Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

လောင်စာဆီများကို သယ်ယူ၍ မြို့တွင်း နေရာများ၌ လိုက်လံ ရောင်းချနေသူ အများအပြား ရှိနေ

 မုံရွာ ဇူလိုင် ၆

မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော စက်သုံး လောင်စာဆီ များကို မြို့တွင်း လမ်းမကြီးများ ပေါ်၌ လိုက်လံ၍ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက တားမြစ်ကန့်သတ် ထားသော်လည်း စက်သုံးဆီ ရောင်းသူတချို့သည် နည်းလမ်း မျိုးစုံဖြင့် မြို့တွင်း နေရာများ ၌ လောင်စာဆီ များကို လိုက်လံဖြန့်ဖြူး ရောင်းချလျက် ရှိနေကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

''အနည်းဆုံး ငါးဂါလန် ဝယ်ယူလိုရင် ဖုန်းဆက် လိုက်ပါက အိမ်တိုင်ရာရောက် ချက်ချင်း ပို့ပေးတယ်။ ဆီလာပို့တဲ့ ယာဉ်တွေကလည်း အရေးပေါ် မီးငြှိမ်းသတ် နိုင်တဲ့ မီးသတ် ဆေးဘူးတောင် အသင့် ချိတ်ဆွဲထားတာမျိုး မရှိတော့ ရပ်ကွက်ထဲက လူတွေနဲ့ ဈေးကြီးထဲက ဆိုင်ရှင်တချို့ဟာ မီးဘေး အန္တရာယ်ကို အလွန် စိုးရိမ်နေကြပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ စက်သုံးဆီကို တိုက်ရိုက် လိုက်လံ ဖြန့်ဖြူး ရောင်းချခြင်း မလုပ်ရန် အတွက် မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၁-၃-၂ဝ၁၃ ရက်စွဲပါ စာအမှတ် ၅၄/၄၃-၇၉/ ဦး၆(၁ဝ၆ဝ) အမိန့်စာများ အရ မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှလည်း ၂၂-၃-၂ဝ၁၃ ရက်စွဲပါ စာအမှတ် ၅/၄၃-၂၇၇/ဦး ၆(ဝ၆၃ဝ) အမိန့်စာများ အရ စက်သုံးဆီ များကို သယ်ယူ၍ လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် ထပ်ဆင့်၍ ညွှန်ကြားထား ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းအမိန့်စာများ ပေါ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဈေးများ၊ ယာဉ်ရပ်နားရာ စခန်းများနှင့် စက်မှုဇုန်များ ရှိရာသို့ လိုက်ထရပ် ကားများပေါ်တွင် စက်သုံးဆီ သိုလှောင်ကန်များ တင်ဆောင်၍ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချနေခြင်းမှာ သတ်မှတ် ဥပဒေများနှင့် ကိုက်ညီမှု မရှိသဖြင့် တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက ညှိနှိုင်းလာမှု အပေါ် စက်သုံးဆီ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မရှိစေရေး တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်တုန်းကလို လိုက်ထရပ်ကားနဲ့ လိုက်လံ ဖြန့်ဖြူး ရောင်းချနေတာမျိုးမဟုတ်တော့ပါဘူး။ သုံးဘီးဆိုင်ကယ်နဲ့ လိုက်လံ ဖြန့်ဖြူး ရောင်းချနေတာ မျိုးတော့ ရှိနေပါသေးတယ်၊ အချို့လည်းရိုးရိုးဆိုင်ကယ်နဲ့ လိုက်ပို့နေတာ ရှိပါတယ်။ မီးဘေးအန္တရာယ် ဆိုတာ လိုက်ထရပ်ကားသော၊ သုံးဘီးဆိုင်ကယ်သော မရွေးပါဘူး။လောင်နိုင်ပါတယ်။အားလုံးကို ထိရောက်စွာ တားမြစ်သင့်ပါတယ်''ဟု သလ္လာအမှတ်(၂) ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့