Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ပါရဇိကံ အမှု နှင့် ငွေလိမ်လည်သည့် ထိုင်းဘုန်းကြီး စစ်ဆေးအရေးယူခံရ

Luang Pu Nen Kham Chattiko ဘုန်းကြီးအား ရာဇဝတ်ရုံး၌ တိုင်ကြားရန် ကြွလာသော ဆရာတော် Luang Pu Buddha Isara ကိုတွေ့ရစဉ်။ Photo : Bangkok Post  ဘန်ကောက်   -  ဇူလိုင် -၇  ။          ။ ပြဿနာဝိုင်းနေသော ထိုင်းဘုန်းတော်ကြီး  Luang Pu Nen Kham Chattiko သည် ၄င်း၏ သင်္ကန်းဝတ်ကာလအတွင်း မိန်းမ ရှစ်ဦးနှင့် မှောက်မှားသော ရင်း နှီးမှုမျိုးရှိခဲ့ကြောင်း အထူးစုံ စမ်းရေးဦးစီးဌာန  DSI မှ တွေ့ရှိခဲ့ရ သည်ဟု ဆိုသည်။ Phra Wirapol Sukphol  ဟူလည်း အမည်ရသောဘုန်း တော်ကြီးနှင့်ပတ်သက်၍  DSI  ၏ ရာဇဝတ်မှုဆိုင်ရာ အကြီးအကဲ Pongin Intarakhao  နှင့် Na tional office of Buddhism  ညွှန်ကြားရေးမှူးချုပ် Nopparat Benjwatananum တို့နှစ်ဦး သတင်းဖလှယ်အပြီး ယခုကဲ့သို့ သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

DSI စုံစမ်းမှုများအရ ဘုန်း တော်ကြီးတွင် အသက် ၂၆နှစ် အရွယ် Yupinpraethong အမည်ရှိ ဇနီးမယားရှိပြီး အခြား မိန်းမခုနစ်ဦးတို့နှင့်လည်း ကျူး လွန်မှောက်မှားခဲ့ကြောင်း တွေ့ ရသည်ဟု ဆိုသည်။ ဘုန်းကြီး၏ ငွေကြေး အခြေအနေဖြင့် ပတ် သက်၍ ငွေကြေးခဝါချမှုတန် ပြန်ရုံး (AMLO) နှင့် သတင်းအ ချက်မျှယူရာတွင် ဘုန်းကြီးနှင့် ၄င်း၏ ဆက်နွှယ်မှုရှိသောသူ များတွင် ဘဏ်စာရင်း ၄၁ခုဖွင့် ထားကြောင်းလည်း သိရှိရသည် ဟု ရဲဒုတိယ ဗိုလ်မှူးကြီး Ponginu က ထုတ်ဖော်ပြောခဲ့သည်။

ငွေများဖြင့် အိမ်၊ ကား ဝယ်ယူထားခြင်းရှိမရှိကို  DSI မှ စစ်ဆေးသွားမည်ဟု ၄င်းက ပြောသည်။ Luang Pu Neu Kham အမည်ဖြင့် ဖွင့်သော ငွေစာရင်းတွင် ငွေမည်မျှရှိသည် ကို အေဂျင်စီမှ စုံစမ်းသွားမည် ဖြစ်ပြီး ထိုကိစ္စ တွင် လူအများ ပါဝင်ပတ်သက်နိုင်ကြောင်း သိရ သည်။ DSI အရ ဘုန်းကြီးတွင် ဥဘုံရာချာထာနီနှင့်  Si Sa Ket  တွင် အိမ်တစ်လုံးစီနှင့် မော်တော် ကားနှင့် မော်တော်ဆိုင်ကယ် ၁၃စီးပိုင်ကြောင်း သိရသည်။ ဘုန်းတော်ကြီး နှင့် ဆက်နွှယ် ပတ်သက်သောမိန်းမများအား မေးမြန်းပြီးဖြစ်ကြောင်း၊Phra Wirapol အား မေးမြန်းမှုကို ရင်ဆိုင်ရန်တစ်လအတွင်း လာ ရောက်စေလိုကြောင်း မစ0x081စတာ Nopparat မှ သတိပေးထား သည်။ မလာရောက်ပါက ကိုယ့် အပြစ်ဝန်ခံရာရောက်ပြီး ပြင်း ထန်သော အရေးယူမှုပြုလုပ်ရ လိမ့်မည်ဟုလည်း ၄င်းက ပြော သည်။

နိုင်ငံတော်ဘာသာရေးနှင့် ဘုရင်ကို ပျက်စီးသောလုပ်ရပ် များကို ဆန့်ကျင်သည့် ကွန်ရက် ခေါင်းဆောင် Songkran At-chariyasupu Phra Wirapol  ၏ မသမာမှုများကို ရာဇဝတ်မှုနှိမ် နင်းရေးဌာနသို့ အထောက်အ ထားဖြင့် တင်ပြသွားမည်ဟု ဆို သည်။ အထောက်အထားသည် လိမ်လည်မှုဖြင့် စွပ်စွဲဖမ်းဝရမ်း ထုတ်နိုင်ရေးရဲများအတွက် အ ထောက်အကူဖြစ်စေမည်ဟု သိရသည်။ ဘုန်းကြီးနှင့် ရှုပ်ထွေး မှုရှိခဲ့သည်ဟု စွပ်စွဲခံထားရသော မိန်းမ များ နှင့် ပတ်သက်၍ ၄င်း တို့သည် သက်သေခံကြမည်ဖြစ် ၍ ၄င်းတို့၏လုံခြုံရေးကို လူ့ အဖွဲ့အစည်း ဖွံ့ဖြိုးရေးနှင့် လူ သားလုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Paveena Hongsakula နှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။ နခုမ်ပထုန် မှ ဘုန်းတော်ကြီးWat or Noi  မှ ဘုန်းတော်ကြီး Phra Wirapol  နှင့် အပေါင်းပါတို့အား ဘုန်းကြီးလိုဝတ်ပြီး လိမ်လည်မှု အတွက် ဘန်ကောက်ရာဇဝတ် ခုံရုံးတွင် ယမန်နေ့က အမှုဖွင့်ခဲ့ ကြောင်း သိရသည်။

ထိုစဉ် World Peace University  ပူးတွဲတည်ထောင် သူ  Raewat Chatreewisit နှင့် Phra Wirapol ဘက်တော်သား ကျောင်းအုပ် Sawat Bauterng sookတို့နှစ်ဦးသည်  DSI သို့ အမေးအမြန်းခံရန် ယမန်နေ့က လာရောက် ခဲ့ကြ ကြောင်း သိရ သည်။ World Peace University  သည် တက္ကသိုလ်အဆင့်အ တန်းအစစ်အမှန်မရှိဘဲ ဒီဂရီ များပေးခဲ့၍ ပြည်သူလူထုအပေါ် လိမ်ညာခဲ့ကြောင်း တိုင်ကြားချက် ကို  DSI မှ စောစောပိုင်းက ရရှိ ထားကြောင်း သိရ သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့