Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 July 2013

ရွှေတိဂုံလုံခြုံရေးအဖွဲ့နှင့် ဓာတ်ပုံ သတင်းထောက် အချင်းများမှု စီစီတီဗီ မှတ်တမ်း မရှိဟုဆို

 ထိုင်းဘုရင့်သမီးတော် သီရိဒုံ ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော် စဉ် ဥရောပသတင်းဓာတ်ပုံဌာန (EPA) ဓာတ်ပုံ သတင်းထောက် ကိုလင်း ဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးရဲအဖွဲ့တို့ ဖြစ်ပွားခဲ့သော အချင်းများမှုနှင့်ပတ်သက်ပြီး စီစီတီဗီ ကင်မရာမှတ်တမ်းများ မရှိကြောင်း ရွှေတိ ဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က ပြောသည်။

”စီစီတီဗီက မိုးတွင်း မိုးကြိုးပစ် ရင် ပျက်ပျက်သွားလို့ပိတ်ထားတယ်။ မျက်မြင်သက်သေရှိပါတယ်”ဟု ဦးဝင်းကြိုင်က ပြော သည်။ ရွှေတိဂုံ စေတီတော်၌ တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများမှာ မိုးကြိုး ပစ်ခံရခြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့ပြီး ၉ လုံးပျက်စီးခဲ့ကြောင်း ၇ လုံး ပြန် လည်တပ်ဆင်ပြီး ဖြစ်ကာ ၂ လုံး ကျန်နေသေးကြောင်း၊ ထိုင်းဘုရင့် သမီးတော်ရွှေတိဂုံစေတီတော်သို့ လာ ရောက်ဖူးမြော်စဉ်ကာလအတွင်းက စီစီတီဗီကင်မရာများသည် မိုးတွင်း ကာလမို့ ပိတ်ထားသည့်ကာလ ဖြစ် ကြောင်း ၄င်းကဆိုသည်။

”စီစီတီဗီကို မိုးကြိုးပစ်တယ်ဆို တာမျိုးက မရှိပါဘူး။ မီးပွိုင့်လို နေရာ မှာ တပ်ထားတဲ့ ကင်မရာတွေတောင် ဘာမှမဖြစ်ပါဘူး” ဟု စီစီတီဗီ ကင်မ ရာ တပ်ဆင်ရေးလုပ်ငန်း လုပ်ကိုင် သော မဟာဗန္ဓုလလမ်းနှင့် ၁၆ လမ်း ထောင့်ရှိ ZEST ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂ ရက် က အလည်အပတ်ခရီးစဉ် လာရောက် ခဲ့သော ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီသီရိဒုံသည် ယင်းနေ့ ညပိုင်း က ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်ခိုက် သတင်းဓာတ်ပုံ ရိုက်ကူး ရန်ကြိုးစားစဉ် စေတီတော်လုံခြုံရေး ရဲအဖွဲ့ဝင်တစ်ဦး၏ တွန်းထိုးမှုကြောင့် လဲကျဒဏ်ရာရရှိခဲ့ပြီး Canon ID Mark III ၌ တပ်ထားသော 70-200 mm F4 L IS USM Lens ခါး လည်မှ ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း EPA သတင်းထောက် ကိုလင်းဘိုဘိုက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သလို ဇူလိုင်လ ၃ ရက် က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အချင်းဖြစ်ပွားမှုအား ဓာတ်ပုံရိုက်ကူးခဲ့သူ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် ကို အောင်နိုင်စိုး (ကစ္ဆပ) က ”ကျွန်တော် ဓာတ်ပုံရိုက်ပြီး ၃ ပုံလောက်ရောက် တော့ လုံခြုံရေးအဖွဲ့ထဲကနေ ဓာတ်ပုံ ဆက်မရိုက်ခိုင်းနဲ့ ရိုက်ရင် ကင်မရာ ရိုက်ခွဲပစ်ကွာဆိုပြီး ပြောတာပါ” ဟု ¤င်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည့်အပေါ် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူ လိုင်လ ၄ ရက်က ရွှေတိဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က မီဒီ ယာနှင့် တွေ့ဆုံရှင်းလင်းခဲ့ရာတွင် ၄င်းတို့ လုံခြုံရေးရဲအဖွဲ့မှ တွန်းထိုး လိုက်သည့် ဖြစ်စဉ်မရှိခဲ့ဘဲ ကိုလင်း ဘိုဘိုအနေဖြင့် သူ့ဘာသာသူ လဲကျ ခြင်းသာဖြစ်ကြောင်းနှင့် ရွှေတိဂုံ စေတီတော်ဘက်မှ ဓာတ်လှေကား အဆင်းတွင် စေတီတော်လုံခြုံရေးရဲအဖွဲ့ဝင်အချို့က ထီးဖြင့်ရိုက်မည် ဟု ချိန်ရွယ်ခဲ့ခြင်း၊ ဓာတ်ပုံရိုက်လျှင် ကင်မရာရိုက်ခွဲမည်ဟု ပြောကြားခဲ့ ခြင်း မရှိခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စီစီတီဗီ မှတ်တမ်းများ မရှိသော်လည်း မျက် မြင်သက်သေများအား မေးမြန်းထား မှုအပေါ်အခြေခံ၍ ပြော ဆိုခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။

သို့သော် ယင်းမျက်မြင်သက်သေ များ၏ ပြောကြားချက်သည် အလုံးစုံ မှန်ကန်သည်ဟု မဆိုနိုင်သလို ဖြစ်စဉ် တင်ပြချက်သည် တထစ်ချ မှန် ကန်မှု မရှိနိုင်ကြောင်း တစ်စုံတစ်ခုသော အကြောင်းများကြောင့် ဖုံးကွယ်ထားမှု များလည်း ရှိနိုင်ကြောင်း ၄င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖြစ်စဉ် အပေါ် မျက်မြင်သက်သေဟုဆိုသော ပုဂ္ဂိုလ် ၆ ယောက်အား ဇူလိုင်လ ၅ ရက်က မီဒီယာများနှင့် တွေ့ဆုံပေးခဲ့ သော်လည်း ဓာတ်ပုံရိုက်ကူးခွင့်ကို သာ ပြုခဲ့ပြီး မေးခွန်းမေးမြန်းခွင့်မပြုခဲ့ပေ။

ယင်းမှာ မီဒီယာများ၏ မေးမြန်းမှု အပေါ်မျက်မြင်သက်သေများ အနေ ဖြင့် အတွေ့အကြုံ မရှိခြင်းေ ကြာင့် ဖြေကြားနိုင်ခြင်း မရှိမည်စိုးရိမ်၍ ဖြေကြားခွင့် မပြုခြင်းဖြစ်ကြောင်း၊ ယင်းမှာ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ဆုံးဖြတ်ချက်ဖြစ်ပြီး အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂေါပက အဖွဲ့ ၏ ဖြေကြားချက်သည်သာ တရားဝင် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်စလုံးမှ မီဒီယာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သော်လည်း တွေ့ဆုံပြော ဆိုဖြစ်ခဲ့သော အကြောင်းများကို ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို အား ပြန်ရှင်း ပြပေးသွားမည်ဟု စာနယ်ဇင်း ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဦး နှစ်ဖက်စလုံးမှ အပြန်အလှန် တရားစွဲ ဆိုသွားမည်ဟု ဆိုထားသော်လည်း အမှုဖွင့်ခြင်းမျိုး မရှိသေးပေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့