Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 July 2013

မြန်မာက ဘင်္ဂလီ ၇၅ ဦးကို သူတို့ နိုင်ငံသို့လွဲပြောင်း


လွှဲပြောင်းပေးလိုက်သူများကို ဘင်္ဂလာရဲကားက သယ်ဆောင်လာစဉ်။ (ဓါတ်ပုံ- Cox’sbazar news)
 မလေးရှားသို့ လှေစီးပြီး တရားမ၀င်သွားရာမှ မြန်မာနိုင်ငံထဲတွင် ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဘင်္ဂလီ  အမျိုးသား ၇၅ ဦးကို  မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ တရားဝင် လွဲပြောင်း ပေးလိုက်သည်။

ယနေ့ (ဇူလိုင်လ ၁၁) ရက်နေ့ မောင်တောမြို့တွင် ပြုလုပ်သော  မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့တို့၏  အစည်းအဝေး အပြီးတွင် လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့ ၇၅ ဦးသည် လွန်ခဲ့သောနှစ်က ဘင်္ဂလာ-မြန်မာနယ်စပ်မှ တဆင့် တရားမ၀င် မလေးရှားသို့ စက်လှေ တစ်စီးနှင့် သွားရောက်စဉ် လမ်းမှားပြီး မြန်မာရေပိုင်နက်ထဲ ရောက်သွားရာမှ ဖမ်းဆီး ခံခဲ့ကြရသူများ ဖြစ်သည်။

ယခု လွှဲပြောင်းခံရသူ ဘင်္ဂလီများမှာ အနယ် အရပ်ရပ်မှ ဖြစ်ကြပြီး ထိုအထဲတွင် မြန်မာနှင့် နယ်စပ်ချင်း ကပ်နေသော ကောစ်ဘာဇား ခရိုင်မှ ၅၇ ဦး ပါဝင်သည်။

နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ အစည်းအဝေးကို ယနေ့ နံနက်က မောင်တောမြို့ လူဝင်မှုကြီးကြပ်ရေး ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ  တက်ကနက်အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီတပ်ရင်းမှ အရာရှိ ဇာဟီရ်ဟာဆန် ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးတက်ရောက်ပြီး မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦး ဖြစ်သူ ဦးစိုးနိုင်ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့