လို ကျားမျိုးမှ မကျူးကျော်
ရဲပါဘူး ။ ချစ်တာက ချစ်တာပဲလေ ။ အသွေးအသားကို ပေးဖို့မှ မလိုတာ ။ ကျားတွေသုံးတဲ့ စကားလုံး
လေး ကို မြဲမြဲ မှတ်ထားပါ ခုပြောတဲ့ စကားလုံးက သူတို့ အမြဲသုံးလေ့ရှိတယ် ။ သောက်ရေအိုးထဲက
ရေ ကို ဘယ်သူမှ ခြေမဆေး ပါဘူးတဲ့ မင်းတို့သာ သောက်ရေအိုးထဲကရေ ဖြစ်နေပါစေ ။ သူတို့ခြေ
မဆေးရဲပါဘူး ။ အိုင်ထဲက အဖိုးမတန်တဲ့ ရေဆိုရင်တော့ အိုင်တွေ့တိုင်းခြေဆေးမယ်ဆိုတဲ့သဘော
သက်ရောက်နေတယ်ဆိုတာ မမေ့ပါနဲ့ ။

နောက်တစ်ခုက မင်းတို့ ဘာမှရေရာသေချာစွာ မဆုံးဖြတ်နိုင်သေးခင်မှာ အချစ်ကိုမယုံစား
လိုက်ပါနဲ့ ။ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ အဝေးကြီး လိုပါသေးတယ် ။ သေချာမူ့ မရှိတဲ့ အချိန်
ကာလတွေကို ဖြတ်သန်းရအုံးမယ်ဆိုတာ မမေ့ပါနဲ့ ။

အချစ်နဲ့ အိမ်ထောင်တစ်ခုကို မလက်ခံမီ သူတို့အကြောင်းကို အရင်ဆုံးသေချာ အောင်
လေ့လာစမ်းစစ်ပါ ။ ဆင်းရဲမူ့ ချမ်းသာမူ့ဟာ အချစ်နဲ့ အိမ်ထောင်ရေးမှာ အဓိက မကျပါ ဘူး ။
အဓိက ကျတာက သူ့ မျိုးရိုးဗီဇ ကိုယ်ကျင့်တရား အရင် ချစ်သူရည်းစား များမူ့ မများမူ့ သူ့မှာအိမ်
ထောင် ရှိမရှိ ဘယ်အရပ်ဒေသမှာ နေတယ် ဆိုတာတွေကို သေချာ လေ့လာစမ်းစစ်ပါ ။

တကယ်လို့သာ ဒါတွေကို လေ့လာမူ့ မရှိပဲ အချစ်တစ်ခုကို ကိုးစားပြီး အိမ်ထောင်တစ်ခုမှာ
မလေ့လာမိပဲ သူကိုတော့ ချောလွန်းလို့ အပြောလေးကိုသာယာလိုက်လို့ အသိုင်းအ၀ိုင်းလေးကိုနှစ်
ခြိုက်မိလို့ သူကတော့ ငါ့ကို မလိမ်လောက်ပါဘူး သူကတော့လူပျိုဖြစ်နိုင်ပါတယ် အိမ်ထောင်ရှင်မဟုတ်
လောက်ပါဘူး သူကတော့တည်တန့်တယ် ထင်တာပဲ သူကတော့ပြည့်စုံလို့................စတဲ့ မရေရာ
မသေချာမူ့တွေနဲ့ ဆုံဖြတ်ချက်တစ်ခု မှားလိုက်ရင် တော့ မိန်းကလေးတစ်ယောက်ဘ၀ ဟာ ပွဲသိမ်း
မလှပတတ်ပါဘူး ကွာ ။

မိန်းကလေးဆိုတာ ကိုယ့်ချစ်သူအိမ်ထောင်ဖတ်ကို တကယ် လေးစားတန်ဘိုးထားမြတ်နိုးရင်
အချစ်စိတ်ကလေးကို နိုင်အောင်ထိန်းသိမ်းပါ ။ အပြစ်တွေကို သံသယစိတ်လေးနဲ့ မြင်အောင်ကြည့်
ပေးကြပါ ။ အယုံလွယ်လို့ ပုံအပ်ပြီးကာမှ ကိုယ့်လက်တွဲဖော်ဟာ ကံသေကံမ ပိုင်ဆိုင်သူနဲ့သာဆိုရင်
ရူပ်ပွေနေတတ်တဲ့ ချစ်သူသာဆိုရင် မင်းတို့ ကိုယ်တို့ ဘယ်လမ်းကိုဖောက်လို့ ဘယ်လမ်းကိုလျောက်
ကြမလည်းဟင် .......................လက်ခုပ်ဆိုတာ နှစ်ဖတ်တီးမှ မြည်တတ်တဲ့သဘောပါ ။ သူတစ်
ယောက်ထည်းတီး မရသလို တို့များ တစ်ဖတ်ထဲနဲ့လည်း တီးလို့မရပါဘူး ။ ကိုယ်တို့ကသာ စည်းကို
သေချာ ခတ်ထားခဲ့မယ် လေ့လာစမ်းစစ်ခဲ့မယ်ဆိုရင် အဲဒီစည်း ဟာ လူံခြုံခိုင်ခန့်နေသမျှ ။။။။။။။။။။

ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် တဲ့ ။ ဘယ်သူ့တာက မလုံခြုံ မလုံခြုံ မိမိ
တာကို မိမိ လုံခြုံအောင်စောင့်ထိန်းကြပေးကြပါ ။ အချစ်တစ်ခု အိမ်ထောင်တစ်ခုကို လက်ခံချင်လာတဲ့
စိတ်ကလေးဖြစ်ပေါ်လာတယ် ဆိုရင် မသာယာလိုက်ပါနဲ့အုံး ငါသူ့ကိုလေ့လာ ရအုံးမယ် အချိန်ယူရအုံး
မယ် ဆိုတဲ့ စိတ်ကလေးကို အရင် မွေးမြူပြီး ကိုယ်လက်တွဲဖော်အတွက် ပေးချင်နေတဲ့ နှလုံသား
တံခါးလေးကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားပေးပါ ။

နောက်တစ်ခုက မိမိ မိဘများနဲ့ ဗဟုသုတ များသူ ယုံကြည်သူ ကိုယ့်အကောင်းအဆိုး
ခွဲခြားပေးတတ်တဲ့သူငယ်ချင်း များကို တိုင်ပင်ပါ ။ အကြံယူပါ လေ့လာတာဟာ စမ်းစစ်တာဟာ ရှက်
စရာ မဟုတ်ပါဘူး သူတို့သာတကယ်မှန်ကန်နေသူဆိုရင် မိဘ အသိုင်းအ၀ိုင်း နေရပ်တွေကို ကြည်
ဖြူစွာ ပေးအပ်ကြမယ်ဆိုတာ မမေ့ပါနဲ့ ။ မိမိကသာ ဘာတစ်ခုမှ မသေချာသေးခင် မိမိရဲ့စိတ် ခန္ဓာ
တွေကို လုံခြုံစွာ စောင့်ထိန်းထားကြပါ ။ အချစ်ဆိုတာ ချိုမြိန်လွန်းပါတယ် ဒါပေမဲ့ သတိတော့ ရှိသင့်
တယ် တမာလိုခါးသွားမဲ့ အလုပ်မျိုးတွေ မဖြစ်ပေါ်စေဖို့ မိမိသိက္ခာ ကိုယ့်ကျင့်တရားအတွက် ( စည်း )
ဆိုတဲ့ သော့လေးနဲ့ ခတ်ထားပေးကြပါ ။

အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ အချစ်နဲ့ အိမ်ထောင်ရေးပေါင်းမှ ဘ၀တစ်ခုဖြစ်လာပေမဲ့
အဲဒီ ( ဘ၀ ) လေးလှပ ပုံဖော်နိုင်မူ့အတွက်တော့ ပတ်ဝန်းကျင် အသိုင်းအ၀န်း သိက္ခာ ကိုယ့်ကျင့်
တရား လွတ်လပ်မူ့ နှောင်ဖွဲ့ကင်းမူ့ တစ်ဦးနဲ့တစ်ဦးသစ္စာ စောင့်သိမူ့တွေနဲ့ ပေါင်းစပ်လိုက်မှသာ
ထည်ဝါလှပလွန်းတဲ့ ဘ၀ တစ်ခုဖြစ်တည်လာမှာမို့ မိမိ ချစ်သူ အိမ်ထောင်ဖတ်ကို လက်ခံ

စဉ်းစားတော့မယ်ဆိုရင် ( ((လက်တွဲဖော်ကို နှစ်ခါ ) )) ပြန်ကြည့်မိပါစေလို့ စာရေးသူကတော့ ဆန္ဒ
ပြုပါတယ်နော် ။ ဘာလို့လည်းဆိုရင် ပညာရှင် ဆိုကရေးတီးကတော့

မင်းတို့လူတစ်ယောက်ကိုတစ်ခါကြည့်ရုံနဲ့ ချစ်မိသွားရင် နောက်တစ်ခါထပ်ကြည့်ပါလို့
တိုက်တွန်းခဲ့ပါတယ် .............ဒါကြောင့် ကိုယ့် ချစ်သူ အိမ်ထောင်ဖတ်ကို ((( နှစ်ကြိမ် နှစ်ခါ ))) လေ့
လာ စမ်းစစ်ပါလို့...................................................................................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့