
ဒီကနေ့ နံက်နက် ၅ နာရီ ၃၀ ကနေ ၅ နာရီ ၅၈ မိနစ် အတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဗုံး (၄) လုံးက မဟာဗောဓိ ကျောင်းတော် အတွင်းမှာ ပေါက်ကွဲခဲ့ပြီး (၃) လုံးကတော့ ကာမာပ ( Karmapa) ဘုန်းတော်ကြီးကျောင်းမှာ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ကျန်နှစ်လုံး အထဲက တစ်လုံးကတော့ ဗုဒ္ဓ ရုပ်ပွားတော်ကနေ ပေ ၈၀ လောက် အကွာမှာ ပေါက်ကွဲပြီး ကျန်တစ်လုံးကတော့ ဘတ်စ်ကားဂိတ် အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ဗုံးနှစ်လုံးကိုတော့ စနက်တံ ဖြုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဗုဒ္ဓဂါယာဟာ တရုတ်၊ ဂျပန်နဲ့ သီရိလင်္ကာ ဘုရားဖူးတွေ မကြာခဏ ဘုရားဖူး ရောက်နေကြတဲ့ နေရာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖေါ်ပြပါတယ်။
Arvind Singh လို့အမည်ရတဲ့ မဟာဗေါဓိ ကျောင်းတော် စီမံခန့်ခွဲရေး ကော်မီတီ အဖွဲ့ဝင် တစ်ဦး ပြောတာကတော့ ခုလို ဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံက ရဟန်းတော် တစ်ပါးနဲ့ တိဗက် ရဟန်းတော် တစ်ပါးတို့ ဒဏ်ရာ ရရှိသွားပြီး အခု သူတို့ကို Magadh ဆေးကျောင်း ဆေးရုံမှာ တင်ထားတယ်လို့ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်)က ပြောတာကတော့ ဒဏ်ရာရတဲ့ မြန်မာ ရဟန်းတော်ဟာ ဦးရာသဂ္ဂလို့ ဖေါ်ပြပါတယ်။
အိန္ဒိယ ရဲအဖွဲ့ ပြောတာကတော့ ဒီလုပ်ရပ်ဟာ အကြမ်းဖက် အဖွဲ့ တချို့ရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ခုလို တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ပြည်နယ် ၀န်ကြီးချုပ် Chief Minister Nitish Kumar နဲ့ ရဲမင်းကြီး DGP Abhyanand တို့ဟာ ဗုဒ္ဓဂါယာကို ထွက်ခွာသွားကြတယ်လို့ ပြောပါတယ်။
No comments:
Post a Comment