Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

တပ်သိမ်းမြေတစ်ဧက ကျပ်ခုနစ်သိန်းနှုန်း လျော်ကြေးပေးမည်

 စစ်ကိုင်း၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်အတွင်းရှိ အမှတ် (၈) တပ်မတော် လေ့ကျင့်ရေးတပ်က သိမ်းယူထားသော လယ်မြေဧက ပေါင်း ၆၀၀ ကျော်အတွက် တစ်ဧကလျှင် ကျပ်ခုနစ်သိန်းနှုန်းဖြင့်
တောင်သူများကို လျော်ကြေးအဖြစ် ပေးဆောင်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း အလုပ်သမား လယ်သမားအရေး ကူညီဆောင်ရွက်သူများ အဖွဲ့ (FNI) စစ်ကိုင်းတိုင်းတာဝန်ခံ ဦးတင်နိုင်ထွန်းက ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့ အမှတ် (၈)လေ့ကျင့်ရေး တပ်ခန်းမတွင် တောင်သူများကို ခေါ်ယူညှိနှိုင်းရာ တောင်သူများက တစ်ဧက ကျပ်ဆယ်သိန်းရယူလိုပြီး တပ်မှတစ် ဧက ငါးသိန်းသာ ပေးနိုင်မည်ဟု ပြောဆိုရာ နောက်ဆုံး တစ်ဧက ခုနစ်သိန်းနှုန်းနှင့် ဇူလိုင်လ ၄ ရက်နေ့ အမှတ် (၈) လေ့ကျင့် ရေးတပ်ခန်းမတွင် တောင်သူများကို ခေါ်ယူညှိနှိုင်းကြောင်း အစည်းအဝေးကို တက်ရောက်သည့် ၄င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် အမတ် များ၊ ခရိုင်အုပ်ချုပ်ရေးမှူး များနှင့် အမှတ် (၈) တပ်မတော်လေ့ကျင့်ရေးမှ ဗိုလ်မှူးကြီး မျိုးမင်းနှင့် အသိမ်းဆည်းခံ လယ်သမားစုစု ပေါင်း ၆၀ ဦးတို့ လျော်ကြေးငွေကိစ္စ အတွက် ညှိနှိုင်းခဲ့ရာတွင် လယ်သမားများက လက်ခံခဲ့ကြကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

"အခုရက်ပိုင်းအတွင်း လျော်ကြေးငွေတွေ ချပေးသွားမယ်လို့ ကတိပေးသွား တာပဲ။ တကယ်ပေး မပေးတော့ စောင့်ကြည့်ရဦးမှာ" ဟု ယင်းညှိနှိုင်းမှုတွင် တက်ရောက်သူ လယ်သမားတစ်ဦးက ဆိုသည်။

ရွှေဘိုမြို့နယ် အတွင်းရှိ အမှတ် (၈)တပ်မတော် လေ့ကျင့်ရေးတပ်သည် ၁၉၉၃ ခုနစ်ခန့်တွင် စတင်ထူထောင်ခဲ့ပြီး ရွှေဘိုမြို့နယ် အတွင်းရှိ ပိတ်တောရွာ၊ နမောရွာ၊ ဝါးရုံကုန်းကျေးရွာ၊ ရွာသစ် ကျေးရွာ စသည့် ကျေးရွာပေါင်း ငါးရွာက လယ်မြေဧက စုစုပေါင်း ၆၀၀ ကျော်ကို သိမ်းယူခဲ့ပြီး အဆောက်အအုံများနှင့် လေ့ကျင့်ရေးကွင်းများ ဆောက်လုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့